ဆေးဝါးတချို့ သောက်ထားပါက နေရောင်ခြည်ဒဏ်ကို ပိုမိုခံရနိုင်ပြီး နာကျင်တဲ့ နေလောင်ဒဏ်ရာ ရရှိတတ်ပါတယ်။ ဒါကြောင့် အောက်ပါ ဆေးဝါးတွေ သောက်ထားတဲ့အခါ လုံခြုံတဲ့ အဝတ်အစား ဝတ်ထားတာမျိုး၊ နေရောင်ကာခရင်မ်ကို ထူထူထဲထဲ လိမ်းတာမျိုးနဲ့ ဂရုစိုက်ပေးရပါမယ်။
• တက်ထရာဆိုက်ကလင်းလို ပဋိဇီဝပိုးသတ်ဆေးများ၊
• သွေးတိုးရောဂါအတွက် အသုံးပြုတဲ့ ဘီတာဘလော့ကာဆေးဝါးများ၊
• သွေးဖိအားတိုးခြင်းအတွက် အသုံးပြုတဲ့ဆီးဆေးများ၊
• ပဋိသန္ဓေတားဆေးသောက်ဆေးများ၊
• Rectin-A ဒါမှမဟုတ် ရက်တီနောဓာတ်ပါဝင်တဲ့ အရေးကြောင်း ပျောက်ဆေးများနဲ့ ဝက်ခြံပျောက်ဆေးများ၊
• Ibuprofen နဲ့ အက်စပရင်တို့လို အကိုက်အခဲ ပျောက်ဆေးများ စတာတွေ ဖြစ်ကြပါတယ်။
နေလောင်ဒဏ်ခံရလျှင်
ဒီဆေးတွေသောက်ပြီး နေလောင်ဒဏ်ခံရပါက အရေပြားအရောင်ပန်းရောင်သမ်း
နေလောင်ဒဏ်ရာ ပြင်းထန်ရင် အရေပြားရောင်ရမ်းမှု ဖြစ်လာပါလိမ့်မယ်။ နေရောင်ခြည်နဲ့ ထိပြီး ၁၂ နာရီအတွင်း အရေပြားဆဲလ်တွေ စတင်သေဆုံးကာ အရေပြားအရောင် နီရဲနာကျင်လာနိုင်ပါတယ်။
ဒါကြောင့် အစကတည်းက နေလောင်ဒဏ်ကို ကာကွယ်တဲ့အနေနဲ့ UV-A ကော UV-B ရောင်ခြည်ကိုပါ ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာ ခရင်မ်ကို လိမ်းပေးဖို့ အရေးကြီးပါတယ်။
Mg Mandalay စာကြည့်ခန်း
Mg Mandalay
No comments:
Post a Comment