ကြေးအိုးကြိုက်မြန်မာလူမျိုးအတွ က်
ဆရာစားမချန် မြန်မာဈေးကွက်အရ ရောင်းကောင်းသော ကြေးအိုးချက်နည်းနဲ့
ရောင်းမကောင်းသော ကျနော့် ရွှေတောင်တန်းဆိုင်ရဲ့ ကြေးအိုးချက်နည်းတွေကို
ဝေမျှပေးပါမယ်။
ပြုတ်ရည်(၀က်၊ကြက်)
ရေနွေးပွက်ပွက် ဆူဖို့လိုသလို မီးပြင်းပြင်းရှိဖို့လိုပါတယ်။
ဝက်ဒူးဆစ်ရိုး(သို့) ကြက်ရိုးကို ရေနွေးဆူဆူနဲ့ အရင်ဆုံးဖျော်ပစ်ပါ။
ပြီးမှ ဒူးဆစ်ထဲမှ ချင်ဆီများထွက်လာအောင် သံတူဖြင့် အရိုးအက်အောင် ထုပါ။
ရေပွက်ပွက်ဆူနေသော ပြုတ်ရည်အိုးတွင် ဒူးရိုး၂စုံကို နှစ်နာရီလောက် ပြုတ်ထားပါ။
မီးအားပြင်းလေ ပြုတ်ရည်အရောင်ဟာ နို့ရောင်ပေါက်ပြီး အဆီအနှစ်ကောင်းကောင်နဲ့ သောက်ချင်စွယ် မွှေးပျံ့နေပါမယ်။
လူမမာအကြိုက် ကျွန်တော့်ဆိုင်က ပြုတ်ရည်ကတော့ ဒူးရိုးဆီ(သို့) ကြက်ရိုးဆီကိုမပါအောင်
မီးနည်းနည်းဖြင့် တရက်လောက် ပြုတ်ထားပါတယ်။အပေါ်မှာ တက်လာသမျှ ဆီတွေကို ဖယ်ရှားပစ်ပါတယ်။ မီးရှိန်နည်းတော့ တခါတရံ ဆီကြီးစော်အနံ့ နံတတ်ပါတယ်။ သောက်လေ သောက်လေ အီပြီး မသောက်ချင်ဖြစ်တတ်ပါတယ်။
အဆီအနှစ်လုံးဝမပါတဲ့အတွက် ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင် ကောင်းပေမဲ့ စီးပွာရေးအနေနဲ့ မြန်မာပါးစပ်နဲ့ လိုက်ဖို့ မလွယ်သလို ချိုစိမ့်မွှေးပြီး အရသာအီဆိမ့်တာကို ကြိုက်သော မြန်မာလူမျိုးအများစုအတွက်
မသင့်တော်ပါဘူး။ ရောင်းအားကောင်းတဲ့ ကြေးအိုးဆိုင်တွေမှာ ဟင်းရည်သောက်ကောင်းတယ် မကောင်းဘူးဆိုတာလည်း ပွက်ပွက်ဆူပြီး ပူနေဖို့လိုပါတယ်။ ဟင်းရည်ပူနေမှလည်း အဆီတွေ များလွန်းလို့ အီမှန်းမသိတော့သလို မုန်ညှင်းစိမ်းနဲ့ ကြက်သွန်ဖြူမိတ်၊ မုန်လာဥဖြူ၊
ငရုတ်ကောင်းမှုန့်ထည့်လိုက်လို့လ ည်း အလွန်တရာမှ သောက်ချင်စဖွယ်အနံ့နဲ့ပြည့်စုံသွားပါတယ်။
အချိုမှုန့်(အိုးတံဆပ်)၊ ဆေးသကြား(ပါဝါ တရုတ်လုပ်)၊ သကြား၊ ဆား၊ ကို
အချိုးကျ ကြိုက်နှစ်သက်သလို ထည့်ပြီးရင်တော့ ကြေးအိုးချက်ရန်အတွက်
ကြေးအိုးပြုတ်ရည်ကို ရပါပြီ။
ကျနော့်ရဲ့ ဆိုင်ကတော့ အချိုမှုန့်ကော ဆေးသကြားရော ဆားကိုပါ မသုံးပါဘူး။ အသင့်လုပ်ပြီးသား ကြက်သားမှုန့်ကိုသာ သုံးသဖြင့်လည်း လူကြိုက်နည်းလှပါတယ်။ ဒါပေမဲ့ သွေးတိုးနဲ့ ဆီးချိုရှိသူတွေအတွက် စားသုံးတဲ့အခါမှာ အလွန်အကျွံဥပဒ်မဖြစ်တဲ့အတွက် ကျနော်ကြေးအိုး
ရောင်းရတာ စိတ်ချမ်းသာပါတယ်။
ခြစ်သားခေါ် အသားလုံးများပြုလုပ်နည်း
ဒီလိုခြစ်သာပြုလုပ်ရာတွင် တစ်ဆိုင်နဲ့ တစ်ဆိုင် လုပ်နည်းမတူပါဘူး။ အသားများများထည့်ပြပြီး လူကြိုက်များအောင် လုပ်နည်းနဲ့ အသားကောင်းကောင်းနဲ့ ဈေးကြီးကြီးကုန်ကျတဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။
မြန်မာလူမျိုးတွေ အကြိုက်ကတော့ များများနဲ့ ပေါပေါကို နှစ်ခြိုက်ကြတာမို့ စီးပွားရေးတွက်ခြေကိုက်ချင်ပြီး ရောင်းအားကောင်းချင်တဲ့သူတိုင်း ဒီနည်းအတိုင်း အသားကို စပ်ကြပါတယ်။ ကြိတ်သား ခေါ် ခြစ်သား
လုပ်မယ်ဆိုလျှင် ၀က်သား၊ ကြက်သား လုပ်နည်းတူတူပါပဲ။
လတ်ဆတ်သော ပေါင်လုံးသားကို ရေဖြင့် စင်ကြယ်အောင် ဆေးပါ။ အတုံးလေးတွေ လှီးဖြတ်ပြီး ကြိတ်စက်ရှိလျှင် ကြိတ်စက်ထဲထည့်ပြီး မရှိပါက နုတ်နုတ်စင်းပါ။
