သစ်ပင်တွေကို သေးသေးလေးတွေဖြစ်အောင်လုပ်လိုက်ရင် ဘွန်ဆိုင်းလို့ နာမည်ပေးတာကြားဖူးပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ခေါင်းခွံတွေကို ဆေးရည်နဲ့ စိမ်ပြီးသေးသေးလေးဖြစ်အောင်ကျုံ့ လိုက်လို့ ဘွန် ဆိုင်းခေါင်းပြတ် လို့ နာမည်ပေး လိုက် တာပါ။
အပေါ်ကဗွီဒီယိုထဲမှာတွေ့ ရမယ့် ဘွန်ဆိုင်းခေါင်းပြတ်ကတောင်အမေရိက လူရိုင်းမျိုးနွယ် စုတခုကရခဲ့ တဲ့ခေါင်းပြတ်ပါ။ ဟိုးတုန်းက လူရိုင်းတွေက ရန်သူနဲ့ စစ်မက်ဖြစ်ပြီးနောက်မှာ သူတို့ ကိုပြန်ပြီး ကလဲ့စားမချေနိုင်အောင် ရန်သူရဲ့ ဦးခေါင်းတွေကိုအခုလိုသေး ကျုံ့ သွားအောင်ဆေးစီရင်ထား တတ် တဲ့ ဓလေ့ရှိတယ် လို့ သိရပါတယ်။ ဒီလိုလုပ်လိုက်တာဟာ သေဆုံး သွားတဲ့ရန်သူ ရဲ့ ဝိညာဉ်ကို တန်ဆာ ဆင်ပေးခြင်းဖြစ်သလို ဒီဘွန်ဆိုင်းခေါင်းပြ တ်ကိုပိုင်ဆိုင်တဲ့ပိုင် ရှင်ခိုင်းစေသမျှ ကိုနာခံစေ ဖို့  လည်း ရည် ရွယ်ပါသတဲ့။
ဦးခေါင်းရဲ့ နောက်စေ့ကနေခွဲပြီး အထဲကဦးနှောက်တွေအဆီအသားတွေကိုထုတ် နောက်တော့ မျက်စေ့နေ ရာ မှာ အနီရောင်အစေ့နှစ်ခုထည့်ပြီးပြန်ချုပ်လိုက်တယ်။နောက်တော့ သစ်သားဘောလုံး ကို ခေါင်း ပုံ စံသစ်သားလုံးကိုထည့်ပြီးပြန်ချုပ်၊သစ်ဥသစ်ဖုဆေးရည်တွေနဲ့ ပြုပ်လိုက်ပါတယ်။
အဲ ဒီနောက်တော့ ကျောက် တုံး၊သဲအပူတွေနဲ့ ခေါင်းခွံကိုခြောက်သွေ့ သွားအောင်ပုံသွင်းတယ်။အရေပြား ကို လည်း ကျောက်မီးသွေးပြာနဲ့ ပွတ်တယ်လို့ ဆိုပါတယ်။ ဘာသာရေးပွဲတွေ၊အောင်ပွဲတွေမှာ ဒီ ကျုံ့ ထား တဲ့ ဒီခေါင်းသေးသေးတွေကို ထုတ်ပြီးတန်ဆာဆင်ကြလေ့ရှိတယ်လို့ သိရပါတယ်။

ရောင်းသူက၄၅၀၀ ဒေါ်လာဈေးဆိုတယ်။ဝယ်သူက ဒီခေါင်းပြတ်က ၃၈၀၀နဲ့ ဈေးဆစ်ပြီး နော က် ဆုံး ဒေါ် လာ ၄၀၀၀နဲ့ ဈေးတည့်သွားကြပါတယ်။
The Melting Pot 4 U
No comments:
Post a Comment