အမေရိကန်ဘဲငန်းတွေကို အုပ်စုလိုက် အများဆုံးတွေ့နိုင်တဲ့
ပြည်နယ်တွေကတော့ အာကင်ဆက် (Arkansas)၊ ကာလီဖိုးနီးယား (California)၊
လူဝစ်စီယာနာ (Louisiana)၊ မစ်စစ်စပီ (Mississipi) နဲ့ တက်ဆက် (Texas)
ပြည်နယ် တွေဘဲဖြစ်တယ်။ အမေရိကားရဲ့နွေဦး (Spring Season) ရာသီလတွေဖြစ်တဲ့
မတ်လနဲ့ ဧပြီလတွေမှာ အမေရိကန်ဘဲငန်း တွေ သားပေါက်လေ့ရှိကြပါတယ်။
နွေဦးလွန်မြောက် နွေရာသီ(Summer Season)ရောက်တဲ့အချိန်မှာတော့
မျိုးဆက်သစ် တွေနဲ့ မျိုးဆက်ဟောင်း ဘဲငန်းတွေအားလုံး
စားသောက်စရာပေါများတဲ့ ဒေသတွေကိုရွေးချယ်ပြီး မိသားစု အတူတကွ
ပျော်ပျော်ရွှင်ရွှင် အနားယူကြပါတော့တယ်။
စက်တင်ဘာ၊ အောက်တိုဘာ ကာလတွေမှာတော့ အမေရိကန်ဘဲငန်းတွေဟာ ခရီးရှည်အများဆုံး ပျံသန်းကြ ပါတယ်။ အဲဒီအချိန်ဟာ အမေရိကန်နိုင်ငံရဲ့ နွေနှောင်းရာသီ(Fall Season)လည်း ဖြစ်တယ်။ မကြာခင် ရောက်ရှိလာ တော့မယ့် ဆောင်းရာသီ(Winter Season)အတွက် နယ်မြေသစ် ရှာဖွေကြတာလည်း ဖြစ်တယ်။ အမေရိကားက သုတေသီတွေကတော့ အိပ်တန်းပြန်ချိန်လို့ တင်စားကြတယ်။ ဆောင်းအကုန် နွေအကူးမှာ အိပ်တန်းက ထွက်ခွါလာခဲ့ ကြတဲ့ အမေရိကန်ဘဲငန်းတွေဟာ သူတို့ရဲ့ မူရင်းဒေသကို ပြန်ကြတာလို့လည်း ဆိုပါတယ်။
သစ်ရွက်ဝါချိန်ဖြစ်တဲ့ နွေနှောင်း(Fall Season)ဟာ အင်းဆက်ပိုးမွှားတွေ အလွန်ပေါပါတယ်။ ဒါကြောင့် ငှက်မျိုးစုံနဲ့ အမေရိကန်ဘဲငန်းတွေဟာ နေရာအနှံ့ ပျံသန်းမြူးတူးပျော်ပါးရင်း
ပိုးမွှားတွေ၊ ရေထဲက ငါးတွေကို ရှာဖွေစားသောက်ကြ တယ်။ ရာနဲ့ချီတဲ့
အမေရိကန်ဘဲငန်းတွေဟာ မိုးကောင်းကင်ပေါ်မှာ တနေရာနဲ့ တနေရာ ဗွီပုံသဏ္ဍာန်
အုပ်စုဖွဲ့ပြီး ပျံသန်း ကြတာကို အများဆုံးမြင်တွေ့နိုင်တဲ့ ရာသီပါဘဲ။
ခေါင်းဆောင်လုပ်သူ ဘဲငန်းဟာ ဗွီပုံသဏ္ဍာန် အချွန်ထိပ်ကနေ ဦးဆောင် ပျံသန်းပြီး
ကျန်တဲ့ ဘဲငန်းတွေအားလုံးက ဗွီပုံသဏ္ဍာန်အတိုင်း အလိုက်သင့် နောက်က
လိုက်ကြပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလတွေရဲ့ ညနေဆည်းဆာမှာ အဲဒီလို
ပျံသန်းနေတဲ့ ဘဲငန်းအုပ်စုကြီးတွေကို မြင်တွေရတဲ့အခါ တကယ့်ကို
ရင်မှာကြည်နူးရပါတယ်။
ရှေ့က ဦးဆောင်ပျံသန်းတဲ့ခေါင်းဆော င်ဟာ အတောင်ညောင်းလာတဲ့အခါ အနောက်ဘက်ကို ရွေ့ပေးလိုက်ပြီး သူ့နောက်က ဘဲငန်းက ခေါင်းဆောင်နေရာကိုယူကာ ဆက်လက်ဦးဆောင်ပျံသန်းကြပါတယ်။
သူတို့ဆီမှာ အိုနေတဲ့ ဘဲငန်းဟာ ဘယ်တော့မှ ခေါင်းဆောင်နေရာမှာ မနေပါဘူး။
ဒါကြောင့် ပျံသန်းနေတဲ့ခရီးစဉ်ရဲ့ ခေါင်းဆောင်ဟာ ကျန်းမာ ကြံ့ခိုင်ပြီး
သန်စွမ်းတဲ့သူသာဖြစ်တယ်။ ဒါကြောင့်လည်း အမေရိကန်ဘဲငန်းတွေဟာ