ဝက်သားတစ်ပိဿာဆိုလျှင် အဆီအကြော ငါးဆယ်သားထည့်ပြီး နုတ်နုတ်ဖြစ်အောင် ရောစင်းပေးပါ။
ဝက်သားတစ်ပိဿာ ငါးဖယ်စစ်စစ် ၁၅ကျပ်သား ကြက်ဥအသေး တစ်ဝက် ကို ရောနယ်ဖို့ အသင့်ထားပါ။
အချိုမှုန့် ၂ဇွန်း၊ ဆေးသကြား လက်ဖက်ရည်ဇွန်းလေး လေးပုံတပုံ၊၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ သကြား ၁ဇွန်းတို့ကို သမအောင် ရောမွှေထားပါ။
တရုတ်နိုင်ငံလုပ် နှမ်းဆီဖြစ်ဖြစ် ယိုးဒယားနိုင်ငံလုပ်နှမ်းဆီဖြစ် ဖြစ် လက်ဖက်ရည်ဇွန်း ၅ဇွန်းလောက်ကို ရောနယ်ပါ။
အသားကို စေးကပ်လာအောင် နယ်ပေးပါ။ နောက်ဆုံးရောက်မှ ကော်မှုန့် လက်ဖက်ရည်ဇွန်း ၂၀ခန့်ကို ရောထည့်နယ်ပါ။
ပြီးလျှင် အိတ်ထဲထည့်ပြီး ရေခဲသေတ္တာအခဲဆုံးနေရာမှာ ခဲသွားသည်အထိ ထားပါ။
အူမ၊ အူချို(အခါးပိုင်းမဟုတ်သော အပိုင်း)၊ အသည်း(အဆီမပါသော)၊ ကျောက်ကပ်( အထဲမှ အဆီကို ခွဲထုတ်ပါ) တို့ကို ဆား(သို့) ကျောက်ချဉ်ဖြင့် အနံ့ပျောက်တဲ့အထိ နယ်ပါ။
ပြီးလျှင် အနံ့ပျောက်သည်အထိ ရေဖြင့် အထပ်ထပ်ဆေးပေးပါ။
အူမနှင့် အူချိုကို ၀က်ဒူးရိုးပြုတ်သည့်အချိန်တွင် တခါတည်းထည့်ပြီး ပြုတ်ထားပါ။
ကြာဇံကို မချက်ပြုတ်မီ နာရီဝက်ခန့် ရေများများဖြင့် ကြိုစိမ်ထားပါ။
ဦးနှောက်ကို ရေစိမ်ထားပြီး အပေါ်ယံမှ သွေးကြောမျှင်လေးများကို ဆွဲခွာပစ်ပါ။
ငုံးဥကို ကျက်အောင် ကြိုပြုတ်ထားပြီး အခွံခွာထားပါ။
ပဲပြား၊ ၀က်သားလုံး၊ ငါးဖယ်ကြိုက်နှစ်သက်လျှင် ထည့်သွင်းပြီး ချက်ပြုတ်နိုင်သည်။
ဝက်ပြုတ်ရည် ပွက်ပွက်ဆူလျှင် ၀က်ခြစ်သားကို ဇွန်းဖြင့် အတုံးသေးသေးလေးဖြစ်အောင် ခြစ်ထည့်ပါ။ အတုံးကြီးလျှင် အထဲက အသားကျက်ဖို့အတွက် နည်းနည်းကြာကြာစောင့်ရမည်။
ခြစ်သားခြစ်ပြီးလျှင် ဦးနှောက်နဲ့ အသဲကို ထည့်ပါ။ ငုံးဥ၊ အူချို၊ အူမ၊ ငါးဖယ်၊ ပဲပြား၊ ၀က်သားလုံးများကို ထည့်ပါ။
အသားကျက်လောက်အောင် ပွက်ပွက်ဆူနေချိန်မှာ စိမ်ထားသော ကြာဇံကို ထည့်ပါ။
တင်းတင်းမာမာ ကြာဇံကို စားချင်လျှင် ကြာဇံထည့်ပြီး ခဏအတွင်း မုန်ညှင်းရွက်၊ ကူးချိုင်ရွက်တွေကို ထည့်ပါ။
သင်းပျံသော မွှေးရနံ့ထွက်စေရန် ပန်းကန်လုံးထဲ ထည့်ပြီးပါက နှမ်းဆီတဇွန်းကို အပေါ်ကနေ လောင်းထည့်ပေးပါ။
ကြေးအိုး ဆီချက်လုပ်နည်း
ကျန်းမာရေးနဲ့ ညီညွတ်သော လုပ်နည်းနဲ့ မြန်မာလူမျိုးကြိုက်နှစ်သက်သော ရောင်းကောင်းသော လုပ်နည်းကို တင်ပြပေးပါမယ်။
ကျန်းမာရေးနဲ့ ညီညွတ်စေရန် အချိုမှုန့်၊ ၀က်ဆီကို မသုံးရုံတင်မကပဲ ပဲငံပြာရည်ကိုလည်း ပြန်လည် ကျိုချက်ပြီးမှ ချက်ပါတယ်။ နေကြာဆီစစ်စစ်ကို ကြက်သွန်ဖြူ ဂျင်းတို့ဖြင့် မွှေးပျံ့နေအောင် ကြော်ပါတယ်။
မြန်မာလူမျိုးအကြိုက် ခံတွင်းတွေ့ စွဲလန်းစေမည့် ကြေးအိုးဆီချက်လုပ်နည်းကတော့
ပဲဆီတစ်ဆ ၀က်ဆီ တစ်ဆကို ရောပြီး မီးပြင်းပြင်းတွင် ဆူလာအောင် တည်ပါတယ်။ ဆီဆူလာလျှင် မီးဖိုအိုပေါက်ကို ပိတ်ပြီး မီးအသင့်တင့်ဖြစ်အောင် ထားပြီး ကြက်သွန်ဖြူ ဂျင်းတို့ကို ထည့်ပြီး ရွှေဝါရောင်သမ်းလာအောင်
