Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 19, 2013

ကြက်ဟင်းခါးသီးနှင့်ပုစွန်ကြော်




ကြက်ဟင်းခါးသီးကို နှစ်ခြမ်းခွဲပြီး အစိများကိုထုတ်ပါ။ပြီးလျှင်မထူမပါးလှီးကာ အခါးပြောက်အောင် ဆားများများနှင့်တစ်နာရီလောက်ရေစိမ်ထားပါ။ ထို့နောက် ရေစိမ်ထားသော ကြက်ဟင်းခါးသီးကို ရေအထပ်ထပ်နှင့်သုံးပြန်လောက် ရေပြန်ဆေးပြီး ရေစစ်ထားပါ။ပုစွန်ကို အခွံခွါပြီး ဆား၊နနွင်း နှင့်နယ်ထားပါ။ကြော်မည့်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ပါးပါးလှီးထားသော ကြက်သွန်နီနှင့်နနွင်းအနည်းငယ်တို့ ထည့်ကြော်ပါ။ ကြက်သွန်နီရွှေရောင်သမ်းလာပါက ပုစွန်ထည့်၍ မွှေပြီးလျှင် ရေစစ်ထားသော ကြက်ဟင်းခါးသီးများကို ထည့်ပြီးမွှေပေးပါ။ကြက်ဟင်းခါးသီးများ နူးလာလျှင် အပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှဆား၊အသားမှုန့်တို့ကိုထည့်ပါ။အရသာရှိသော ကြက်ဟင်းခါးသီးနှင့်ပုစွန်ကြော် မွှေးမွှေးလေးသုံဆောင်လို့ ရပါပြီရှင်။

No comments:

Post a Comment