CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မင်သော်ပါဝင်သောစီးကရက်များကသာမန်စီးကရက်များထက် ကျန်းမာရေးပိုထိခိုက်စေ
အမေရိကန် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး US FDA မှ သိပံ္ပနည်းကျလေ့လာမှုများအပြီး ထုတ်ပြန်ချက်တစ်ခုအရ မင်သော် အရသာစီးကရက်များက သာမန် စီးကရက်များထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေကြောင်း သိရသည်။ FDA ၏ စစ်တမ်းများအရ အမေရိက ၌ တစ်နှစ်လျှင် ဆေးလိပ်နှင့်ဆေးရွက် ကြီးသုံးစွဲမှုကြောင့် သေဆုံးသူ ၄၀ဝ၀ဝ၀ ခန့်ရှိကြောင်း သိရသည်။ အရွယ် ရောက်ပြီးသူဆေးလိပ်သောက်တတ် သူများ၌ မင်သော်ပါဝင်သော စီးကရက် သောက်သုံးသူ ၃၀%ခန့်ရှိပြီး ငယ် ငယ်ရွယ်ရွယ် စီးကရက်သောက်တတ် သူများ၌ မင်သော်စီးကရက် သောက် သုံးသူ ၄၀%ရှိကြောင်း သိရသည်။ မင်သော်ပါဝင်သောစီးကရက် သောက် သုံးခြင်းက စီးကရက်စွဲသည့်အကျင့် ကို ပိုမိုပြင်းထန်ပြီး နီကိုတင်းကို မှီခို သည့်လက္ခဏာများ ပိုမိုဖြစ်ပွားစေ ကာ ဆေးလိပ်ဖြတ်ရာ၌ အခက်အခဲ များကို ပိုမိုကြုံတွေ့စေကြောင်း သိရ သည်။
မိုင်ကိ
ွှThanks to Health Updates Journal
မင်သော်ပါဝင်သောစီးကရက်များကသာမန်စီးကရက်များထက် ကျန်းမာရေးပိုထိခိုက်စေ
Reviewed by
VC
on
August 15, 2013
Rating:
5
No comments:
Post a Comment