Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 25, 2013

နယူးကတ်စတယ် တက္ကသိုလ်ဖောင်ဒေးရှင်းပရိုဂရမ် ရာနှုန်းပြည့် ပညာသင်ဆုအစီအစဉ်

ယူကေရှိ နယူးကတ်စတယ် တက္ကသိုလ်ကနေ ၂၀၁၄ ခုနှစ် ဇန်နဝါရီစာသင်နှစ်မှာ ဖောင်ဒေးရှင်း ပတ်ဝေး ပရိုဂရမ်တွေအတွက် ရာနှုန်းပြည့်ပေးအပ်မယ့် ပညာသင်ဆု အစီအစဉ်ရှိပါတယ်။
Newcastle တက္ကသိုလ်ကနေ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ Foundation Pathway in Business and Management, Foundation Pathway in Humanities and Social Sciences, Foundation Path-way in Physical Sciences and Engineering, Foundation Pathway in Biological Sciences, Foundation Pathway in Architecture စတဲ့ဖောင်ဒေးရှင်းတွေကို တက်ရောက်မယ့် ကျောင်းသား ကျောင်းသူတွေကို ၁၀၀ ရာခိုင်နှုန်းစကောလားရှစ် လေးဆုချီးမြှင့်မှာဖြစ်တယ်လို့ ဆိုတယ်။
ရာနှုန်းပြည့် ပညာသင်ဆုမှာ ဖောင်ဒေးရှင်းတက်ရောက်စဉ်မှာ ကုန်ကျနိုင်မယ့် ကျောင်းလခ စတာ လင်ပေါင် ၁၃၇၅၀ ဒါမှမဟုတ် ၁၄၇၅၀ ကိုချီးမြှင့်မှာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းတက်ရောက်ရာမှာ မိမိတက်ရောက်မယ့် ဘာသာရပ်တွေပေါ်မူတည်ပြီး ကျောင်းလခတွေ ကွဲပြားမှုရှိမှာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်း ပတ်ဝေးပရိုဂရမ်အောင်မြင်ပြီးရင် အဲဒါနဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေနဲ့ ပထမနှစ်ကို Newcastle တက္ကသိုလ်မှာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။
အင်တာနေရှင်နယ်ဖောင်ဒေးရှင်းပရိုဂရမ်ကို မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင် ဒါမှမဟုတ် iGCSE အောင်မြင်ထားပြီး IELTS 5.5 ရရှိထားသူတွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တက်ရောက် မယ့်သူမှာ အသက် ၁၇ နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။ ပညာသင်ဆု လျှောက်လိုသူတွေဟာ မိမိရဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ IELTS အမှတ်စာရင်းတွေနဲ့အတူ လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆု လျှောက်လွှာမှာ ပညာသင်ဆုလျှောက်ထားလိုတဲ့ အချက်အလက်တွေကို personal statement မှာရေးသားဖော်ပြပြီး Regent Consultancy Services မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။
တခြားအားကစား၊ အနုပညာ၊ လူမှုရေးဆိုင်ရာ အစရှိတဲ့ထူးချွန်မှုတွေကိုလည်း ထည့်သွင်းတင်ပြနိုင်ပါ တယ်။ ပညာသင်ဆုချီးမြှင့်ရာမှာ အင်တာနေရှင်နယ် ဖောင်ဒေးရှင်းပရိုဂရမ် တက်ရောက်နေစဉ်မှာ ပညာသင်ဆုငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ပေးအပ်မှာဖြစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို Newcastle တက္က သိုလ်ရဲ့ ပထမနှစ်ကို တက်ရောက်ချိန်မှာ ပေးအပ်မှာဖြစ်ပါတယ်။ Newcastle တက္ကသိုလ်ကို ကျောင်း လျှောက်လိုသူနဲ့ ပညာသင်ဆုလျှောက်ထားလိုသူတွေဟာ အဲသည်တက္ကသိုလ်ရဲ့ မြန်မာနိုင်ငံတစ်ဦး တည်းကိုယ်စားလှယ် Regent Consultancy Services ကုမ္ပဏီ (၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃) ကိုဆက်သွယ်နိုင်ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၇၁)၊ သြဂုတ် ၂၃၊ ၂၀၁၃

No comments:

Post a Comment