ကြော်ပါတယ်။မတူဖို့ အလွန်အရေးကြီးပါတယ်။ မီးမများဖို့နဲ့ အကြာကြီး မကြော်မိစေရန်လိုပါတယ်။ မီးများလျှင် အမွှေးရနံ့ နည်းတတ်သလို အကြာကြီးကြော်မိပါကလည်း ဆီချက်ဟာ ခါးသွားတတ်သလို အရောင်လည်း မလှတော့ပါဘူး။
အချိုမှုန့်(နန်းတော် ဇွန်းတံဆိပ် အကြေမှုန့်) ဘာလို့သုံးလဲဆိုတော့ အသုပ်တွေမှာ အဲဒီအချိုမှုန့်တွေဟာ အချိုကို ပိုစွဲစေသလို ပျော်ဝင်မှု ပိုမြန်လို့ပါ။ ချက်ထားသော ပဲဆီ၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်ထည့်ပြီး
အထက်မှာ ချက်ပြုတ်နည်းအတိုင်း ကြေးအိုးအရည်ကို စစ်ပြီး ကြေးအိုး ဆီချက်အနေနဲ့ ပြောင်းစားလို့ရပါတယ်။ ကြေးအိုးဆီချက်လုပ်ရာမှာ သတိထားရမှာကတော့ အသားကို ပိုကျက်အောင် အချိန်ကြာကြာပြုတ်ဖို့နဲ့
ကြာဇံကို အရမ်းမပျော့သွားစေအောင် မီးရှိန်ကြည့်တတ်ဖို့လိုပါတယ်။ ပြီးလျှင် ကြက်သွန်ဖြူကြော်လေးဖြူးကာ စားနိုင်ပါပြီ။
ကျနော် ရောင်းကောင်းတဲ့ စီးပွားဖြစ်တဲ့ ကြေးအိုးဆီချက်တွေကို ဘာလို့ မရောင်းတော့တာလဲဆိုတော့ မြန်မာလူမျိုးတွေရဲ့ အနာဂတ်ကျန်းမာရေးကို တွက်မိလို့ပါ။ မြန်မာပြည်ဟာ ငါးပိစားလို့ အချိုမှုန့်၊ ဆေးသကြား ပါဝါပါမှ
စားကောင်းတယ်ထင်ပြီး ပါးစပ်စွဲတတ်တဲ့အကျင့်ရှိနေပါတယ်။
ကျနော်လည်း အပါအ၀င်ပါ။ ဒါတွေ မပါရင် အရသာမရှိသလို စားမကောင်းသလို
ထင်ပါတယ်။ စားချင်စိတ်တောင် သိပ်မရှိပါဘူး။ အခုကျနော့်အသက် ၃၅နှစ်မှာ
သွေးတိုးရောဂါဖြစ်ချင်သလိုလို ရှိလာပါပြီ။ ဒါကြောင့် အချိုမှုန့်ကို လုံးဝရှောင်သလို အငန်ကိုလည်း ရှောင်ပါတယ်။ ကျနော့်ဆိုင် လာစားတဲ့ ဖောက်သည်ဆိုတာလည်း စားမကောင်းလို့၊ အရသာမတွေ့လို တခါလာစားပြီး
စားချင်စိတ်ပျောက်သွားကာ နောက်တခါမလာတော့ပါဘူး။ ဟီးဟီး..မရှက်ပါဘူး။ စားမကောင်းမှန်းလည်း သိပါတယ်။ စားကောင်းအောင် ဘယ်လိုချက်ရမှန်းသိပေမဲ့ ကိုယ်လည်း ကျန်းမာရေးမကောင်းသူမလို့
အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပါတယ်။ ကြေးအိုးဆိုတာ အဓိကကတော့ လတ်လတ်ဆတ်ဆတ်ကြော်ထားတဲ့ ၀က်ဆီနဲ့ အချိုမှုန့်အရသာကို ခံချင်လို့ စားကြတာပါ။ ဒါတွေများမှ ကောင်းတယ်လို့ ထင်နေတတ်ကြတယ်။
အသားဆိုလည်း များတာကြိုက်ပါတယ်။ အသားထဲမှာ ၀က်ဆီတွေ ဘယ်လောက်မျာများထည့်ပြီး ပွားအောင် လုပ်ထားတာ၊ အကြောတွေ ထည့်ပြီး အသားတွေ သွားကြားညှပ်အောင် လုပ်ထားတာကို မြန်မာလူမျိုးအများစုက မသိကြပါဘူး။
တချို့ဆိုင်တွေဆို နည်းနည်းနဲ့ ကောင်းကောင်း ချက်ပြုတ်ရောင်းချတာကို တွေ့ရပါတယ်။ ကိုယ်ကလည်း ဆိုင်ဖွင့်လို့ သူတို့ဆီမှာ သွားစားရင် ဘာလို့နည်းပြီး ဈေးကြီးရလဲဆိုတာကို သိပါတယ်။ ကျနော် လေ့လာမိသလောက်ကတော့
ကျနော့်ဆိုင်ကို လာစားဖူးတဲ့သူတွေထဲမှာ အ၀လွန်နေသူတွေနဲ့ ပိန်ပိန်ပါးပါး အသားအရည်မွဲခြောက်နေသူတွေ မကြိုက်ဆုံးဖြစ်တာကို တွေ့ရပါတယ်။ အစကတော့ အမှုမဲ့ နေမိတယ်။ နောက်မှ မေးကြည့်တယ်။ အ၀လွန်သူအများစုက
အသားဟာ စားမကောင်းလို့ အရည်ဟာ မဆိမ့်လို့ဆိုတာကို တွေ့ရပါတယ်။ သူတို့ဟာ အဆီအဆိမ့် အနှစ်တွေပါမှ ကြိုက်တဲ့သူမလို့ ကျနော့် ကြေးအိုးကို လာစားပြီး မကောင်းဘူး။ နည်းတယ်လို့ ဝေဖန်ပြီး နောက် ဘယ်တော့မှ မလာတော့ပါဘူး။
