Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 22, 2013

“ပျင်းလို့ လူသတ်တာပါ”ဆိုတဲ့ အမေရိကန်က ဖြစ်ရပ်

Bored Teens Shoot Man: Christopher Lane College Allegedly Gunned Down For The Fun Of It

 

Thursday, August 22, 2013

အမေရိကန်နိုင်ငံ၊ အိုကလာဟားမားပြည်နယ် ဒန်ကန်မြို့ရှိ ချစ်သူမိန်းကလေး၏ မိသားစုရှိရာသို့ အလည်အပတ် လာရောက်သည့် အသက် ၁၇ နှစ်အရွယ် သြစတေးလျ ကျောင်းသားတစ်ဦး ကို သေနတ်သမား သုံးဦးမှ ပစ်သတ် ခဲ့သည့် ဖြစ်ရပ်တစ်ခု လွန်ခဲ့သော သတင်းပတ်တွင် ဖြစ်ပွားခဲ့သည်။

ယင်းသတ်ဖြတ်မှုအား ကျူးလွန်သည့် တရားခံ သုံးဦးအနက်မှ တစ်ဦးက “ကျွန်တော်တို့က ဘာမှ လုပ်စရာမရှိတဲ့ အတွက် ပျင်းလာပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို သတ်ဖို့ဆုံးဖြတ်ခဲ့တာပါ” ဟု ရဲများအား ထွက်ဆို ခဲ့သည်ဟု သိရသည်။

အဆိုပါသတင်းကို ကြားသိရသည့်အတွက် “ကျွန်တော်အနေနဲ့ အိုကလာဟားမားမှာ ဒီလိုဖြစ်နေတာကို ကြားသိရတော့ အရမ်းကိုဝမ်းနည်းရပါတယ်” ဟု ယင်းဒေသအခြေစိုက် အက်တလန်တစ် သတင်းဌာနက စာတည်းကလီမွန် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် “၀မ်းနည်းဖို့ ကောင်းပြီး၊ နိုင်ငံတကာမှာပါ အရှက်ရစေတဲ့ အိုကလာဟားမားသတင်းဟာ လက်နက် ကိုင်ဆောင်မှု ထိန်းချုပ်ရေးမှာ ကိုင်ဆောင်သူရဲ့ နောက်ခံသမိုင်းကြောင်းကို စစ်ဆေးဖို့လောက်အထိသာ သဘောတူခဲ့တဲ့ အထက်လွှတ်တော်အမတ်တွေအတွက် ရှက်သင့်တဲ့ကိစ္စရပ်တစ်ခုပါ” ဟု လည်း စာတည်းကလီမွန်က ဝေဖန်ထားသေးသည်။

သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးအတွက် မူဝါဒပြုပြင်ပြောင်းလဲနိုင်သူများအတွက် ယခုလို အခြေအနေ မျိုးကို တိုးတက်အောင် ဆောင်ရွက်သင့်သည်ဟုလည်း ၎င်းစာတည်းက တိုက်တွန်းထားသည်။

Mizzima - News in Burmese

No comments:

Post a Comment