Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 11, 2013

" ဝါရှင်တန်ပို့စ်သတင်းစာ ဒေါ်လာသန်း ၂၅ဝ နှင့် ရောင်းပြီ "


အင်တာနက် သတင်းခေတ်တွင် ရှင်ကျန်ရစ်နိုင်ရန် အမေဇုန်တည် ထောင်သူ ဂျက်ဖ်ဘီဇိုကို သမိုင်းဝင် သတင်းစာ ဝါရှင်တန်ပို့စ်အား အမေရိ ကန်ဒေါ်လာ သန်း ၂၅ဝ ဖြင့်ရောင်းချ လိုက်ကြောင်းကို တနင်္လာနေ့တွင် Post သတင်းစာက ကြေညာလိုက်သည်။ 

ယမန်နှစ်က ကန်ဒေါ်လာ ၅၃ ဒသမ ၇ သန်းရှုံးကာ ယခုနှစ် ဒုတိယ လေးလပတ်တွင်လည်း ကန်ဒေါ်လာ ၁၄ ဒသမ ၈ သန်းရှုံးပြီးသည့် နောက်သတင်းစာကို ရောင်းချလိုက်ခြင်းဖြစ် သည်။ ၎င်းမှာ သမားရိုးကျ ပုံနှိပ်လုပ်ငန်းကို အင်တာနက်မှ ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။

ခုနစ်နှစ်တာ ကာလအတွင်း ဝင် ငွေများကျဆင်းပြီးနောက် ဝါရှင်တန် ပို့စ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ အတွက် သူနှင့် တူမဖြစ်သူ ပို့စ်ထုတ်ဝေ သူ ကက်သရင်းဝေးမောက်တို့တွင် အဖြေမရှိကြောင်းကို အမှုဆောင်အရာ ရှိချုပ် ဂရေဟမ်က ဝန်ခံပြောကြားသည်။ အွန်လိုင်းလက်လီဈေးကွက် တွင် အောင်မြင်နေသည့် အမေဇုန်အနေဖြင့် ဝါရှင်တန်ပို့စ်ကို
သမားရိုးကျပုံနှိပ် သတင်းစာပုံစံမှ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲပြစ်ရမည်ဖြစ်သည်။ သတင်းမီ ဒီယာလုပ်ငန်း၏ အခြေခံအင်္ဂါရပ် အား လုံးကို အင်တာနက်က ပြောင်းလဲပုံဖော်
နေသည်။

ယခုလုပ်ငန်းတွင် လမ်းညွှန် မြေပုံမရှိပါ။ လမ်းကြောင်းတစ်ခုပုံဖော် ရသည်မှာလည်းလွယ်ကူသည့် အလုပ် မဟုတ်ပါဟု အမေဇုန်တည်ထောင်သူ မာလတီဘီလျံနာဘီဇိုက ပြောကြားသည်။၁၉၇၄ ခုနှစ်က အမေရိကန် သမ္မတ နစ်ဆင်နုတ်ထွက်သွားရသည့် ဝါးတားဂိတ် သတင်းခိုးနားထောင်မှုကို ဝါရှင်တန်ပို့စ်က သတင်းဖော်ပြနိုင်ခဲ့ သည်။ ထိုအချိန်က စီအီးအိုဖြစ်သော ကွယ်လွန်သူ ကတ်သရင်းဂရေဟမ်၏
မြေးဖြစ်သူ ကတ်သရင်းဝေးမောက်ကို အမေဇုန်ပိုင် ပို့စ်၏ စီအီးအိုနှင့်ထုတ်ဝေ သူအဖြစ် ဆက်လက်ထားရှိမည်ဟု သိရသည်။

Ref: Washinhton Posts

No comments:

Post a Comment