Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 21, 2013

“သနပ်ခါးဖြင့် ဧည့်ခံခြင်း”



နံ့သာပင်သည်၊ ပန်းပွင့်ပြီကို
နေခြည်နွဲဆိုး ၊ မသိနိုးလည်း
ရိုးရိုးစင်စင်၊ ရနံ့လွင်လျက် ။

နံ့သာပင်သည်၊ ပန်းပွင့်ပြီဆို
လေပြည်ကခိုး၊ သယ်ဆောင်ပိုးလည်း
ညိုးညိုး ညင်ညင်၊ ရနံ့တင်လျက် ။

နံ့သာရည်တင်၊ နုပါးပြင်သည်
မွှေးချင်စဖွယ်၊ အလှကြွယ်လျက် ။

တစ်ခက်တစ်ပွင့်၊ ကေသာဆင့်လျှင်
နမ်းချင့်စဖွယ်၊ အလှထည်လျက် ။

သြော်……..
ဘဝဂြိုလ်ပြာ၊ အလည်လာခိုက်
နံ့သာလိုလူ၊ ပန်းလိုလူဟု
ကြည်ဖြူဆိုရန်၊ မြတ်မျိုးမှန်အောင်
တန်ဖိုးမြှင့်လျက်၊ အမှတ်ပွား…
စံထိုးချင့်တွက်၊ သနပ်ခါး..။ ။

(စာပေဗိမာန်ဆုရ စာအုပ်မှကဗျာအား ကူးယူတင်ပြထားပါသည်)
ကဗျာကို poemscorner မှကူးပါသည်။

ရင်ခွင် သစ်

No comments:

Post a Comment