တခါတလေ မီးအားနည်းလို့ ကြေးအိုးပြုတ်ရည်ဟာလည်း အဆီခမ်းအောင် တရက်လောက် ပြုတ်ရတဲ့အတွက်လည်း ဆီချေးစော်နံတာလည်း ပါပါတယ်။ ပိန်ပိန်သေးသေးနဲ့ အသားအရည်ခြောက်နေတဲ့သူတွေကတော့ အချိုမှုန့်အရသာ၊ ဆေးသကြားအရသာနဲ့
တသက်လုံး ငယ်စဉ်ကတည်းက ထိတွေ့လာတဲ့ ဆင်းရဲသားလူတန်းစားတွေဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ သူတို့ဟာ ကြက်သားမှုန့်အရသာထဲမှာပါတဲ့ ဟင်းခတ်အမွှေးအကြိုင်အနံ့များကို မကြိုက်ပါဘူး။ ၀က်ဆီနဲ့ အချိုမှုန့်အရသာကိုသာ စွဲစွဲမြဲမြဲစားဖူးတဲ့သူတွေဖြစ် တာကြောင့်
ကျနော်ဆိုင်က ကြေးအိုးဆီချက်ဆို သူတို့ မကြိုက်ပါဘူး။ တချို့ဆိုရင် လေးငါးဇွန်းလောက်သောက်ပြီး မျက်နှာရှူံ့မဲ့သွားတာကို တွေ့ရပါတယ်။ တချို့ဆိုရင် အရသာမရှိဘူးလို့ ဝေဖန်သွားပါသေးတယ်။ ပိုဆိုးတာကတော့ နည်းလို့တဲ့။ ဈေးကြီးလို့ဆိုတာတွေလည်း ပါပါတယ်။
အစာဆိုတာ ဆေးပါ။ ကိုယ်နဲ့ တည့်တဲ့အစာကိုပဲ စားသင့်တယ်ဆိုတာကို ကုရကြာတဲ့ သွေးတိုးလို၊ ဆီးချိုလို နာတာရှည်ရောဂါတွေဖြစ်မှ သိတာပါ။ မြန်မာပြည်မှာ ရှိတဲ့ ပြည်သူတွေအများစုဟာ နို့နဲ့ မတည့်ပါဘူး။ နို့သောက်ရင် အန်တဲ့သူ၊ ဗိုက်နာတတ်တဲ့သူများပါတယ်။
ဘာလို့လဲဆိုတော့ မပုပ်မသိုးဆေးတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို ဈေးပေါလို့ ၀မ်းဝအောင် စားနေကျတဲ့ အလေ့အထတွေကြောင့်လည်း ပါပါတယ်။ မြန်မာပြည်မှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးအဆင့်အတန်းဟာလည်း တနှစ်တခြား နိမ့်ကျလာပါတယ်။
ကာကွယ်ကုသမှုမရှိသဖြင့်လည်း ဖြစ်လာလျှင် ဆေးကုဖို့ ပိုက်ဆံကလည်း မတတ်နိုင်လောက်အောင် ဆင်းရဲမွဲတေကြသလို နည်းနည်းနာမကျန်းဖြစ်ပါကလည်း အစိုးရကနေ ဖိဖိစီးစီးလုပ်ပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ နည်းသလို ဆေးဝါးတွေ အလုံအလောက်မရှိတာတွေ
ကြောင့်လည်း ငွေမတတ်နိုင်လို့ ဆေးရုံဆေးခန်းသွားရင် မျက်နှာငယ်ပြီး သေနေ့စောင့်ရမည့်အတူတူ၊ ဘယ်လို အတိုင်းအဆတွေနဲ့ သုံးစွဲသင့်တယ်ဆိုတဲ့ မြန်မာတိုင်းရင်းဆေးတွေကိုပဲ လက်လှမ်းမိသလို ဘာရောဂါဖြစ်နေမှန်းတိတိကျကျမသိပဲနဲ့ ရောဂါသက်သာလေမလားဆိုပြီး
ကုသမှုတွေများနေလို့ပါပဲ။ နောက်တချက်ကတော့ ဆေးဖိုးဝါးခ မတတ်နိုင်လို့ လူတွေအကြောက်တရားဖြစ်အောင် လူကြီးတွေက ငယ်စဉ်ကတည်းက ဆေးကြောက်အောင် ဆေးခန်းကြောက်အောင် အသိအမြင်ဗဟုသုတမရှိအောင် လုပ်ထားတာတွေကြောင့်လည်း ဆေးရုံဆေးခန်းတွေ
သွားတယ်ဆိုတာ ဆင်းရဲသား တောသားတွေ အတွင်းစိတ်ထဲအထိ အကြောက်တရားတွေအနေနဲ့ စွဲထင်နေလို့ပါပဲ။ အစိုးရကနေ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်နေထိုင်စားသောက်မှုတွေကို အဆင့်မမြင့်ပေးဘူးဆိုရင် ရှေ့လျှောက် မြန်မာတွေ မျိုးတုံးရတော့မှာပါ။ အပေါစား စားအုံးဆီတွေကိုပဲ
သုံးနိုင်တော့တယ်။ ၀မ်းဝဖို့အတွက် ငွေမရှိတော့ ပိုက်ဆံနည်းနည်းနဲ့ အရသာရှိရှိ ၀မ်းဝဖို့အတွက် အပုပ်အသိုးနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကိုသာ လက်လှမ်းမီသလို စားနေကြလို့လဲ ပါးစပ်တွေပျက်ပြီး အချိုအဆိမ့်၊ အငန်၊ အချဉ်စူးစူးတွေကို စားသုံးနေကြတာဟာ
