Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 18, 2013

ငါးရံ့ ဆီပြန်



ငါးရံ့ အကောင်ကို ရေဆေးပြီး အကွင်းလေးတွေ တုံးပါ။ ပြီးလျှင် ဆား၊အသားမှုန့်၊ငံပြာရည်၊နနွင်းမှုန့်တို့ဖြင့် နယ်ကာနာရီဝက်ခန့်နှပ်ထားပါ၊ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ဂျင်းနှင့် ငရုတ်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးလာပါက ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့် ပြီးမွှေပါ။ ခရမ်းချဉ်သီးများ ကြေပြီးအနှစ်ဖြစ်လာလျှင် နယ်ထားသောငါးများ ကိုထည့်ပြီး တဖက်သို့ အသာမွှေ၍ ခရမ်းချဉ်သီးအနှစ်နှင့် ခဏလုံးပေးပါ။ငါးအသားများတင်းတင်းလေး ဖြစ်လာလျှင် ရေအနည်းငယ်ထည့်ကာငါးများကို ပွက်ပွက်ဆူလာပြီး ဆီပြန်သည်အထိတည်၍ ငါးများကို တဖက်သို့ဖြေးဖြေးလှန်ပေးပါ။ ပွက်ပွက်ဆူလာပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ နံနံပင် (သို့ ) ရှမ်းနံနံ၊ ငရုတ်သီးစိမ်းတို့
အုပ်ကာ ငါးရံ့ ဆီပြန်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

No comments:

Post a Comment