“ဘယ်သူ ကိုယ့်လောက်ချစ်သလဲ” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုရရှိစဉ်ကတော့ ဆေးကျောင်းသူလေး၊ ဂီတကို မြတ်နိုးခုံမင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူ
မဖြူ အခုလတ်တလောလှုပ်ရှားမှုနဲ့ပတ်သက်ြ
အခုက ဖြူရဲ့ “မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်” DVD ကို စက်တင်ဘာ လလယ်လောက် မှာထွက်ဖို့ အစီအစဉ်ရှိတယ်။ City FM 11th အတွက် ကိုယ်ပိုင်သံစဉ်သီချင်း တစ်ပုဒ်ဆိုထားတာ MTV ထွက်နေပြီ။ DVD ကိုတော့ ၁၀ လပိုင်းလောက်ထွက်မယ်လို့ ပြောတယ်။ အခုလတ်တစ်လောက အိမ် မက်ဆုံရာ Season 7 မှာ ဒိုင်လုပ်နေတယ်။ ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော်အခွေ နှစ်ခွေလုပ်နေတယ်။ တစ်ခွေက Lazy Club နဲ့ လုပ်နေ တယ်။ နောက်တစ်ခွေကကျတော့ ထွက်ခါနီးမှ ပရိသတ်ကိုပြောမယ်။ ပုံစံအသစ်တွေ ဖြစ်ဖို့များတယ်။ အဲဒီအခွေနှစ်ခွေစလုံးကို ၂၀၁၄ ခုနှစ်မှ ထွက်ဖို့ရည်ရွယ်ထားပေမယ့် တစ်ခွေကို နှစ်ကုန်ပိုင်းမှထုတ်မယ်။ Rock သီးသန့် ထွက်ဖို့များတယ်။ ကိုယ်ပိုင်သံစဉ်တွေချည်းပါပဲ။ သီ ချင်းရေးတဲ့သူရော၊ တီးတဲ့သူတွေရော အကုန်လုံး အသစ်တွေချည်းပါပဲ။ အကုန်လုံးကို လူငယ်တွေနဲ့ပဲ လုပ်ထားပါတယ်။ အရင်အခွေတွေထက် တော်တော်
လေးကွာဟသွားမှာပါ။
MTV Exit နဲ့ပတ်သက်ပြီး ဘယ်အပိုင်းတွေကို လက်တွဲလုပ်ဆောင်နေလဲ။
ဒီနှစ်အတွက်ကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သ
နေပြည်တော်ကို ခဏခဏသွားပြီး အစည်းအဝေးတွေလုပ်နေကြတယ်။ ပြီးခဲ့တဲ့လက လူကုန်ကူးမှုကနေပြီး လွတ်မြောက်လာတဲ့လူတွေကို နှစ်သိမ့်ဆွေးနွေးတဲ့ဆွေးနွေးပွ
လည်း ပါတယ်။ သူတို့တွေ ကတော့ ကျောင်းစတက်နေတဲ့
အခြေအနေရှိတယ်။ အစ်မတို့တွေလည်း စကားပြော ဆွေးနွေးမှု၊ သီချင်းဝိုင်းဖွဲ့သီဆိုတာတွေ လုပ်ဖြစ်တယ်။
ပြည်ပဖျော်ဖြေပွဲ စီစဉ်ထားတာတွေရောရှိလား။
စင်ကာပူမှာ ဖြူတို့ ဘုရားသီချင်းဂီတ ဖျော်ဖြေမှုအတွက် ပြန်လာတာမကြာသေးဘူး။
ပြည်ပက အဆိုတော်တွေနဲ့တွဲပြီး ဖျော်ဖြေတာမျိုးတွေလည်းရှိခဲ့တေ
လောလောဆယ်တော့ ပြည်ပပညာရှင်တွေ၊ အဆိုတော်တွေနဲ့ ပူးပေါင်းပြီးဖျော်ဖြေဖို့တော့ မရှိသေးပါဘူး။
The New York Times မဂ္ဂဇင်းရဲ့ အင်တာဗျူး အခြေအနေကရော။
The New York Times က ဓာတ်ပုံတော့ ရိုက်သွားပြီးပြီ။ ပြင်သစ်မဂ္ဂဇင်းဖြစ်တဲ့ La Monde မဂ္ဂဇင်းမှ အင်တာဗျူးက ပြီးသွားပြီ။ ပါမယ့်အချိန်ကို ပြန်ပြီးအကြောင်းကြားမယ်လို့ပြေ
ထပ်ပြီးလုပ်ဦးမယ်လို့ ပြောတယ်။ La Monde မဂ္ဂဇင်းက ဗျူးသွားတာက The New York Times တွက် ပါတယ်လို့ ပြောတယ်။ သူတို့က Issue တွေအတွက် ကြိုပြီးလုပ်ထားတာလို့ပြောတယ်။
သူတို့ဆီက မေးမြန်းတဲ့အခါမှာ ဘယ်လိုအပိုင်းတွေကို အဓိကထား မေးမြန်းသွားလဲ။ အကြံပြုဆွေးနွေးတာမျိုးရောရှိခဲ