အလေ့အထတစ်ခုလိုဖြစ်လာတယ်။ ရှေ့ရှောက်မပြုပြင်ပဲ နောင်နှစ် ၃၀လောက်ရောက်သွားရင် မြန်မာပြည်မှာ အသေစောမည့် လူတွေများလာမည်ဖြစ်ကြောင်းကို ကိုယ်တိုင်ခံစားနေရသော ကျနော်က လေးလေးစားစားဖြင့် တင်ပြမိပါသည်။ ကြေးအိုးချက်နည်းကိုလည်း
မည်သူမဆို ယူသုံးနိုင်သလို ထပ်ဆင့်ဝေမျှနိုင်ပါတယ်။ ကျနော့်နာမည်သုံးဖို့လည်း မလိုပါ။ ထိုနည်းကို သိပြီး အသက်မွေးဝမ်းကျောင်းပြုချင်သူများကိုလည်း လိုသလို ဆန်းသစ်ကာအသုံး ပြုနိုင်ပါကြောင်း စေတနာအရင်းခံထားကာ တင်ပြမိပါသည်။
အောင်ကျော်ဦး
ပြုတ်ရည်(၀က်၊ကြက်)
ရေနွေးပွက်ပွက် ဆူဖို့လိုသလို မီးပြင်းပြင်းရှိဖို့လိုပါတယ်။
ဝက်ဒူးဆစ်ရိုး(သို့) ကြက်ရိုးကို ရေနွေးဆူဆူနဲ့ အရင်ဆုံးဖျော်ပစ်ပါ။
ပြီးမှ ဒူးဆစ်ထဲမှ ချင်ဆီများထွက်လာအောင် သံတူဖြင့် အရိုးအက်အောင် ထုပါ။
ရေပွက်ပွက်ဆူနေသော ပြုတ်ရည်အိုးတွင် ဒူးရိုး၂စုံကို နှစ်နာရီလောက် ပြုတ်ထားပါ။
မီးအားပြင်းလေ ပြုတ်ရည်အရောင်ဟာ နို့ရောင်ပေါက်ပြီး အဆီအနှစ်ကောင်းကောင်နဲ့ သောက်ချင်စွယ် မွှေးပျံ့နေပါမယ်။
လူမမာအကြိုက် ကျွန်တော့်ဆိုင်က ပြုတ်ရည်ကတော့ ဒူးရိုးဆီ(သို့) ကြက်ရိုးဆီကိုမပါအောင်
မီးနည်းနည်းဖြင့် တရက်လောက် ပြုတ်ထားပါတယ်။အပေါ်မှာ တက်လာသမျှ ဆီတွေကို ဖယ်ရှားပစ်ပါတယ်။ မီးရှိန်နည်းတော့ တခါတရံ ဆီကြီးစော်အနံ့ နံတတ်ပါတယ်။ သောက်လေ သောက်လေ အီပြီး မသောက်ချင်ဖြစ်တတ်ပါတယ်။
အဆီအနှစ်လုံးဝမပါတဲ့အတွက် ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင် ကောင်းပေမဲ့ စီးပွာရေးအနေနဲ့ မြန်မာပါးစပ်နဲ့ လိုက်ဖို့ မလွယ်သလို ချိုစိမ့်မွှေးပြီး အရသာအီဆိမ့်တာကို ကြိုက်သော မြန်မာလူမျိုးအများစုအတွက်
မသင့်တော်ပါဘူး။ ရောင်းအားကောင်းတဲ့ ကြေးအိုးဆိုင်တွေမှာ ဟင်းရည်သောက်ကောင်းတယ် မကောင်းဘူးဆိုတာလည်း ပွက်ပွက်ဆူပြီး ပူနေဖို့လိုပါတယ်။ ဟင်းရည်ပူနေမှလည်း အဆီတွေ များလွန်းလို့ အီမှန်းမသိတော့သလို မုန်ညှင်းစိမ်းနဲ့ ကြက်သွန်ဖြူမိတ်၊ မုန်လာဥဖြူ၊
ငရုတ်ကောင်းမှုန့်ထည့်လိုက်လို့လ
ကျနော့်ရဲ့ ဆိုင်ကတော့ အချိုမှုန့်ကော ဆေးသကြားရော ဆားကိုပါ မသုံးပါဘူး။ အသင့်လုပ်ပြီးသား ကြက်သားမှုန့်ကိုသာ သုံးသဖြင့်လည်း လူကြိုက်နည်းလှပါတယ်။ ဒါပေမဲ့ သွေးတိုးနဲ့ ဆီးချိုရှိသူတွေအတွက် စားသုံးတဲ့အခါမှာ အလွန်အကျွံဥပဒ်မဖြစ်တဲ့အတွက် ကျနော်ကြေးအိုး
ရောင်းရတာ စိတ်ချမ်းသာပါတယ်။
ခြစ်သားခေါ် အသားလုံးများပြုလုပ်နည်း
ဒီလိုခြစ်သာပြုလုပ်ရာတွင် တစ်ဆိုင်နဲ့ တစ်ဆိုင် လုပ်နည်းမတူပါဘူး။ အသားများများထည့်ပြပြီး လူကြိုက်များအောင် လုပ်နည်းနဲ့ အသားကောင်းကောင်းနဲ့ ဈေးကြီးကြီးကုန်ကျတဲ့နည်းဆိုပြ
မြန်မာလူမျိုးတွေ အကြိုက်ကတော့ များများနဲ့ ပေါပေါကို နှစ်ခြိုက်ကြတာမို့ စီးပွားရေးတွက်ခြေကိုက်ချင်ပြီး
လုပ်မယ်ဆိုလျှင် ၀က်သား၊ ကြက်သား လုပ်နည်းတူတူပါပဲ။
လတ်ဆတ်သော ပေါင်လုံးသားကို ရေဖြင့် စင်ကြယ်အောင် ဆေးပါ။ အတုံးလေးတွေ လှီးဖြတ်ပြီး ကြိတ်စက်ရှိလျှင် ကြိတ်စက်ထဲထည့်ပြီး မရှိပါက နုတ်နုတ်စင်းပါ။
ဝက်သားတစ်ပိဿာဆိုလျှင် အဆီအကြော ငါးဆယ်သားထည့်ပြီး နုတ်နုတ်ဖြစ်အောင် ရောစင်းပေးပါ။
