Written by ရွှေတည်
ရွှေဘို သြဂုတ် ၁၉
စစ်ကိုင်း- ရွှေဘို ခရိုင်ချင်းဆက် လမ်းမကြီးအနီးတွင် ဒလက်ခြောက်ခု တပ်ဆင်ထားသည့် ဗုံးသီး ၂၂ လုံးကို သြဂုတ် ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း ရဲဌာနပိုင် မှတ်တမ်းများ၌ ဖော်ပြထားသည်။
ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲ အမှတ်(၂) ရပ်ကွက်နေ ဈေးရောင်းလုပ်ငန်း လုပ်ကိုင်သူ ဦးဆန်းအေး ဆိုသူက ခရိုင်ချင်းဆက် လမ်းမကြီးရှိ ၁၄ မိုင် လမ်းဆုံ၏ အနောက်တောင်ဘက် ကိုက် ၁ဝဝ ခန့်အကွာ နေရာရှိ မြေကြီးပေါ်တွင် ဒလက်တစ်ခု ပေါ်နေသည်ကို စတင် မြင်တွေ့ခဲ့ရသဖြင့် ရဲစခန်းသို့ အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။
ထိုသူ၏ အကြောင်းကြားချက် အရ ကျောက်မြောင်း ရဲစခန်းမှူး ဒုတိယရဲအုပ် မြင့်ကျော်နှင့် ပူးပေါင်းအ ဖွဲ့သည် အဆိုပါနေရာသို့ သွားရောက် တူးဖော်စစ်ဆေးခဲ့ရာ အလျား ၁၅ လက်မ၊ လုံးပတ် ၁ဝ လက်မ၊ ဒလက်ခြောက်ခုပါ ဗုံးသီး ၂၂ လုံးကို တွေ့ရှိခဲ့ရသည်။ တွေ့ရှိခဲ့ရသော ဗုံးသီး ၂၂ လုံးမှာ ၃ လက်မ စိန်ပြောင်းပစ် ဗုံးသီးများဖြစ်နိုင်ကြောင်း၊ အဆိုပါ ဗုံးသီးများမှာ သံချေးတက်နေသည်ကို တွေ့ရှိရသဖြင့် စစ်ကျန် ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment