မြန်မာနိုင်ငံ၏ ၂ဝဝ၈ ခုနှစ် မော်ဒယ်များကို အမည်ပေါက် ချပေးသွားမည် ဆိုသော သတင်း များကြောင့် ပြည်တွင်း မော်တော်ယာဉ် အရောင်းဈေးကွက်ကြီး တစ်ခုလုံး ကားရောင်းချရမှုမှာ မရှိသလောက် အေးစက် သွားကြောင်း Farmar Auto ကားအရောင်း ပြခန်းမှ အရောင်း မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။
''အမည်ပေါက်ကို ၂ဝဝ၈ ခုနှစ်အဖြစ် ပြောင်းလဲချပေးမယ် ဆိုတော့ ကားဝယ် ယူသူတွေက ၂ဝဝ၇ ကို မဝယ်တော့ဘဲ စောင့်မယ်ပဲ ပြောနေကြတယ်။ ဒါကြောင့် ကားအရောင်းကျ သွားရတာပါ'' ဟု ၄င်းက သုံးသပ် ပြောကြားခဲ့သည်။
၂ဝ၁၂ ခုနှစ် မေ ၇ ရက်က ကားတင် သွင်းသူများအား ၂ဝဝ၇ ခုနှစ် မော်ဒယ်လ်ကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု ခဲ့ပြီးနေက် မော်တော်ယာဉ် ဈေးနှုန်းများမှာ တစ်ဟုန်ထိုး ကျဆင်းသွားကာ ပြည်တွင်း၌ ကားဝယ်ယူ စီးနင်းမှုမှာလည်း ရာနှုန်းပြည့်မြင့် တက်သွား ကြောင်း သိရသည်။
ပြည်တွင်းကား တင်သွင်းမှုများသည် ဆီစားနှုန်း သက်သာသော ၁၃ဝဝ စီစီ ကားများကိုသာ အဓိက တင်သွင်းနေပြီး အိမ်စီးကား များမှာလည်း အခွန် သက်သာသော၊ အင်ဂျင်ပါဝါ ငယ်သော ကားများကိုသာ အဓိက တင်သွင်းကြကြောင်း သိရသည်။
ယခုအချိန်တွင် ပြည်တွင်း မော်တော်ယာဉ် တင်သွင်းမှုများကို ၂ဝဝ၈ ခုနှစ် မော်ဒယ်လ်ဖြင့် အစားထိုး တင်သွင်းခွင့်ပြုမည် ဆိုသော သတင်းများကြောင့် ကားအရောင်း ပြခန်းများမှာ အရောင်းအဝယ် အေးစက်သွားပြီး ယခင် တင်သွင်းထားသော ၂ဝဝဝ မှ ၂ဝဝ၇ ခုနှစ်အထိ မော်တော်ယာဉ်များမှာ အရောင်းအေးစက် သွားကြောင်း သိရသည်။
မော်တော်ယာဉ် အရောင်းပြခန်းများမှာ ၂ဝဝ၇ ခုနှစ်နှင့် ပရိုဘောက်ကားများ ကိုသာ အဓိက တင်သွင်းရောင်းချနေ သောကြောင့် အဆိုပါမော်တော်ယာဉ် တင်သွင်းမှုမှာလည်း မရှိ သလောက် ဖြစ်သွားကြောင်း သိရသည်။
အစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက်ကို အဓိကဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့ပြီး၂ဝဝ၈ ခုနှစ် မော်ဒယ်လ်ကို တင်သွင်းခွင့်ပြု လိုက်ပါက တင်သွင်းပြီး ၂ဝဝ၇ ခုနှစ် မော်ဒယ်လ်များမှာ အရောင်း ရပ်သွားနိုင်ကြောင်း ဝါရင့် မော်တော်ယာဉ် ဝယ်ရောင်း တစ်ဦးက ပြောကြားခဲ့သည်။
No comments:
Post a Comment