ဝက်သားတစ်ပိဿာ ငါးဖယ်စစ်စစ် ၁၅ကျပ်သား ကြက်ဥအသေး တစ်ဝက် ကို ရောနယ်ဖို့ အသင့်ထားပါ။
အချိုမှုန့် ၂ဇွန်း၊ ဆေးသကြား လက်ဖက်ရည်ဇွန်းလေး လေးပုံတပုံ၊၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ သကြား ၁ဇွန်းတို့ကို သမအောင် ရောမွှေထားပါ။
တရုတ်နိုင်ငံလုပ် နှမ်းဆီဖြစ်ဖြစ် ယိုးဒယားနိုင်ငံလုပ်နှမ်းဆီဖြစ်
အသားကို စေးကပ်လာအောင် နယ်ပေးပါ။ နောက်ဆုံးရောက်မှ ကော်မှုန့် လက်ဖက်ရည်ဇွန်း ၂၀ခန့်ကို ရောထည့်နယ်ပါ။
ပြီးလျှင် အိတ်ထဲထည့်ပြီး ရေခဲသေတ္တာအခဲဆုံးနေရာမှာ ခဲသွားသည်အထိ ထားပါ။
အူမ၊ အူချို(အခါးပိုင်းမဟုတ်သော အပိုင်း)၊ အသည်း(အဆီမပါသော)၊ ကျောက်ကပ်( အထဲမှ အဆီကို ခွဲထုတ်ပါ) တို့ကို ဆား(သို့) ကျောက်ချဉ်ဖြင့် အနံ့ပျောက်တဲ့အထိ နယ်ပါ။
ပြီးလျှင် အနံ့ပျောက်သည်အထိ ရေဖြင့် အထပ်ထပ်ဆေးပေးပါ။
အူမနှင့် အူချိုကို ၀က်ဒူးရိုးပြုတ်သည့်အချိန်တွင် တခါတည်းထည့်ပြီး ပြုတ်ထားပါ။
ကြာဇံကို မချက်ပြုတ်မီ နာရီဝက်ခန့် ရေများများဖြင့် ကြိုစိမ်ထားပါ။
ဦးနှောက်ကို ရေစိမ်ထားပြီး အပေါ်ယံမှ သွေးကြောမျှင်လေးများကို ဆွဲခွာပစ်ပါ။
ငုံးဥကို ကျက်အောင် ကြိုပြုတ်ထားပြီး အခွံခွာထားပါ။
ပဲပြား၊ ၀က်သားလုံး၊ ငါးဖယ်ကြိုက်နှစ်သက်လျှင် ထည့်သွင်းပြီး ချက်ပြုတ်နိုင်သည်။
ဝက်ပြုတ်ရည် ပွက်ပွက်ဆူလျှင် ၀က်ခြစ်သားကို ဇွန်းဖြင့် အတုံးသေးသေးလေးဖြစ်အောင် ခြစ်ထည့်ပါ။ အတုံးကြီးလျှင် အထဲက အသားကျက်ဖို့အတွက် နည်းနည်းကြာကြာစောင့်ရမည်။
ခြစ်သားခြစ်ပြီးလျှင် ဦးနှောက်နဲ့ အသဲကို ထည့်ပါ။ ငုံးဥ၊ အူချို၊ အူမ၊ ငါးဖယ်၊ ပဲပြား၊ ၀က်သားလုံးများကို ထည့်ပါ။
အသားကျက်လောက်အောင် ပွက်ပွက်ဆူနေချိန်မှာ စိမ်ထားသော ကြာဇံကို ထည့်ပါ။
တင်းတင်းမာမာ ကြာဇံကို စားချင်လျှင် ကြာဇံထည့်ပြီး ခဏအတွင်း မုန်ညှင်းရွက်၊ ကူးချိုင်ရွက်တွေကို ထည့်ပါ။
သင်းပျံသော မွှေးရနံ့ထွက်စေရန် ပန်းကန်လုံးထဲ ထည့်ပြီးပါက နှမ်းဆီတဇွန်းကို အပေါ်ကနေ လောင်းထည့်ပေးပါ။
ကြေးအိုး ဆီချက်လုပ်နည်း
ကျန်းမာရေးနဲ့ ညီညွတ်သော လုပ်နည်းနဲ့ မြန်မာလူမျိုးကြိုက်နှစ်သက်သော ရောင်းကောင်းသော လုပ်နည်းကို တင်ပြပေးပါမယ်။
ကျန်းမာရေးနဲ့ ညီညွတ်စေရန် အချိုမှုန့်၊ ၀က်ဆီကို မသုံးရုံတင်မကပဲ ပဲငံပြာရည်ကိုလည်း ပြန်လည် ကျိုချက်ပြီးမှ ချက်ပါတယ်။ နေကြာဆီစစ်စစ်ကို ကြက်သွန်ဖြူ ဂျင်းတို့ဖြင့် မွှေးပျံ့နေအောင် ကြော်ပါတယ်။
မြန်မာလူမျိုးအကြိုက် ခံတွင်းတွေ့ စွဲလန်းစေမည့် ကြေးအိုးဆီချက်လုပ်နည်းကတော့
ပဲဆီတစ်ဆ ၀က်ဆီ တစ်ဆကို ရောပြီး မီးပြင်းပြင်းတွင် ဆူလာအောင် တည်ပါတယ်။ ဆီဆူလာလျှင် မီးဖိုအိုပေါက်ကို ပိတ်ပြီး မီးအသင့်တင့်ဖြစ်အောင် ထားပြီး ကြက်သွန်ဖြူ ဂျင်းတို့ကို ထည့်ပြီး ရွှေဝါရောင်သမ်းလာအောင်
ကြော်ပါတယ်။မတူဖို့ အလွန်အရေးကြီးပါတယ်။ မီးမများဖို့နဲ့ အကြာကြီး မကြော်မိစေရန်လိုပါတယ်။ မီးများလျှင် အမွှေးရနံ့ နည်းတတ်သလို အကြာကြီးကြော်မိပါကလည်း ဆီချက်ဟာ ခါးသွားတတ်သလို အရောင်လည်း မလှတော့ပါဘူး။
