Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 18, 2013

ဝါရှင်တန်  သြဂုတ်  ၁၇
Olinguito ဟု အမည် ပေးထားသော ချစ်စရာကောင်းသည့် နို့တိုက်သတ္တဝါ မျိုးစိတ်သစ် တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အမေရိကန် သုတေသီများက သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ နို့တိုက်သတ္တဝါသည် ဝက်ဝံများ၊ ကြောင်များနှင့် ခွေးများ အပါအဝင် ကြီးမားသော သတ္တဝါအုပ်စုတွင် ပါဝင်ပြီး အရွယ်အစားမှာ ရက်ကွန်းဝံ တစ်ကောင်၏ အရွယ်အစားနှင့် တူညီသည်ဟု သိရသည်။
၎င်း နို့တိုက်သတ္တဝါများသည် အီကွေဒေါနိုင်ငံနှင့် ကိုလံဘီယာ နိုင်ငံတွင်းရှိ တောင်ထူထပ်သော တောအုပ် ကြီးများအတွင်းရှိ သစ်ပင်များတွင် ညအချိန်၌ ခုန်ပေါက်ဖြတ်သန်း သွားလေ့ရှိကြောင်း သုတေသီ တစ်ဦး ဖြစ်သူ ဟဲလ်ဂန်က ပြောကြားသည်။
Olinguito နို့တိုက်သတ္တဝါ များသည် အရွယ်အစား သေးငယ်သော်လည်း မျက်နှာမှာ ကစားစရာ ဝက်ဝံရုပ် နှင့်တူညီပြီး အမြီးတိုကာ အလွန်သေးငယ်သော နားရွက်များရှိ၍ နက်မှောင်ထူထဲသော အမွေးများ ပါရှိ ကြောင်း ဟဲလ်ဂန်က ပြောကြားသည်။
ထို့အပြင် ၎င်း မျိုးစိတ်နို့တိုက်သတ္တဝါများသည် ခန္ဓာကိုယ် အလေးချိန် ၂ ပေါင်ခန့်သာရှိပြီး အသီးအနှံများကို ၎င်းတို့၏ အစာအဖြစ် စားသုံးကြောင်း၊ တစ်ကြိမ်လျှင် တစ်ကောင်သာ သားပေါက်ကြောင်းနှင့် ညဘက်အချိန် တွင်သာ ကျင်လည်ကျက်စားလေ့ ရှိကြောင်း ဟဲလ်ဂန်က ထပ်လောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment