Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 14, 2013

အိမ်၊ ခြံ၊ မြေဈေးနှုန်း အဆမတန် မြင့်တက်လာသော်လည်း အရှေ့တောင် အာရှတွင် မြန်မာ့ အိမ်ခြံမြေ ဈေးမှာ အဆင့်ခုနစ်သာရှိ



ရန်ကုန် သြဂုတ် ၁၃
မြန်မာ့အိမ်ခြံမြေ ဈေးနှုန်းသည်၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ဈေးနှုန်းများ အဆမတန် မြင့်တက် လာခဲ့သော်လည်း အရှေ့တောင် အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆင့်ခုနစ်နေရာ တွင်သာ ရပ်တည်နေသည်ဟု စင်ကာပူနိုင်ငံ အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် Far East Organization ကုမ္ပဏီမှ ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။
အရှေ့တောင် အာရှတွင် အိမ်ခြံမြေဈေး အမြင့်ဆုံးနိုင်ငံအဖြစ် စင်ကာပူနိုင်ငံမှ ရပ်တည်နေပြီး အဆင့်နှစ်နှင့် အဆင့်သုံးနေရာ တို့တွင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ရပ်တည်နေသည်ဟု ၄င်းက ထပ်မံ ပြောကြားခဲ့သည်။
မြန်မာ့အိမ်ခြံမြေ ဈေးနှုန်းမှာ ကမ္ဘာ့အမြင့်ဆုံး အိမ်ခြံမြေ ဈေးနှုန်းနီးပါး အထိရောက်ရှိနေသည် ဟူသော သတင်းမှာ မဟုတ်မှန်သည့် အပြင် ပြည်တွင်း အိမ်ခြံမြေဈေးကွက် အတွင်းရှိ အိမ်ခြံ မြေအကျိုးဆောင်များ၏ လှည့်ကွက်တစ်ခုသာ ဖြစ်သည်ဟု ၄င်းက သုံးသပ်ပြောကြားခဲ့သည်။
''ကမ္ဘာ့အမြင့်ဆုံး ဈေးနှုန်းနီးပါး ရောက်တယ်ဆိုတာ မဟုတ်ဘူး။ အကျိုးဆောင်တွေရဲ့ လှည့်ကွက် တစ်ခုပါ။ တခြားနိုင်ငံက ဈေးနည်းတဲ့ နေရာနဲ့တော့ မယှဉ်နဲ့လေ။ သေချာတာ ကတော့ စင်ကာပူ ထက်တော့ ဈေး မကြီးပါဘူး'' ဟု ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။
သို့သော် ပြည်တွင်း၌ ဖြစ်ပေါ်နေသော အိမ်ခြံမြေ ဈေးနှုန်းကို နိုင်ငံတော် အစိုးရမှ စနစ်တကျ ထိန်းသိမ်းပေးရန် လိုအပ်နေပြီး ထိန်းသိမ်းနိုင်ခြင်း မရှိပါက အိမ်ခြံမြေများသည် ငွေကြေး တတ်နိုင်သူများသာ ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး လူလတ်တန်းစားများ အနေဖြင့် ပိုင်ဆိုင်ခွင့် ဝေးနေမည် ဖြစ်ကြောင်း City View အိမ်ခြံမြေ အကျိုးဆောင် ကိုကျော်ဆန်းက သုံးသပ် ပြောကြားခဲ့သည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် စိတ်ဝင်စားမှုများ ရှိလာသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်မြေကွက် များ ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များထံက သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရွှေလင်ဗန်း စက်မှုဇုန် အတွင်းရှိ မြေများအနေဖြင့် တစ်ဧကလျှင် ငွေကျပ်သိန်း ၄၅ဝဝ ခန့်နှင့် ဒဂုံဆိပ်ကမ်း စက်မှုဇုန် မြေများမှာ တစ်ဧက ငွေကျပ်သိန်း ၃၅ဝဝ ခန့်အထိ ပေါက်ဈေးရှိ နေသော်လည်း ဝယ်ယူမှုနည်းပါး နေကြောင်းသိရသည်။
ကွန်းဇော်

No comments:

Post a Comment