Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 5, 2013

ထန်းသီးမုန့်ပြုလုပ်နည်း


ထန်းသီးမှည့် 
ထန်းသီးမုန့်ပြုလုပ်ရန် လိုအပ်သည် ပစ္စည်းများ
ငစိန်ဆန် ၁ ပြည်၊ ထန်းသီးမှည့်ကြီးကြီး ၃ လုံး၊ စားဆော်ဒါ (စတီးဇွန်း) ၄ ဇွန်း၊ သကြား ၆၀ ကျပ်သား၊ အုန်းသီး ၂ လုံး၊ ဆား အနည်းငယ်တို့ လိုအပ်ပါတယ်။
ပြုလုပ်နည်း ....
ဆန်ကိုရေစင်ကြယ်စွာဆေး၍ ထောင်းပါ။ ဆန်ခါချပေးပါ။ ယင်းအမှုန့် ထဲသို့ ထန်းသီးမှည့်များ အခွံခွာ၍ အနှစ်ကို ဆန်ခါနှင့်တိုက်ချပါ။ ယင်းနောက် သကြား၊ စားဆော်ဒါတို့ ရောထည့်၍ သမအောင်နယ် ပေးပါ။ နယ်ပြီးလျှင် မုန့်များပွလာစေရန် လေးနာရီခန့် ပိတ်စဖြင့် ဖုံးထားပါ။ မုန့်ပေါင်းလိုသောအခါ ရေနွေးအိုးတွင် စလောင်းဖုံးပြီး နာရီဝက်ခန့်ပေါင်းပါ။ မုန့်နပ်သောအခါ ကြိုက်သလိုဓားနှင့်လှီး၍ ခြစ်ထားသော အုန်းသီးများဖြူး၍ သုံးဆောင်ကြပါသည်။ သကြားအစား ထန်းလျက်နှင့်လည်း လုပ်နိုင်ပါသည်။

No comments:

Post a Comment