ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးလူမင်း (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ) ၏ သဘောထား
"အခု ဆန္ဒပြတယ်ဆိုတာ နိုင်ငံ သားတိုင်း လုပ်ခွင့်ရှိတဲ့ အခွင့်အရေး
တစ်ခုအနေနဲ့လုပ်ကြတော့ ကျွန် တော်တို့အနေနဲ့ သဘောမတူစရာ မရှိ သလို
ကန့်ကွက်စရာလည်း မရှိ ဘူး။ ဆန္ဒတကယ်ပြပြီဆိုရင် ကျွန်တော် တို့လည်း မှတ်တမ်းမှတ်ရာ ယူ ထားမယ်။
ပြီးတော့ ဆန္ဒပြတဲ့ရည် ရွယ်ချက်ကဘာလဲ နံပါတ်တစ် စဉ်းစား ပါမယ်။
ဘယ်လိုလူတွေက ပြတာလဲ ဆိုတာကိုလည်း သုံးသပ်ပါမယ်။ ပြီး ရင်
ဥက္ကဌတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ် မယ်။ ပြီးရင် ကိုယ်နဲ့
ကိုယ့်အဖွဲ့ အစည်းကို ပြန်ပြီးသုံးသပ်မယ်။
ကျွန် တော်တို့ဘက်က
ပြင်သင့်တာတွေ အကုန်ပြင်မယ်။ ဆင်ခြင် သင့်တာ တွေ အကုန်ဆင်ခြင်မယ်။ ဒါပေမဲ့
ရည်ရွယ်ချက်သည် လောကသား များကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ရမယ်။
မှန်မှန်ကန်ကန်ဆန္ဒ ဖော် ထုတ်တယ်ဆိုရင် ဒီဆန္ဒကို
ကျွန်တော်တို့အလေးအနက်ထားပါမယ်"
(မနက်ဖြန်တနင်္ဂနွေထုတ်ဝေမည့်ပေါ်ပြူလာဂျာနယ်မှ)
Popular Journal
" ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးအောင်ခိုင် (မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အမှုဆောင်အဖွဲ့ဝင်၊ ဇာတ်ပို့၊ ဇာတ်ရံအခြေခံအလွှာ ဥက္ကဋ္ဌ)
၏ သဘောထား "
"ဆန္ဒပြတယ်ဆိုတာ အခု ဒီမို ကရေစီနိုင်ငံကို လျှောက်နေ တဲ့နိုင်ငံ ဖြစ် တဲ့အတွက် ကိုယ်ပိုင်ဆန္ဒဖော် ထုတ်ခွင့်ဆိုတာရှိတဲ့အတွက်
တားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခု ရှိတာက
မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှာရှိတဲ့ အမှုဆောင် ၂၂ ယောက်လုံးက
ရုပ်ရှင်အစည်းအရုံး မှာထိုင်နေပြီးတော့ အလုပ်မလုပ် ကြဘူး စွပ်စွဲချက်ကတော့
အတော် လေး ကို ပြင်းထန်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုရင် ဒီမှာအလုပ်လုပ်နေ
ကြတဲ့သူတွေသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လစာကို စား နေကြတဲ့သူ
တစ်ယောက်မှမပါဘူး။
အားလုံးက စေတနာ့ ၀န်ထမ်းတွေချည်းပဲ။
အဲဒါအပြင်ကို ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ ရုပ်ရှင်လောကသား
