Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 14, 2013

ဂျပန်မှိုနှင့် တရုတ်မုန်ညင်းကြော်




Wednesday, August 14, 2013

သက်သတ်လွတ် ဂျပန်မှိုနှင့် တရုတ်မုန့်ညှင်းကြော်ပါ။
Shimeji မှိုနဲ့ မုန်ညင်းနဲ့ လိုက်ဖက်တာမို့ အရသာကောင်းမွန်ပြီး ကြိုက်နှစ်သက်ကြမှာပါ။ ဒါကြောင့်Shimeji မှိုကို
အချိန်တိုတွင်းမှာပဲ တူတူလုပ်စား ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ
....................
၁။ တရုတ်မုန်ညင်း - ၂စည်း (၂ပိုင်းပိုင်း ဖြတ်ထားပါ)
၂။ Shimeji မှို - ၁ထုပ် (ဃငအပ မြေအ တွင် ၀ယ်ယူနိုင်သည်)
၃။ ကြက်သွန်ဖြူ - ၃မြွှာ (နုပ်နုပ်စဉ်းထားပါ)
၎။ သကြား - စားပွဲဇွန်း တစ်ဝက်
၅။ ပဲငံပြာရည်(အကြည်) - စားပွဲဇွန်း ၁ဇွန်းခွဲ
၆။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
၇။ ဟင်းရွက်ဆီ - စားပွဲဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း
.....................
၁။ အရင်ဆုံး ဒယ်အိုးထဲ ရေများများထည့်ပြီး
ဆူလာလျှင် ဆား(အနည်းငယ်) နှင့် Shimeji မှိုများကို ၂မိနစ်ခန့်
ပြုတ်ပေးပါ။ ပြီးမှ ဆန်ခါဖြင့် ပြန်ဆယ်ထားပါ။

၂။ ထို့နောက် ဒယ်အိုးထဲ ဆီ(စားပွဲဇွန်း ၂ဇွန်း) ထည့်ပြီး
ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။

၃။ ပြီးနောက် Shimeji မှို၊ မုန်ညင်းဖြူ၊ ပဲငံပြာရည်၊သကြားတို့ကို ထည့်ပေးကာ ၁မိနစ်ခန့် ရောကြော်ပေးပါ။

၎။ နောက်ဆုံးမှ ငရုတ်ကောင်းမှုန့် လေးများဖြူးပြီး မီးပိတ်လိုက်ပါ။

(သို့)

၅။ ခွက်တစ်ခုထဲ (Shimeji မှို၊ မုန်ညင်းဖြူ၊ ပဲငံပြာရည်၊
သကြား၊ ကြက်သွန်ဖြူ ဆီချက်)ထည့်ကာ Microwave ဖြင့်
၃ မိနစ်ခန့် ကြော်ပေးပြီးသုံးဆောင်လျှင်လည်းရသည်။

၆။ အရသာရှိသော Shimeji မှို နှင့် မုန်ညင်းဖြူကြော်ကို
သုံးဆောင်လို့ရပါပြီ။


• Wutyee Food House

No comments:

Post a Comment