Written by ကေတု
ရန်ကုန် သြဂုတ် ၁၃
ရန်ကုန်မြို့၏ အချက်အချာကျသော မြို့နယ်များတွင် အဆောင် ငှားရမ်းမှုများ မြင့်တက်လာခြင်းနှင့် အတူ တိုက်ခန်းများကို အဆောင်အဖြစ် ပြောင်းလဲ ငှားရမ်းမှုများလည်း များပြားလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများ ထံက သိရသည်။
အဆောင် ငှားရမ်းခ နှုန်းထားများမှာ စမ်းချောင်း၊ လမ်းမတော်၊ လသာအစ ရှိသော မြို့နယ်များတွင် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းခန့် ပေးရပြီး ကြည့်မြင်တိုင်၊ အလုံ၊ တာမွေ၊ ကျောက်တံတား အစရှိသောမြို့နယ်များတွင် တစ်ဦးလျှင် ငွေကျပ် တစ်သောင်း ရှစ်ထောင်ခန့် ပေးရကြောင်း သိရသည်။
တချို့ မြို့နယ်များတွင် တိုက်ခန်းများ ငှားရမ်း ရာ၌ အထပ်ြမင့်သော်လည်း တစ်လလျှင် ငွေကျပ်တစ်သိန်း နှစ်သောင်းမှ တစ်သိန်း ခြောက်သောင်း အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် တိုက်ခန်းပိုင်ရှင်များ အနေဖြင့် အဆောင်အဖြစ် အခန်းများဖွဲ့၍ ငှားရမ်းပါက ငွေကြေး အမြတ်အစွန်း ပိုမို ရရှိနိုင်သောကြောင့် တိုက်ခန်းများ အတွင်း အခန်းဖွဲ့၍ အဆောင်ပုံစံအဖြစ် ပြောင်းလဲ ငှားရမ်း လာကြသည်။
myawaddy
No comments:
Post a Comment