အချိုမှုန့်(နန်းတော် ဇွန်းတံဆိပ် အကြေမှုန့်) ဘာလို့သုံးလဲဆိုတော့ အသုပ်တွေမှာ အဲဒီအချိုမှုန့်တွေဟာ အချိုကို ပိုစွဲစေသလို ပျော်ဝင်မှု ပိုမြန်လို့ပါ။ ချက်ထားသော ပဲဆီ၊ အချိုမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်ထည့်ပြီး
အထက်မှာ ချက်ပြုတ်နည်းအတိုင်း ကြေးအိုးအရည်ကို စစ်ပြီး ကြေးအိုး ဆီချက်အနေနဲ့ ပြောင်းစားလို့ရပါတယ်။ ကြေးအိုးဆီချက်လုပ်ရာမှာ သတိထားရမှာကတော့ အသားကို ပိုကျက်အောင် အချိန်ကြာကြာပြုတ်ဖို့နဲ့
ကြာဇံကို အရမ်းမပျော့သွားစေအောင် မီးရှိန်ကြည့်တတ်ဖို့လိုပါတယ်။ ပြီးလျှင် ကြက်သွန်ဖြူကြော်လေးဖြူးကာ စားနိုင်ပါပြီ။
ကျနော် ရောင်းကောင်းတဲ့ စီးပွားဖြစ်တဲ့ ကြေးအိုးဆီချက်တွေကို ဘာလို့ မရောင်းတော့တာလဲဆိုတော့ မြန်မာလူမျိုးတွေရဲ့ အနာဂတ်ကျန်းမာရေးကို တွက်မိလို့ပါ။ မြန်မာပြည်ဟာ ငါးပိစားလို့ အချိုမှုန့်၊ ဆေးသကြား ပါဝါပါမှ
စားကောင်းတယ်ထင်ပြီး ပါးစပ်စွဲတတ်တဲ့အကျင့်ရှိနေပါတယ
သွေးတိုးရောဂါဖြစ်ချင်သလိုလို ရှိလာပါပြီ။ ဒါကြောင့် အချိုမှုန့်ကို လုံးဝရှောင်သလို အငန်ကိုလည်း ရှောင်ပါတယ်။ ကျနော့်ဆိုင် လာစားတဲ့ ဖောက်သည်ဆိုတာလည်း စားမကောင်းလို့၊ အရသာမတွေ့လို တခါလာစားပြီး
စားချင်စိတ်ပျောက်သွားကာ နောက်တခါမလာတော့ပါဘူး။ ဟီးဟီး..မရှက်ပါဘူး။ စားမကောင်းမှန်းလည်း သိပါတယ်။ စားကောင်းအောင် ဘယ်လိုချက်ရမှန်းသိပေမဲ့ ကိုယ်လည်း ကျန်းမာရေးမကောင်းသူမလို့
အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပါတယ်။ ကြေးအိုးဆိုတာ အဓိကကတော့ လတ်လတ်ဆတ်ဆတ်ကြော်ထားတဲ့ ၀က်ဆီနဲ့ အချိုမှုန့်အရသာကို ခံချင်လို့ စားကြတာပါ။ ဒါတွေများမှ ကောင်းတယ်လို့ ထင်နေတတ်ကြတယ်။
အသားဆိုလည်း များတာကြိုက်ပါတယ်။ အသားထဲမှာ ၀က်ဆီတွေ ဘယ်လောက်မျာများထည့်ပြီး ပွားအောင် လုပ်ထားတာ၊ အကြောတွေ ထည့်ပြီး အသားတွေ သွားကြားညှပ်အောင် လုပ်ထားတာကို မြန်မာလူမျိုးအများစုက မသိကြပါဘူး။
တချို့ဆိုင်တွေဆို နည်းနည်းနဲ့ ကောင်းကောင်း ချက်ပြုတ်ရောင်းချတာကို တွေ့ရပါတယ်။ ကိုယ်ကလည်း ဆိုင်ဖွင့်လို့ သူတို့ဆီမှာ သွားစားရင် ဘာလို့နည်းပြီး ဈေးကြီးရလဲဆိုတာကို သိပါတယ်။ ကျနော် လေ့လာမိသလောက်ကတော့
ကျနော့်ဆိုင်ကို လာစားဖူးတဲ့သူတွေထဲမှာ အ၀လွန်နေသူတွေနဲ့ ပိန်ပိန်ပါးပါး အသားအရည်မွဲခြောက်နေသူတွေ မကြိုက်ဆုံးဖြစ်တာကို တွေ့ရပါတယ်။ အစကတော့ အမှုမဲ့ နေမိတယ်။ နောက်မှ မေးကြည့်တယ်။ အ၀လွန်သူအများစုက
အသားဟာ စားမကောင်းလို့ အရည်ဟာ မဆိမ့်လို့ဆိုတာကို တွေ့ရပါတယ်။ သူတို့ဟာ အဆီအဆိမ့် အနှစ်တွေပါမှ ကြိုက်တဲ့သူမလို့ ကျနော့် ကြေးအိုးကို လာစားပြီး မကောင်းဘူး။ နည်းတယ်လို့ ဝေဖန်ပြီး နောက် ဘယ်တော့မှ မလာတော့ပါဘူး။
တခါတလေ မီးအားနည်းလို့ ကြေးအိုးပြုတ်ရည်ဟာလည်း အဆီခမ်းအောင် တရက်လောက် ပြုတ်ရတဲ့အတွက်လည်း ဆီချေးစော်နံတာလည်း ပါပါတယ်။ ပိန်ပိန်သေးသေးနဲ့ အသားအရည်ခြောက်နေတဲ့သူတွေကတော့ အချိုမှုန့်အရသာ၊ ဆေးသကြားအရသာနဲ့
တသက်လုံး ငယ်စဉ်ကတည်းက ထိတွေ့လာတဲ့ ဆင်းရဲသားလူတန်းစားတွေဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ သူတို့ဟာ ကြက်သားမှုန့်အရသာထဲမှာပါတဲ့ ဟင်းခတ်အမွှေးအကြိုင်အနံ့များကို
