မိုးသူ | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၂၁ မိနစ်
နယူးဇီလန် အခြေစိုက် NHNZ TV မှ မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာများ နှင့်ပတ်သက်ပြီး မှတ်တမ်း ရုပ်ရှင်ကို သြဂုတ် ၂ ရက်မှ ၁၂ ရက်အထိလာရောက်ရိုက်ကူးခဲ့ကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူက မဇ္ဈိသို့ ဖြေကြားခဲ့သည်။
ယင်းရိုက်ကူးမှုတွင် နယူးဇီလန်မှ Mr. Ronald Alfred ဦးဆောင်သည့် အဖွဲ့ဝင်ရှစ်ဦးပါဝင်ခဲ့ပြီး မိုးကုတ်ဒေသရှိ ကျောက်မျက်ထွက်ရှိရာနေရာများသာမ က ရန်ကုန်နှင့်မန္တလေးရှိ ထင်ရှားသည့်နေရာများကိုပါ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
“နယူးဇီလန်နိုင်ငံက အခု ၂၀၁၃ ခုနှစ်ထဲမှာ အဖွဲ့နှစ်ဖွဲ့လာပါတယ်။ ပထမအဖွဲ့က အင်းလေးဒေသ ကြာမျှင် ပိုးထည် အကြောင်းကို လာရိုက်တာပါ။ အခုအဖွဲ့ကတော့ မိုးကုတ်က မြန်မာ့ကျောက်မျက်ကို လာပြီး ရိုက်တာပါ။ အခုနောက်ပိုင်းရိုက်တာက ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ အခြားထင်ရှားတဲ့နေရာတွေ တင်မက ကချင်တို့၊ မိုးကုတ်
ဒေသတွေလည်း လာရောက်ရိုက်ကူးလာတာတွေ့ရပါတယ်။
နောက်ထပ်လာရောက်ရိုက်ကူးမယ့် နိုင်ငံနှစ် နိုင်ငံတော့ရှိပါတယ်။ သူတို့က နေရာပဲကြည့်သွားကြတာ။ သိပ်တော့ မသေချာသေးဘူး”ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။
ယင်းကဲ့သို့ မိုးကုတ်ဒေသအား ပြည်ပနိုင်ငံများမှ မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှုမှာ ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ရိုက်ကူးမှုကို Victory Radiance Trading Co., Ltd. မှရိုက်ကူးခဲ့ပြီး ဦးနေ၀င်းထွန်း အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူး ခဲ့သည်။
ယခုလာရောက်ရိုက်ကူးသည့် NHNZ TV အား FOX နိုင်ငံတကာရုပ်သံလိုင်းပိုင် ရုပ်သံလိုင်းဖြစ်ပြီး Documentary ရိုက်ကူးမှုကို အထူးအလေးပေးတင်ဆက်သည့်အဖွဲ့ဖြစ် ကာ နိုင်ငံတကာတွင်လည်း Grammy ဆုနှစ်ခု၊ ရုပ်ရှင် ထုတ်လုပ်ရေးလောကမှာ အမြင့်ဆုံးဆုများ
အပါအ၀င် ဆုပေါင်း ၃၀၀ ကျော်ရရှိ ခဲ့သည်။ NHNZ သည် Discovery Channel၊ Animal Planet၊ Discovery Science၊ A&E Television Networks၊ National Geographic Channel၊ Travel Channel၊ NHK (ဂျပန်)၊ France 5 and ZDF (ဂျာမနီ) စသော ရုပ်သံလိုင်းများနှင့် ပူးပေါင်း လုပ်ကိုင် လျက်သည်။
နယူးဇီလန် အခြေစိုက် NHNZ TV မှ မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာများ နှင့်ပတ်သက်ပြီး မှတ်တမ်း ရုပ်ရှင်ကို သြဂုတ် ၂ ရက်မှ ၁၂ ရက်အထိလာရောက်ရိုက်ကူးခဲ့ကြောင်
ယင်းရိုက်ကူးမှုတွင် နယူးဇီလန်မှ Mr. Ronald Alfred ဦးဆောင်သည့် အဖွဲ့ဝင်ရှစ်ဦးပါဝင်ခဲ့ပြီး မိုးကုတ်ဒေသရှိ ကျောက်မျက်ထွက်ရှိရာနေရာများသာမ
“နယူးဇီလန်နိုင်ငံက အခု ၂၀၁၃ ခုနှစ်ထဲမှာ အဖွဲ့နှစ်ဖွဲ့လာပါတယ်။ ပထမအဖွဲ့က အင်းလေးဒေသ ကြာမျှင် ပိုးထည် အကြောင်းကို လာရိုက်တာပါ။ အခုအဖွဲ့ကတော့ မိုးကုတ်က မြန်မာ့ကျောက်မျက်ကို လာပြီး ရိုက်တာပါ။ အခုနောက်ပိုင်းရိုက်တာက ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ အခြားထင်ရှားတဲ့နေရာတွေ တင်မက ကချင်တို့၊ မိုးကုတ်
ဒေသတွေလည်း လာရောက်ရိုက်ကူးလာတာတွေ့ရပါတယ်။
နောက်ထပ်လာရောက်ရိုက်ကူးမယ့် နိုင်ငံနှစ် နိုင်ငံတော့ရှိပါတယ်။ သူတို့က နေရာပဲကြည့်သွားကြတာ။ သိပ်တော့ မသေချာသေးဘူး”ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။
ယင်းကဲ့သို့ မိုးကုတ်ဒေသအား ပြည်ပနိုင်ငံများမှ မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှုမှာ ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ရိုက်ကူးမှုကို Victory Radiance Trading Co., Ltd. မှရိုက်ကူးခဲ့ပြီး ဦးနေ၀င်းထွန်း အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူး ခဲ့သည်။
ယခုလာရောက်ရိုက်ကူးသည့် NHNZ TV အား FOX နိုင်ငံတကာရုပ်သံလိုင်းပိုင် ရုပ်သံလိုင်းဖြစ်ပြီး Documentary ရိုက်ကူးမှုကို အထူးအလေးပေးတင်ဆက်သည့်အဖွဲ့ဖြစ်
အပါအ၀င် ဆုပေါင်း ၃၀၀ ကျော်ရရှိ ခဲ့သည်။ NHNZ သည် Discovery Channel၊ Animal Planet၊ Discovery Science၊ A&E Television Networks၊ National Geographic Channel၊ Travel Channel၊ NHK (ဂျပန်)၊ France 5 and ZDF (ဂျာမနီ) စသော ရုပ်သံလိုင်းများနှင့် ပူးပေါင်း လုပ်ကိုင် လျက်သည်။
No comments:
Post a Comment