Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 23, 2013

စင်ကာပူတွင်ပြသမည့်“လက်ပံ”

စင်ကာပူတွင်ပြသမည့်“လက်ပံ” ဇာတ်ကားတွင် ကံစမ်းမဲထည့်သွင်း

ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၂၆ မိနစ်

ဒါရိုက်တာဝိုင်းရိုက်ကူးပြီး ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဖွေးဖွေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့်“လက်ပံ” ရုပ်ရှင် ဇာတ်ကားကို စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၃ ရက်တွင် Kreta Ayer People Theatre တွင် ညနေ ၃ နာရီနှင့် ညနေ ၅ နာရီ ၃၀ မိနစ်တို့တွင် ပြသမည်ဖြစ်သည်။ ယင်းပြသမည့်ရက်တွင် လာရောက်ကြည့် ရှုသည့် ပရိသတ်များထဲမှ တစ်ပွဲလျှင်သုံးယောက်စီအား ကံစမ်းမဲဖောက်ရွေးချယ်ကာ ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ ဖွေးဖွေး တို့နှင့် ညစာအတူ သုံးဆောင်ခွင့်ရရှိမည်ဖြစ်သည်။

“ကံစမ်းမဲဖောက်မည့်အစီအစဉ်တွေ၊ တခြားအစီအစဉ်တွေတော့ အသေးစိတ်မသိပါဘူး။ အောက်တိုဘာမှာ “လက်ပံ”ဇာတ်ကားကို စင်ကာပူမှာသွားပြခွင့်ရတာကလည်း လောလောဆယ် ဟိုမှာရှိနေတဲ့ မြန်မာပရိသတ်တွေ ကိုပဲ အဓိကထားပြီးသွားပြတဲ့သဘောပါ။ ရှေ့က “အာဒံ၊ ဧ၀၊ ဒသ” ဇာတ်ကားကလည်း အဲဒီမှာအောင်မြင်ထား တာလည်းရှိတယ်။ ဒါပေမဲ့ စင်ကာပူမှာ မြန်မာဇာတ်ကားတွေ အပတ်တိုင်းရုံတင်နိုင်အောင် ကြိုးစားနိုင်မှ သာလျှင် ဈေးကွက်တစ်ခုကိုရရှိမှာပါ။ ကြိုကြားကြိုကြားပြသရုံနဲ့တော့ ဈေးကွက် ကြီးဖြစ်လာပြီးလို့ ပြောလို့ မရသေးပါဘူး။ အဲဒါကိုသွားပြဖို့ ယုံကြည်မှုမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရုပ်အသံစနစ်က လွန်ခဲ့တဲ့လေးနှစ်က
ရိုက်ထားတာဆိုတော့ အရည်အသွေးအနေနဲ့ ဒီဘက်နှစ်ပိုင်း အရည်အသွေးနဲ့ဆိုရင် ယုံကြည်မှုမရှိလို့ပါ” ဟု ဒါရိုက်တာ ၀ိုင်းက ဆိုသည်။

စိန်ဌေးဗီဒီယိုထုတ်လုပ်ရေးမှ တင်ဆက်သည့် ၎င်းရုပ်ရှင်အား ဇူလိုင်လအတွင်းက ပြည်တွင်းရှိ ရုပ်ရှင်ရုံများတွင် စတင်ကာ ရုံတင်ပြသခဲ့ပြီး ဖခင်အားနာကြည်းမုန်းတီးသည့် မိန်းကလေးငယ်တစ်ဦးအကြောင်းကို အဓိကထား တင်ဆက်ထားသည့်ဇာတ်ကားဖြစ်သည်။

ယင်းဇာတ်ကားတွင်ပါဝင်သည့် မင်းသား ပြေတီဦးက “အဲဒီပွဲပြသတဲ့နေ့
ရောက်ရင် အမှတ်တရလက်မှတ်ထိုးတာတို့၊ ပရိသတ်တွေနဲ့ စကားပြောတာတွေလုပ်ဖို့ သွားရောက်မှာပါ။ စင်ကာပူ က မြန်မာတွေကိုပဲ အဓိကပြမှာပါ။ ကံစမ်းမဲဖောက်ပြီး ပရိသတ်တွေနဲ့ ညစာအတူသုံးဆောင်တဲ့ အစီအစဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး”ဟု ဆိုသည်။

အဆိုပါဇာတ်ကားသည် မြားစစ်သည်၏ ကျိန်စာသင့်လက်ပံဝတ္ထုအား သီဟစိုးက ဇာတ်ညွှန်းခွဲထားခြင်းဖစ်ပြီး စင်ကာပူနိုင်ငံတွင် လက်မှတ်တစ်စောင်လျှင် စင်ကာပူဒေါ်လာ ၁၂၅ ဒေါ်လာဖြင့် ပြသရန်စီစဉ် ထားခြင်းဖြစ်သည်။

No comments:

Post a Comment