မိုင်ထောင်နဲ့ချီတဲ့ ခရီးတွေကို မနားတမ်း ပျံသန်းနိုင်ကြတာဖြစ်တယ်။
တနာရီကို မိုင် ၄၀ ကနေ မိုင် ၆၀ အမြန်းနှုန်းအထိ ပျံသန်းနိုင်ကြတယ်။ အမြင့်ပေ ၉၀၀၀ (ကိုးထောင်) အထိ မြင့်တက်ပျံသန်းနိုင်ကြပြီး
အမြင့်ပေ ၃၀၀၀ (သုံးထောင်) အကွာအဝေးကနေ မြေပြင်မှာရှိတဲ့ အရာဝတ္ထုကို
ကောင်းစွာမြင် နိုင်ပါတယ်။ အမေရိကန်ဘဲငန်းတွေဟာ နွေနှောင်းရာသီ(Fall
Season)နဲ့ ဆောင်းရာသီ(Winter Season)တို့မှာ ခရီးရှည် ပျံသန်းကြတာများပြီး
တခါတရံ မိုင် ၃၀၀၀(သုံးထောင်) အကွာအဝေးအထိ အုပ်စုလိုက် ပြောင်းရွေ့ပျံသန်း
သွားကြတာကို တွေ့နိုင်ပါတယ်။ မြေပြင်ကို ပြန်လည်ဆင်သက်ကြတဲ့အခါ မြေပြင်ကနေ
၂၅-ပေမှ ၃၅-ပေ အကွာအဝေး ရောက်မှသာ အတောင်ပံနှစ်ဖက်ကိုကုတ်ပြီး အရှိန်သတ်လေ့ရှိကြတယ်။
အုပ်စုဖွဲ့ ပျံသန်းရင်း တနေရာရာကို ဆင်းသက်ကြတော့မယ်ဆိုရင် ဦးဆောင်နေသူခေါင်းဆောင်က စတင်ပြီး ကျယ်လောင်တဲ့ အော်သံတခုနဲ့ အော်မြည်အချက်ပေးလိုက်ပါတယ် ။
အဲဒီအခါ နောက်က လိုက်နေတဲ့ ဘဲငန်းတွေက တကောင်ပြီးတကောင်
ဆက်တိုက်လိုက်အော်ကြပြီး ဆူညံသွားတဲ့အချိန်မှာတော့ မြေပြင် သို့မဟုတ်
ရေပြင်ပေါ်ကို စတင် အုပ်စုဖွဲ့ ပျံဆင်းကြပါတော့တယ်။
မင်းကျော်ကျော်ထွန်း (မော်လမြိုင်)
ခေတ္တအမေရိကား
၂၀၁၃-ခုနှစ်၊ ဇွန်လ ၁၁-ရက်၊ အင်္ဂါနေ့။
စက်တင်ဘာ၊ အောက်တိုဘာ ကာလတွေမှာတော့ အမေရိကန်ဘဲငန်းတွေဟာ ခရီးရှည်အများဆုံး ပျံသန်းကြ ပါတယ်။ အဲဒီအချိန်ဟာ အမေရိကန်နိုင်ငံရဲ့ နွေနှောင်းရာသီ(Fall Season)လည်း ဖြစ်တယ်။ မကြာခင် ရောက်ရှိလာ တော့မယ့် ဆောင်းရာသီ(Winter Season)အတွက် နယ်မြေသစ် ရှာဖွေကြတာလည်း ဖြစ်တယ်။ အမေရိကားက သုတေသီတွေကတော့ အိပ်တန်းပြန်ချိန်လို့ တင်စားကြတယ်။ ဆောင်းအကုန် နွေအကူးမှာ အိပ်တန်းက ထွက်ခွါလာခဲ့ ကြတဲ့ အမေရိကန်ဘဲငန်းတွေဟာ သူတို့ရဲ့ မူရင်းဒေသကို ပြန်ကြတာလို့လည်း ဆိုပါတယ်။
သစ်ရွက်ဝါချိန်ဖြစ်တဲ့ နွေနှောင်း(Fall Season)ဟာ အင်းဆက်ပိုးမွှားတွေ အလွန်ပေါပါတယ်။ ဒါကြောင့် ငှက်မျိုးစုံနဲ့ အမေရိကန်ဘဲငန်းတွေဟာ နေရာအနှံ့ ပျံသန်းမြူးတူးပျော်ပါးရင်း
ရှေ့က ဦးဆောင်ပျံသန်းတဲ့ခေါင်းဆော
တနာရီကို မိုင် ၄၀ ကနေ မိုင် ၆၀ အမြန်းနှုန်းအထိ ပျံသန်းနိုင်ကြတယ်။ အမြင့်ပေ ၉၀၀၀ (ကိုးထောင်) အထိ မြင့်တက်ပျံသန်းနိုင်ကြပြီး
အုပ်စုဖွဲ့ ပျံသန်းရင်း တနေရာရာကို ဆင်းသက်ကြတော့မယ်ဆိုရင် ဦးဆောင်နေသူခေါင်းဆောင်က စတင်ပြီး ကျယ်လောင်တဲ့ အော်သံတခုနဲ့ အော်မြည်အချက်ပေးလိုက်ပါတယ်
မင်းကျော်ကျော်ထွန်း (မော်လမြိုင်)
ခေတ္တအမေရိကား
၂၀၁၃-ခုနှစ်၊ ဇွန်လ ၁၁-ရက်၊ အင်္ဂါနေ့။
No comments:
Post a Comment