Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 23, 2013

တကိုယ်ထဲ ဂူအောင်းကာသူပျော်.....


မြို့ပြစရိုက်နဲ့ ကျူပ်နဲ့မကိုက်တော့ပါ.
တောထဲကသစ်ပင်ပေါ် သွားနေမယ်၊ ကျားကြီးပဲ ကိုက်ပါစေ ကျေနပ်တယ် ဆိုတဲ့သီချင်းလေး ကျွန်တော် ခဏခဏ နားထောင်ဖြစ်တယ်။


အဲ့ဒီလိုလူတွေ တကယ်ရှိတာမှန်း ဒီနေ့ဒေးလီးမေးလ် သတင်းစာမှာ ဖတ်လိုက်ရပါတယ်။

တရုတ်ပြည် မြောက်ပိုင်း Gaoba ဆိုတဲ့ မြို့လေးက လူတစ်ဦးကတော့ အခြားသူတွေနဲ့ ဆက်ဆံရတာကို စိတ်ကုန်ပြီး တောထဲက တောင်ပေါ်တစ်ခုရဲ့ မြေပြင်ကနေ ပေ ၁၅၀ မြင့်တဲ့ နံရံတစ်ခုမှာ ဂူတစ်ခု တည်ဆောက်လို့ အခြားသူတွေနဲ့ လုံးဝ အဆက်အသွယ် မလုပ်ပဲ သီးခြား နေခဲ့တာ နှစ်ပေါင်းနှစ်ဆယ် ရှိသွားပြီလို့ The Mirror သတင်းစာက သတင်းထောက်တစ်ယောက် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၅၄ နှစ်ရှိတဲ့ Feng Mingshan ဆိုတဲ့အဲ့ဒီ ပုဂ္ဂိုလ်ကြီးဟာ 1993 ခုနှစ်ကတည်းက အဲ့ဒီ တောထဲပြောင်းရွှေ့လာတာဖြစ်ပြီး သူနေထိုင်တဲ့ ဂူပေါက်ကအစ တံခါးအထိ အားလုံးကို ဘာကိရိယာမှ မသုံးပဲ လက်နဲ့သာ တည်ဆောက်ထားတာလို့ သိရပါတယ်။

သူဟာ များသောအားဖြင့် အ၀တ်အစားတောင် မ၀တ်တော့ပဲ တောထဲ တောင်ထဲက သစ်ဥ သစ်ဖု တွေစားပြီးနေထိုင်နေတာပါ။

လူထူးဆန်းတွေဟာ ကမ္ဘာပေါ်မှာ အများကြီးရှိနေတာပါဘဲ...

(ဇော်လွင်ဝင်း)Zaw Lwin Win
Remote: The cave sits 50 metres above the ground and is inaccessible to most people
Isolated: Feng has chiselled handholds in the rock to help him get in and out of his remote house Happy home: Feng told reporters he enlarged the cave himself and likes it because it is cool in the summer

Pictured: The 'introverted' Chinese man who has spent the last 20 YEARS living in a mountain cave 50m above the ground and complete with front door

  • Feng Mingshan, 54, moved to the isolated cave in northwest China in 1993 
  • Enlarged cave using a hammer and even installed front door and curtains
  • Said he enjoys living there because it is cool in the summer
  • Eschewed modern conveniences and often seen walking around naked

No comments:

Post a Comment