
ဇူလိုင်လက တွေ့ရတဲ့ ရန်ကုန်လေဆိပ် မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
ကားခမှာ နိုင်ငံခြားသား တဦးလျှင် ၅ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးလျှင် ၃,၅၀၀ ကျပ် ဖြစ်ကြောင်း Yangon Airport Shuttle ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။
“လေဆိပ်မှာ တက္ကစီတွေ အလုအယက် ခေါ်နေကြတာတွေကို တွေ့တော့ တနည်းနည်း နဲ့ ရှင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သဘောပါ။
VIP ကားတွေနဲ့ နိုင်ငံခြားသားအချို့အတွက် Wheel Chair Lift ပါတဲ့ ကားတွေလည်းဆွဲပေးဖို့ရှိတယ်” ဟု ဦးကျော်ကျော်က ဆိုသည်။
လေဆိပ်မှ ရန်ကုန်မြို့တွင်း ဆူးလေဘုရား၊ ပန်းဆိုးတန်းလမ်းအထိ ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ကမ္ဘာအေးလမ်းကြောင်း ၃ ခု အတိုင်း ပြေးဆွဲမည် ဖြစ်ကြောင်း၊ သိရှိရသည်။
ခရီးသည် ၁၅ဦးဆံ့သည့် Airport Shuttle ၄ စီးဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း၊
ဝန်ဆောင်မှုများ အတွက် လေဆိပ်အတွင်း ကောင်တာ ဖွင့်ရေးအတွက် ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊
ဖုန်းဆက်ခေါ်လျှင် အိမ်တိုင်ရာကြိုသည့်စနစ်ဖြင့် လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော ရန်ကုန်လေဆိပ်တွင် ခရီးသည်စောင့်ဆိုင်းနေသော ပါရမီ၊ ရွှေပျံလွှား၊ ရွှေလွန်းပျံကုမ္ပဏီတို့မှ တက္ကစီ စီးရေ ၃၀၀ နီးပါးရှိသည်ဟု ဆိုသည်။
ရွှေပျံလွှားကုမ္ပဏီမှ အငှားယာဉ်မောင်းတဦးဖြစ်သူ ကိုကျော်သူရလှိုင်က ...
“အပြိုင်အဆိုင်ဖြစ်လာတော့ ၀န်ဆောင်မှု ကောင်းတဲ့သူက အသာရမှာပေါ့။
ကျနော်တို့က ခရီးသည်တယောက်ကို မြို့ထဲခရီးကို ၇,၀၀၀ ကျပ် ယူတယ် ဆိုတာက ကားတစီးလုံးကို ငှားပေးတဲ့သဘောလေ၊
သူတို့က ၃,၅၀၀ ကျပ်နဲ့ယူတယ်ဆိုတာက လူအများစုနဲ့တင်တာကိုး၊ လုပ်ငန်းပိုင်းမှာ ထိခိုက်မှုလည်း နည်းနည်းတော့ရှိနိုင်တာပေါ့” ဟု ပြောသည်။
မေစစ်ပိုင် -
No comments:
Post a Comment