Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

မြန်မာ-အမေရိကန် ဂလမ်ရာဇီ ရေခဲတောင်တက် ခရီးစဉ်



မြန်မာ-ဖုံရင် ခရီးသွား လုပ်ငန်းက စီစဉ်ပြီး Htoo Foundation မှ အဓိက ပံ့ပိုးကာ Air Bagan, AGD Bank, Myanmar Treasure Resorts, Aureum Palace Hotels & Resorts တို့ပူးပေါင်း ကူညီတဲ့ မြန်မာ - အမေရိကန် ချစ်ကြည်ရေး တောင်တက် အဖွဲ့ရဲ့ ဂမ်လန်ရာဇီ တောင်တက် ခရီးစဉ်ဟာ (၆)ရက်မြောက် နေ့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ရာသီဥတု၊ မတ်စောက်တဲ့ ကမ်းပါးရံတွေ၊ ကြမ်းတမ်းလွန်းတဲ့ မြေအနေအထားကြောင့် လူသားတို့ တစ်ကြိမ်တစ်ခါမျှ ခြေချဖူးခြင်း မရှိသေးတဲ့ ဒီဂမ်လန်ရာဇီ ရေခဲတောင်ကို မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်သမား (၇)ယောက်ဟာ သမိုင်းမှတ်တမ်း တစ်ခု ရေးထိုးလိုတဲ့ဆန္ဒ၊ မဆုတ်မနစ်တဲ့လုံလ၊ ပြင်းထန်လွန်းတဲ့ စိတ်ဇောထက်သန်မှုတွေနဲ့ တက်ရောက်နေပါပြီ။ ဂမ်လမ်ရာဇီ တောင်တက်အဖွဲ့ရဲ့ နေ့စွဲတစ်ခုချင်းအလိုက် သွားရောက်နေတဲ့ ခရီးစဉ်ကို သိရှိနိုင်ရန် ဖော်ပြလိုက်ပါတယ်။

နေ့စွဲ(၁) သြဂုတ်လ (၁၅)ရက်နေ့

ပူတာအိုကနေ မချမ်းဘော့ကို နံနက် လင်းအားကြီး အချိန်မှာ ကားနဲ့ စတင်ထွက်ခွာခဲ့ပြီး နံနက်(၆း၀၀)နရီတွင် ကချင်ပြည်နယ်၊ မချမ်းဘော ကျေးရွာမှ ခြေလျင်ခရီး စတင်ထွက်ခဲ့ရာ ညနေ (၃း၀၀) နာရီတွင် အလန်ဂါး ကျေးရွာသို့ ရောက်ရှိခဲ့ပါသည်။

နေ့စွဲ(၂) သြဂုတ်လ (၁၆)ရက်နေ့

ရာသီဥတု ဆိုးရွားနေသော်လည်း နံနက် (၆း၀၀) နာရီတွင် Alanga ကျေးရွာမှ ဆက်လက် ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ ပညာရေး လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပညာပေး ကူညီခြင်းများ၊ ဆေးဝါးလှူဒါန်းခြင်းများကို ဆောင်ရွက်ကာ Alanga ကျေးရွာနှင့် (၁၅)မိုင်ခန့် ဝေးကွာသော Htang Ga ကျေးရွာသို့ ညနေ (၄း၀၀) နာရီခန့်တွင် ရောက်ရှိခဲ့ကြပါသည်။

နေ့စွဲ(၃) သြဂုတ်လ (၁၇)ရက်နေ့

နံနက် (၆း၀၀) နာရီတွင် Htang Ga ကျေးရွာမှ ခရီးဆက်ခဲ့ရာ (၂၂)မိုင်ခန့် ဝေးကွာသော ဘာဘော့ ကျေးရွာသို့ ညနေ (၄း၀၀) နာရီတွင် ရောက်ရှိခဲ့ပါသည်။ ဘာဘော့ ကျေးရွာတွင် ဆက်လက် သွားရောက်မည့် လမ်းကြောင်းအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပြီး ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြ ပါသည်။

နေ့စွဲ(၄) သြဂုတ်လ (၁၈)ရက်နေ့

ဘာဘော့ ကျေးရွာကနေ နံနက်ပိုင်းမှာ ထွက်ခဲ့ပြီး (၁၃)မိုင် ခရီးရှိတဲ့ ဂါထုကျေးရွာမှာ ညအိပ်ရပ်နားခဲ့ပါသည်။ ယင်းခရီးလမ်း တောက်လျှောက်တွင် အပူချိန် ပြင်းထန်မှုကြောင့် မောဟိုက်သည့် ဒဏ်ကို အဖွဲ့သားများ ခံစားကြရသော်လည်း အဆင်ပြေ ချောမောစွာ အနားယူ နိုင်ခဲ့သည်။

နေ့စွဲ(၅) သြဂုတ်လ (၁၉)ရက်နေ့

ဂါထု ကျေးရွာမှ ကော်လဲ့ထု ကျေးရွာအသွား လမ်းခရီးတွင် ညွံ့တောများနှင့် ဗွက်တောများစွာကို ဖြတ်ကျော်ခဲ့ရသော်လည်း ချောချောမွေ့မွေ့ဖြင့် ကော်လဲ့ထု ကျေးရွာတွင် ညအပ်ရပ်နားခဲ့သည်။

နေ့စွဲ(၆) သြဂုတ်လ (၂၀)ရက်နေ့

နံနက်ပိုင်းတွင် ကော်လဲ့ထုမှ (၁၃)မိုင်ခန့် ကွာဝေးတဲ့ ပန်နန်းဒင်ကို ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ချောမောစွာ ရောက်ရှိခဲ့သည်။ လမ်းခရီးတွင် ကြီးမားသော တောင်တန်းတစ်ခုကို ကျော်ဖြတ်ခဲ့ရပြီး ရာသီဥတုကလည်း ပိုအေးလာခဲ့သည်။ အဖွဲ့ဝင်အားလုံး အနားမယူဘဲ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးရင်း နောက်တစ်နေ့ ခရီးစဉ်အတွက် တက်ကြွလျက် ရှိနေပါသည်။

Htoo Foundation

No comments:

Post a Comment