Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

ကနေဒါ ကမ်းခြေ သောင်းကျန်းနေသည့် ငန်းရိုင်းများ စက်ရုပ်ယာဉ်ဖြင့် ခြောက်လှန့်




ကနေဒါနိုင်ငံ၏ ထင်ရှားသော အော့တဝါ ကမ်းခြေတွင် ငန်းရိုင်း အုပ်စုများ ကျရောက်နေခြင်းကြောင့် စက်ရုပ် ရဟတ်ယာဉ်ဖြင့် ခြောက်လှန့် မောင်းနှင် ထုတ်နေရကြောင်း AFP သတင်းတွင် ရေးသား ထားသည်။

ပန်ကာ ခြောက်လုံးပါ ထိုစက်ရုပ် ရဟတ်ယာဉ်သည် အရွယ်အစား ၂၆ လက်မ ရှိပြီး၊ အဝေးထိန်း စနစ်ဖြင့် မောင်းနှင်ရကာ နံနက် အရုဏ်တက်ချိန်မှ ည မိုးချုပ်သည့်တိုင် ထိုစက်ရုပ် ယာဉ်များကို ကမ်းခြေ တစ်လျှောက် မောင်းနှင်နေရကြောင်း ယင်းသတင်းက ဆိုသည်။

ငန်းရိုင်းများ အညစ်အကြေးများ စွန့်ခဲ့ခြင်းကြောင့် ကမ်းခြေ တစ်လျှောက် ရေထု ညစ်ညမ်းခြင်း ဖြစ်သဖြင့် ထိုသို့ ခြောက်လှန့်သည့် စနစ်ကို အသုံးပြုကာ မောင်းထုတ်နေရခြင်း ဖြစ်ကြောင်း မြို့တော်ဝန် ဘော့မွန်နက်တီက ပြောကြားသည်။

http://www.cbc.ca/news/canada/british-columbia/story/2013/08/20/ottawa-hires-tech-geek-to-scare-away-geese-at-park.html

No comments:

Post a Comment