တွေကောင်းရာကောင်းကြောင်း အတွက် အများကြီး အလုပ်လုပ်နေ ကြတာ။
နေရာလိုချင်လို့ ဒီနေရာ လူကြီးဝင်လုပ်နေတာမဟုတ်ဘူး။
ဘာမျှော်လင့်ချက်ထားစရာမှလည်း တစ်ခုမှအကြောင်းမရှိဘူး။ သူ့ အလွှာအလိုက်
ခေါင်းဆောင်တွေ ဟာ အလွှာကလူတွေအတွက်ကို အစည်းအဝေးတွေမှာ လိုအပ်ချက် တွေ
တင်ပြတယ်။ တစ်ဖက်က ဆန္ဒ ပြတဲ့လူတွေဘက်က ပြောဆိုထားတာ က
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကြီးက ပြိုကွဲတော့မယ့်အခြေအနေ ပေါ့။
ပျက်ကြောင်း ဆိုတဲ့တစ်ခုတည်း ထဲမှာ သင်းပျက်အောင်လုပ်နေတဲ့ သူတွေဟာ
ဘယ်သူတွေလဲဆိုတာ ကိုယ့်ဘာသာကိုယ် သုံးသပ်ဖို့လို တယ်။ အခု မြန်မာနိုင်ငံ
ရုပ်ရှင် အစည်းအရုံးက လက်ရှိမြန်မာနိုင်ငံ ကို
အုပ်ချုပ်နေတဲ့အစိုးရနဲ့သွားတူနေ တယ်။ တစ်ခုခုလုပ်ဖို့ ရှေ့ကိုခြေတစ်
လှမ်းလှမ်းလိုက်၊ အနောက်ကနေပြီး တော့ အဲဒီလှမ်းနေတဲ့ခြေထောက်ကို
လှမ်းဆွဲထားလိုက်၊ နောက်ကြောင်း ပြန်လှည့်ပြီး ရှင်းနေရလိုက် အဲဒီလို နဲ့ပဲ
ရုပ်ရှင်အစည်းအရုံးက ၂ နှစ်ဆို တဲ့ကာလထဲကို ရောက်တော့ မယ်။ မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးမှာ ရှိနေတဲ့ နာယကကြီးတွေ၊ အတိုင်ပင် ခံအဖွဲ့အစည်းတွေ၊
ဗီဒီယိုလောက ဦးဆောင်အဖွဲ့အစည်းတွေ၊ ပြီးတော့ အမှုဆောင် တွေ
ဒီလူတွေဘာလုပ်နေကြ သလဲဆိုတာ ကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့
ခေါင်းစီးအောက်မှာ ရှိနေတဲ့ ထဲထဲဝင်ဝင် အနုပညာကို ၀ါသနာပါပြီးတော့
စီးပွားရေးတစ်ခု တည်းမဟုတ်ဘဲနဲ့ အနုပညာအခြေခံ ပြီးဝင်လာတဲ့သူအားလုံးသိ တယ်။
ပြောချင်တဲ့စကားကတော့ ဒီနေ့ ဆန္ဒပြမယ်လို့ကြိုးစားကြတဲ့သူတွေ အနု
ပညာလောကကို ဘယ်အချိန်က ၀င် လာခဲ့သလဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြဖို့လိုတယ်။
တစ်ခုပဲရှိတာက ရုပ်ရှင်လောက အတွက်တော့ ဒါဟာ အမည်းစက်
တစ်ခုဖြစ်သွားလိမ့်မယ်။ အဲဒီသမိုင်း ကို၊ ကိုယ်ရေးတဲ့သမိုင်းကို ကိုယ်ကိုယ်
တိုင် လက်ခံနိုင်ဖို့တော့ အရေးကြီး တယ်။
ရုပ်ရှင်အစည်းအရုံးဘက်ကပဲ ဖြစ်ဖြစ်၊ ဆန္ဒဖော်ထုတ်သူများဘက်က ပဲဖြစ်ဖြစ်
ကိုယ်လုပ်ခဲ့တဲ့သမိုင်း အတွက် ကိုယ့်ဘာသာကိုယ် တာဝန် ယူနိုင်ဖို့
အရေးကြီးတယ်။ ကိုယ့် အမည်းစက်ကို ကိုယ့်ဘာသာကိုယ်
ဖျက်နိုင်ဖို့အရေးကြီးတယ်"
Popular Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment