Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 5, 2013

ခရီးဆောင် မိတ်ကပ်သေတ္တာထဲ ဘာတွေ ပါသင့်သလဲ


ခရီးသွားတဲ့အခါ ဒါမှမဟုတ် ဆွေမျိုးတွေ အိမ်ကို ညဉ့်အိပ်ညဉ့်နေ သွားလည်နေ တဲ့အခါ အလှကြိုက်တဲ့ အမျိုးသမီး အများစုဟာ မိတ်ကပ်သေတ္တာကို ဆောင်ယူသွားလေ့ ရှိပါတယ်။ အဲဒီ မိတ်ကပ် သေတ္တာက ကြီးကြီး၊ ငယ်ငယ် ပါဝင်တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။
တ်ခမ်းဆိုးဆေး အဆီ
နှုတ်ခမ်းသား အက်ကွဲမှုကို ကာ ကွယ်ပေးပြီး နှုတ်ခမ်းသားကို စိုပြည်လှပ စေတဲ့ နှုတ်ခမ်းနီ အမျိုးအစားကို ဆောင် ထားပါ။
မျက်တောင်ကော့ဆေးနှင့် အိုင်းလိုက်နာ
မျက်တောင်ကော့ဆေးနဲ့ အိုင်းလိုင် နာတွေကို သုံးတတ်ရင် ဆောင်ထားပါ။
ကွန်ဆဲလ်နှင့် ဖောင်ဒေးရှင်း ခရင်မ်
အသားအရေကို ပြစ်မျိုးမှဲ့မထင် ကြည့်ကောင်းစေမယ့် အရာတွေ ဖြစ်ပါ တယ်။
လက်သည်းဖျက်ဆေး
ဆိုးထားတဲ့ လက်သည်းနီဟာ အ ရောင်ပြယ်လွင့်သွားရင် အသုံးပြုနိုင်ဖို့ ဆောင်ထားပါ။
ခေါင်းဘီး
အလတ်စား ခေါင်းဘီး တစ်ချောင်း ကို ဆောင်ထားပါ။ ဆံပင်လိမ်း အသုံးအ ဆောင်တွေကိုလည်း ထည့်ထားပါ။
တွယ်ချိတ်
လိုအပ်လာရင် အဆင်သင့်ရှိနိုင်ဖို့ တွယ်ချိတ်နဲ့ ရင်ထိုးကို ဆောင်ထားပါ။
ဘလိတ်ဓား
မျက်ခုံးမွေး၊ ခြေသလုံးမွေးတွေ ရိတ် ရာမှာ အသုံးဝင်တဲ့ ဘလိတ်ဓားကို ဆောင် ထားပါ။
လိုးရှင်းဘူး
ခရီးဆောင်အရွယ်အစား လိုးရှင်း ဘူးသေးကို ဆောင်ထားပါ။
ချိုင်းလိမ်း ကိုယ့်နံ့ထိန်းတောင့်
ကိုယ်ရနံ့ အမြဲသင်းပျံ့နေစေဖို့ ဆောင်ထားသင့်ပါတယ်။
မိတ်ကပ် အသုံးအဆောင်များ
မိတ်ကပ်ရည်၊ ပါးနီ၊ ပေါင်ဒါမှုန့်နဲ့ တစ်သျှူးစတာတွေကိုလည်း ဆောင်ထား သင့်ပါတယ်။

ကြယ်စင်

No comments:

Post a Comment