ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | သောကြာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၂၃ မိနစ်
ရှင်ဖုန်း၏ လေးခွေမြောက်တေး အယ်လ်ဘမ်အား စတင်အသံသွင်းလျက်ရှိကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။
ယင်းစီးရီးတွင် တေးသီချင်း ၁၀ ပုဒ်ပါဝင်ရန် စီစဉ်ထားပြီး ယခုအခါတွင် တေးသီချင်း ခြောက်ပုဒ်အား အသံသွင်းယူပြီးဖြစ်သည်။
“ဒီအခွေကို ရှင်ဖုန်းစိတ်ကြိုက်လုပ်ထားပါတယ်။ ဒီိအခွေထဲမှာ Techno၊ Dance
Music အမျိုးအစားတွေကိုလည်း ထည့်ထားပါတယ်။ Title ကို အားလုံးပြီးမှ
ပေးမှာပါ။ သီတင်းကျွတ်အမီ ထွက်ချင်ပေမယ့် အလုပ်တွေ မအား တာကြောင့် ၂၀၁၄
ခုနှစ် နှစ်ဆန်းအမီ ထွက်နိုင်အောင်ကြိုးစားနေပါတယ်”ဟု ရှင်ဖုန်းက ဆိုသည်။
ယင်းစီးရီးအား Hybrid Workshop Studio တွင် အသံသွင်းလျက်ရှိပြီး
ဝင်းမော်(ရွှေသံစဉ်)၊ ဆောင်းဦးလှိုင်၊ လူမောင် (ဆေး-၁)၊ နိုန၊ ရှင်ဖုန်း၊
ရဲဝင့်ထူးနှင့် မီးမီးခတို့က တေးသီချင်းများအား ရေးသားထားကာ
ချိုကြည်သာတေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်သည်။ ရှင်ဖုန်းသည်
“အလိုအပ်ဆုံးအရာ”၊ “ရင်ခုန်မိသူ”၊ “ကြင်နာသူကမ်း မယ့်လက်” စသောတေးအယ်လ်ဘမ်
များကို ထွက်ရှိထားသူဖြစ်သည်။
ရှင်ဖုန်း၏ လေးခွေမြောက်တေး အယ်လ်ဘမ်အား စတင်အသံသွင်းလျက်ရှိကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။
ယင်းစီးရီးတွင် တေးသီချင်း ၁၀ ပုဒ်ပါဝင်ရန် စီစဉ်ထားပြီး ယခုအခါတွင် တေးသီချင်း ခြောက်ပုဒ်အား အသံသွင်းယူပြီးဖြစ်သည်။
“ဒီအခွေကို ရှင်ဖုန်းစိတ်ကြိုက်လုပ်ထားပါတယ်။ ဒီိအခွေထဲမှာ Techno၊ Dance Music အမျိုးအစားတွေကိုလည်း ထည့်ထားပါတယ်။ Title ကို အားလုံးပြီးမှ ပေးမှာပါ။ သီတင်းကျွတ်အမီ ထွက်ချင်ပေမယ့် အလုပ်တွေ မအား တာကြောင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းအမီ ထွက်နိုင်အောင်ကြိုးစားနေပါတယ်”ဟု ရှင်ဖုန်းက ဆိုသည်။
ယင်းစီးရီးအား Hybrid Workshop Studio တွင် အသံသွင်းလျက်ရှိပြီး ၀င်းမော်(ရွှေသံစဉ်)၊ ဆောင်းဦးလှိုင်၊ လူမောင် (ဆေး-၁)၊ နိုန၊ ရှင်ဖုန်း၊ ရဲဝင့်ထူးနှင့် မီးမီးခတို့က တေးသီချင်းများအား ရေးသားထားကာ ချိုကြည်သာတေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်သည်။ ရှင်ဖုန်းသည် “အလိုအပ်ဆုံးအရာ”၊ “ရင်ခုန်မိသူ”၊ “ကြင်နာသူကမ်း မယ့်လက်” စသောတေးအယ်လ်ဘမ် များကို ထွက်ရှိထားသူဖြစ်သည်။
No comments:
Post a Comment