ပူနွေးစို စွတ်စိုသောရာသီဥတုဖြစ်သည့်အ
“အစားအစာတွေမှာ မှိုလေးတွေ ကပ်နေပြီဆိုရင် မစားသင့်တော့ဘူး။ အဲဒီမှိုလေးတွေက တစ်ခါတလေ မျက်စိနဲ့ တောင်မမြင်နိုင်ဘူး။ အဲဒီမှိုဆိပ် က ကင်ဆာ ရောဂါ ကိုဖြစ်စေတယ်။ ဆန်တွေမှာ မှိုတက်တယ်။ ဆေး လိုက်ပေမယ့် မပြောင်ဘူး။ ချက်လိုက်လည်း မှိုဆိပ်ပါ လာတယ်။ ပလတ်စတစ် နဲ့ထုပ်ထားတဲ့ အစားအစာဆို ပိုပြီးသတိထား၊ အခြောက်ခံ ထားတဲ့ အသီးအရွက် အသားငါး တွေလည်း မှိုတက်တာ တွေ့ရင် မ၀ယ်စားနဲ့ အန္တရာယ်ရှိတယ်”ဟု အသည်းအထူးကုဆရာဝန် ဒေါက်တာခင်မောင်ဝင်းက ပြောသည်။
မှိုဆိပ်ဆို သည်မှာ အန္တရာယ်ကြီးမားပြီး အစားအ စာများတွင် အလွယ်တကူဖြစ်ပေါ်တတ်သောအရာ ဖြစ်သည့်အလျောက် ဂရုစိုက်သင့် သလို အသီးအနှံများ မှာပင် အလွယ်တကူ ကပ်နိုင်သောအရာတစ်ခုဖြစ်သည်
“ကျန်းမာရေး အသိပေးလည်း သိပ်ဂရုမစိုက်ကြ ဘူး။ လွယ်လွယ်ကူကူ စားနေကြတာပဲ။ မှိုတက်တယ် ဆိုကတည်း က ဘက်တီးရီးယား ရှိနေပြီ။ ဒါဆိုမစားသင့် တော့ဘူး။ စားရင်ရောဂါဖြစ်မယ်။ အခုဆိုရင် ကင်ဆာ ရောဂါက ဖြစ်တာ များလာတယ်။ အစား အသောက် တွေကို ထိန်းသိမ်းထားတယ်ဆိုတာ နည်းစနစ် ရှိတယ်။ အအေးနဲ့ပဲ ထားထား၊ အပူနဲ့ပဲထားထား အရသာဓာတ် ပျက်သွားပြီဆို မစားသင့် တော့ဘူး။ ပူနွေးစိုစွတ်ရင် ဘက်တီးရီးယား တွေ ပေါက်ဖွားတယ်။ သာမန်မြင်နိုင် တာတော့ မှိုလေး တွေစွဲနေတာ။ အဲဒါကင်ဆာ ဖြစ်စေ တဲ့အရာပါ၊ သတိထားရမယ်”ဟု မြို့တော်စည်ပင်ကျန်း မာရေးဌာန မှဌာနမှူးဒေါက်တာမြတ်မွန်အေ
စားသောက်ကုန် များကို သက်ဆိုင်ရာဌာနများမှာ ကြပ်မတ်ကာ ရောင်းခွင့်ပေးရန်လိုအပ်သလိ
အစားအစာနှင့် အနီးစပ်ဆုံးရှိပြီး သတိမထားမိ တတ်သော မှိုဆိပ်မှာ ကင်ဆာရောဂါ၊ အဆုတ်ရောဂါ များကို အဓိက ဖြစ်ပွားစေသောအရာတစ်ခုဖြစ်သ
ပုစွန်ချဉ်တွင် ကင်ဆာ ဖြစ်စေ နိုင်သော ဓာတု ပစ္စည်း တွေ့ရှိ
ဈေးများ အတွင်းရောင်းချလျက်ရှိ သော ပုစွန်ချဉ်များ ကိုအစားအသောက် နှင့်ဆေးဝါး ကွပ်ကဲရေးဌာနမှ နမူနာယူ ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ကင်ဆာ ရောဂါကို ဖြစ်ပွားစေသော ဓာတုဆိုးဆေးများအသုံး ပြုထား ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပုစွန်ချဉ်များ တွင်အသုံးပြုထားသော ဓာတုဆိုး ဆေးများမှာ စားသောက်ကုန် များတွင် အသုံးမပြုရန် တားမြစ်ထား သော Rodamine B နှင့် Auramine O တို့ဖြစ်ပြီး အဆိုပါ ဓာတုဆိုးဆေးများမှာ လူသုံးကုန် ပစ္စည်းများတွင် ထည့်သွင်း အသုံးပြုသည့် ဆိုးဆေးများဖြစ်ပြီး အစား အသောက်များ တွင် ထည့်သွင်း အသုံးပြု ပါက ကင်ဆာရောဂါဖြစ်ပွား စေကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
“ဌာနအနေနဲ့ ရန်ကုန်မြို့တော် စည် ပင်သာယာရေး ကော်မတီက ဈေးတွေမှာ ရောင်းချ နေတဲ့ စားသောက်ကုန် ပစ္စည်းကို နမူနာ ပို့ပေးပါတယ်။ နမူနာပို့တဲ့ စား သောက်ကုန် တွေမှာ စားသုံး ရန်မသင့်တဲ့ ပစ္စည်း ဆိုရင် တရားဝင် ထုတ်ပြန်ပေးပါ တယ်။ အခုပုစွန်ချဉ် ကိုစစ်ဆေးတဲ့ အခါ မှာ စားသုံးရန် မသင့်တဲ့ ဓာတု ဆိုးဆေး ကိုတွေ့ရတယ်” ဟု ၎င်းကပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာနအစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန အနေဖြင့် စားသောက် ကုန်များ ထုတ်လုပ် ခြင်း၊ တင်သွင်းခြင်းများ အတွက် စား သုံးရန်သင့် မသင့်ကို ဓာတ်ခွဲစမ်း သပ်ပေး နေသလို ဈေးကွက် အတွင်းရောင်းချနေ သည့် ဆေးဝါး များကိုလည်း နမူနာယူကာ သုံးစွဲရန် သင့်မသင့်ကိုလည်း ဓာတ်ခွဲစမ်း သပ်ပေး လျက်ရှိသည်။ စားသောက်ကုန် များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းရောင်း ချခြင်း အတွက် ကျန်းမာရေး နှင့် ညီညွတ် စေရန် သတ်မှတ်ပေးထားပြီး သတ်မှတ် စည်းကမ်း အတိုင်း လိုက်နာခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈အရ အရေးယူ ခံရမည်ဖြစ်ပြီး မိုဘိုင်း ဓာတ်ခွဲခန်း ယာဉ်ဖြင့်လည်း ရှောင်တခင် ၀င်ရောက် စစ်ဆေး သွားမည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
လှိုင်လှိုင်
http://
No comments:
Post a Comment