Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 14, 2013

ရင်သားကင်ဆာ ဆေးဝါးများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို ကုသ ပေးနိုင်ဖွယ်ရှိ


Written by  ရွှေကူ
လန်ဒန် သြဂုတ် ၁၃
ရင်သားကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို တားဆီး ကာကွယ်နိုင်သည့် ဆေးဝါး တစ်မျိုးသည် အဆုတ် ကင်ဆာကို ကုသရာတွင် ထိရောက်သော ဆေးဝါး တစ်ခုအဖြစ်
အသုံး ပြုနိုင်ဖွယ် ရှိကြောင်း လန်ဒန်မြို့ရှိ ကင်ဆာ သုတေသန ဌာနမှ ပညာရှင် များက လေ့လာ တွေ့ရှိခဲ့သည်။ ရင်သားကင်ဆာ ဖြစ်ပွားမှုကို တားဆီးကာကွယ် ပေးနိုင်သည့် PARP အမည်ရှိ ဆေးဝါး များသည် အဆုတ်ကင်ဆာ ရောဂါဝေဒနာ ခံစား နေရသည့် လူနာများ၏ ရောဂါ ဝေဒနာ ထက်ဝက်နီးပါး ခန့်ကို ကုသနိုင်ဖွယ် ရှိကြောင်း သုတေသန ပညာရှင် များက ရှာဖွေတွေ့ရှိ ထားသည်။
PARP အမည်ရှိ ဆေးဝါးများသည် အဆုတ်ကင်ဆာ ဆဲလ်စနစ်များကို ဖျက်ဆီးခြင်းဖြင့် လူနာများ၏ အသက်ကို ကယ်တင် ပေးနိုင်သော်လည်း အခြား ကောင်းမွန်သော တစ်သျှူး များကို ထိခိုက်နိုင်ဖွယ် မရှိကြောင်း သုတေသန ပညာရှင် များ၏ လေ့လာချက် များကို Oncogene အမည်ရှိ ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ အဆုတ် ကင်ဆာ ရောဂါ ဝေဒနာသည် ကုသရန် ခက်ခဲသော ရောဂါတစ်မျိုး ဖြစ်သောကြောင့် အဆိုပါ ရောဂါကို ကုသရန် အတွက် ကုထုံးသစ် တစ်မျိုးကို ရှာဖွေရန် အရေးပေါ် လိုအပ်လျက် ရှိကြောင်း၊ ထို့ပြင် အဆိုပါ ရောဂါကို ကုသရန် အတွက် လေ့လာမှုများနှင့် စမ်းသပ် စစ်ဆေးမှု များကို ထပ်မံ လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ကျွမ်းကျင် ပညာရှင် များက ပြောကြား ထားသည်။

No comments:

Post a Comment