သူတို့က အကြံပြုတာထက်စာရင် ဖြူတို့တိုင်းပြည်က အခုမှကမ္ဘာကြီးနဲ့ ချိတ်ဆက်ပြီး လုပ်နေတာဆိုတော့ ထူးဆန်း သတ္တ၀ါတွေလို ဖြစ်နေတာ။ ဘာတွေလဲပေါ့။ တစ်ခါမှလည်း မမြင်ဖူးဘူး။ ဖြူတို့က ဒီတိုင်း ပြည်ထဲက လူငယ်တွေထဲက တစ်ယောက်ဖြစ်တော့ တိုင်းပြည်ရဲ့ပြောင်းလဲမှုတွေ
အပေါ်က စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီး အရင်တုန်းကနဲ့ အခုနဲ့ ကွာဟချက်တွေကို မေးတယ်။ အခုဂီတနဲ့ပတ်သက်ပြီး စိတ်ခံစားမှုတွေကအစ မေးလာတယ်။ ဖြစ်ချင်တဲ့ အတိုင်းအတာအစပေါ့။ ဖြူရဲ့ဂီတ Life တွေအစ မေးလာတယ်။ ဖြူတို့ရဲ့ဘ၀က ကမ္ဘာကြီးကိုလည်း မမြင်ဖူးဘူး၊ ကမ္ဘာကြီးကလည်း ဖြူတို့ကို မမြင်ဖူးဘူး အခြေအနေဖြစ်နေကြတာကိုး။
ဘယ်လိုကြောင့် ဖြူဖြူကို မေးမြန်းဖြစ်သွားတာလဲ။
ဖြူကို သူတို့ကလာပြီးဆက်သွယ်တာပါ။ ဖြူတို့ အနုပညာအဆိုထဲကဆိုရင် ဖြူရယ်၊ ဂျင်းနီရယ်၊ AR-T တို့ကို မေးသွားတယ်။ နောက်ပြီးတက်တူးထိုးတဲ့ အမျိုးသမီးတစ်ယောက်လည်းပါတယ်။ ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်လည်းပါတယ်။
ဂီတအစည်းအရုံးရဲ့ ရှေ့လုပ်ဖို့ စီစဉ်ထားတာတွေကိုလည်း ပြောပြပေးပါဦး။
မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ သင်တန်းတစ်ခုဖွင့်ဖို့ရှိတယ်။ တကယ့်မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး နားလည်တဲ့ ရှေ့နေတွေက လာပြီး သင်ကြားပေးမှာပါ။ ၁၀ ရက် သင်တန်းပါ။ ဖြူကိုယ်တိုင်လည်း တက်မယ်။ ဂီတအလုပ်ကို လုပ်နေကြတဲ့သူတွေ အနေနဲ့ ဂီတနဲ့ပတ်သက်ပြီး မူပိုင်ခွင့်ကို နားလည်သင့်တယ်လို့ ထင်ပါတယ်။
လက်ရှိမှာ ကျင်းပနေတဲ့ အဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး မဖြူ ဘာတွေများပြောချင်နေလဲ။
ဝါသနာရှင်တွေအတွက်တော့ ဖြူတို့ခေတ်နဲ့ အများကြီးကွာခြားပါတယ်။ အများကြီး အခွင့်အရေးတွေရတဲ့ ခေတ်ပါ။ မီဒီယာခေတ် ဖြစ်လာတော့ TV Channel တွေအနေနဲ့လည်း များလာတဲ့အတွက်ကြောင့်မို့ ကောင်းရင်ကောင်းသလို အခွင့်အရေးတွေရရှိလာတယ်။ ပါရမီရှိရင် ရှိသလိုအခွင့်အရေးတွေ ရရှိလာတယ်။ မတော်ရင်မတော်သလို အခွင့်အရေး မရရှိတာလည်း ရှိလာမယ်။ ပေါ်ပြူလာဖြစ်လာဖို့ လွယ်လွယ်ကူကူဖြစ်လာတာ တွေရှိတယ်။ တကယ့်အရည်အချင်းရှိတဲ့သူတွေကတော
အဆိုပြိုင်ပွဲတွေမှာဆို မဖြူရဲ့သီချင်းတော်တော်များများ
ဖြူ့အတွက်တော့ အရမ်းကို အံ့သြ၀မ်းသာဖြစ်ခဲ့ရတယ်။ ကိုယ့်ကို အဲဒီလောက်အထိ အားပေးနေလိမ့်မယ်လို့ မယုံနိုင်ခဲ့ဘူး။ အားပေးနေတယ်ဆိုတာကို မျက်မြင်တွေ့ရတော့ရင်ထဲမှာ လှပ်လှပ်နဲ့
ခံစားရတယ်။ အရမ်းကို အားပေးမှု ကြောက်စရာကောင်းအောင် ခံစားရတယ်။ ဘ၀င်မှာ လေဟပ်နေသလို ခံစားရတယ်၊ အခုလိုအားပေးမှုတွေကို ကြုံရတော့ ၀မ်းနည်းဝမ်းသာဖြစ်ပြီး ကျေးဇူးလည်း အရမ်းတင်တယ်။
No comments:
Post a Comment