ဇော်ဇော်ထွေး | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၃ မိနစ်
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲများသည် မင်္ဂလာဈေးအနီးတွင် ပြည့်တန်ဆာများရှိနေကြောင်း
နံနက် ၂ နာရီတွင် ဦးမောင်မောင်ဦးသည် မင်္ဂလာဈေး ၀င်ပေါက်ထွက်ပေါက်အနီး၌ သွေးဆောင်နေသည့် ပြည့်တန်ဆာ နှစ်ဦးကို ၎င်းတို့ကို ကြီးကြပ်သူထံမှ ရဲများက ကြိုတင်နံပါတ်မှတ်ထားသော ပိုက်ဆံများဖြင့် ခေါ်ယူ ခဲ့သည်ဟု ဆိုသည်။
ပြည့်တန်ဆာနှစ်ဦးသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများဖြစ်ကြပြီး ၎င်းတို့ကို ဟိုတယ်တစ်ခု ရှေ့တွင် ရဲများက ဖမ်းဆီးခဲ့ပြီး သူတို့လက်ထဲတွင်လည်း ကြိုတင်နံပါတ်မှတ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူတစ်ရွက်စီ သိမ်းဆည်းရမိခဲ့ကြောင်းလည်း
ပြည့်တန်ဆာအဖြစ် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးပြီးနောက် သူတို့ကိုကြီးကြပ်သည့်သူကို
ထိုသူသုံးဦးကို မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုအမှတ် (ပ)၅၉၃/၂၀၁၃ဖြင့် လည်းကောင်း၊ (ပ)၅၉၄/၂၀၁၃ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်ထားပြီး မိန်းကလေးငယ်နှစ်ဦးကို ပြည့်တန်ဆာပပျောက်ရေး ဥပဒေပုဒ်မ ၃(က)(ခ)ဖြင့် တရားစွဲမည်ဖြစ်သလို၊ ၎င်းတို့ကိုကြီးကြပ်သူကိုမူ ထိုဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု ရဲကသတင်းထုတ်ပြန်သည်။
Mizzima - News in Burmese
No comments:
Post a Comment