ကျနော်ဆိုင်က ကြေးအိုးဆီချက်ဆို သူတို့ မကြိုက်ပါဘူး။ တချို့ဆိုရင် လေးငါးဇွန်းလောက်သောက်ပြီး မျက်နှာရှူံ့မဲ့သွားတာကို တွေ့ရပါတယ်။ တချို့ဆိုရင် အရသာမရှိဘူးလို့ ဝေဖန်သွားပါသေးတယ်။ ပိုဆိုးတာကတော့ နည်းလို့တဲ့။ ဈေးကြီးလို့ဆိုတာတွေလည်း ပါပါတယ်။
အစာဆိုတာ ဆေးပါ။ ကိုယ်နဲ့ တည့်တဲ့အစာကိုပဲ စားသင့်တယ်ဆိုတာကို ကုရကြာတဲ့ သွေးတိုးလို၊ ဆီးချိုလို နာတာရှည်ရောဂါတွေဖြစ်မှ သိတာပါ။ မြန်မာပြည်မှာ ရှိတဲ့ ပြည်သူတွေအများစုဟာ နို့နဲ့ မတည့်ပါဘူး။ နို့သောက်ရင် အန်တဲ့သူ၊ ဗိုက်နာတတ်တဲ့သူများပါတယ်။
ဘာလို့လဲဆိုတော့ မပုပ်မသိုးဆေးတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို ဈေးပေါလို့ ၀မ်းဝအောင် စားနေကျတဲ့ အလေ့အထတွေကြောင့်လည်း ပါပါတယ်။ မြန်မာပြည်မှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးအဆင့်အတန်းဟာလည်း တနှစ်တခြား နိမ့်ကျလာပါတယ်။
ကာကွယ်ကုသမှုမရှိသဖြင့်လည်း ဖြစ်လာလျှင် ဆေးကုဖို့ ပိုက်ဆံကလည်း မတတ်နိုင်လောက်အောင် ဆင်းရဲမွဲတေကြသလို နည်းနည်းနာမကျန်းဖြစ်ပါကလည်း အစိုးရကနေ ဖိဖိစီးစီးလုပ်ပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ နည်းသလို ဆေးဝါးတွေ အလုံအလောက်မရှိတာတွေ
ကြောင့်လည်း ငွေမတတ်နိုင်လို့ ဆေးရုံဆေးခန်းသွားရင် မျက်နှာငယ်ပြီး သေနေ့စောင့်ရမည့်အတူတူ၊ ဘယ်လို အတိုင်းအဆတွေနဲ့ သုံးစွဲသင့်တယ်ဆိုတဲ့ မြန်မာတိုင်းရင်းဆေးတွေကိုပဲ လက်လှမ်းမိသလို ဘာရောဂါဖြစ်နေမှန်းတိတိကျကျမသိပ
ကုသမှုတွေများနေလို့ပါပဲ။ နောက်တချက်ကတော့ ဆေးဖိုးဝါးခ မတတ်နိုင်လို့ လူတွေအကြောက်တရားဖြစ်အောင် လူကြီးတွေက ငယ်စဉ်ကတည်းက ဆေးကြောက်အောင် ဆေးခန်းကြောက်အောင် အသိအမြင်ဗဟုသုတမရှိအောင် လုပ်ထားတာတွေကြောင့်လည်း ဆေးရုံဆေးခန်းတွေ
သွားတယ်ဆိုတာ ဆင်းရဲသား တောသားတွေ အတွင်းစိတ်ထဲအထိ အကြောက်တရားတွေအနေနဲ့ စွဲထင်နေလို့ပါပဲ။ အစိုးရကနေ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်နေထိုင်စားသောက်မှုတွေကို အဆင့်မမြင့်ပေးဘူးဆိုရင် ရှေ့လျှောက် မြန်မာတွေ မျိုးတုံးရတော့မှာပါ။ အပေါစား စားအုံးဆီတွေကိုပဲ
သုံးနိုင်တော့တယ်။ ၀မ်းဝဖို့အတွက် ငွေမရှိတော့ ပိုက်ဆံနည်းနည်းနဲ့ အရသာရှိရှိ ၀မ်းဝဖို့အတွက် အပုပ်အသိုးနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကိုသာ လက်လှမ်းမီသလို စားနေကြလို့လဲ ပါးစပ်တွေပျက်ပြီး အချိုအဆိမ့်၊ အငန်၊ အချဉ်စူးစူးတွေကို စားသုံးနေကြတာဟာ
အလေ့အထတစ်ခုလိုဖြစ်လာတယ်။ ရှေ့ရှောက်မပြုပြင်ပဲ နောင်နှစ် ၃၀လောက်ရောက်သွားရင် မြန်မာပြည်မှာ အသေစောမည့် လူတွေများလာမည်ဖြစ်ကြောင်းကို ကိုယ်တိုင်ခံစားနေရသော ကျနော်က လေးလေးစားစားဖြင့် တင်ပြမိပါသည်။ ကြေးအိုးချက်နည်းကိုလည်း
မည်သူမဆို ယူသုံးနိုင်သလို ထပ်ဆင့်ဝေမျှနိုင်ပါတယ်။ ကျနော့်နာမည်သုံးဖို့လည်း မလိုပါ။ ထိုနည်းကို သိပြီး အသက်မွေးဝမ်းကျောင်းပြုချင်သူမျ
အောင်ကျော်ဦး
No comments:
Post a Comment