Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 14, 2013

~Invalidation, Co-dependence & Suppression~


Invalidation
စိတ်ပညာမှာ အခြားတစ်ပါးသူတစ်ယောက်ယောက်ကြောင့် စိတ်ဆင်းရဲရတာမျိုး၊ စိတ်ဓါတ်ကျရတာမျိုး၊ စိတ်အလိုမကျဖြစ်ရတာမျိုးတွေကို Invalidation လို့ခေါ်တယ်။ Invalidation ဖြစ်ရတဲ့အဓိကအခြေခံအကြောင်းရင်းက အသိအမှတ်ပြု ခံလိုမူကြောင့်ပဲဖြစ်တယ်။

လူ့သဘာဝအရတော့လူဆိုတာ အသိအမှတ်ပြုခံလိုတဲ့သတ္တ၀ါပါပဲ။ ဒါပေမယ့် ကောင်းတာလုပ်လို့ ကောင်းတယ်လို့အသိမှတ်ပြုခံရတာမျိုးဟာ မှန်ကန်တဲ့အသိအမှတ်ပြုခံလိုမူဖြစ်ပေမယ့်၊ လူတစ်ယောက်ဟာ ကောင်းတယ်လို့အထင်ခံချင်လို့ ကောင်းတာလုပ်ပြတာဖြစ်စေ၊ ကောင်းတယ်လို့အထင်မခံရလို့ အရွဲ့ တိုက်ပြီးဆိုးတာတွေလုပ်ပြနေရင်ဖြစ်စေ Invalidation လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်တဲ့သဘောကိုပြတယ်။

အသိမှတ်ပြုခံလိုမူဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မူမပြည့်ဝသေးတဲ့ ဆယ်ကျော်သက်ဘ၀တွေမှာ အစွန်းရောက်တတ်ကြတယ်၊ အသိအမှတ်ပြုခံလိုမူနဲ့ အသိအမှတ်ပြုမခံရတာကို တုံ့ပြန်တဲ့အခါ၊ အလွန်အကျူးလိုက်လည်းပြခြင်း၊ ဆန့်ကျင်ပြတတ်ခြင်း၊ အပြောအဆိုအပြုအမူ သာမာန်ထက်ပိုပိုသာသာ ပြုမူခြင်း၊ စိတ်ကူးယဉ်ချဲ့ ကားတွေတောခြင်း၊ မလိုအပ်သောအသေးဖွဲများကို အကျယ်ချဲ့ ခံစားပြတတ်ခြင်း၊ တစ်ဆိတ်ကိုတစ်အိတ်လုပ် (သေးသည့်ပြဿနာကို ကြီးမားသယောင်ခံစားပြခြင်း)၊ ဖြစ်သင့်သည်ကို ဖြစ်လိုသည့်ဆန္ဒဖြင့် ဆုံးဖြတ်ပြုမူခြင်း၊ ကိုယ့်ကိုယ်ကိုထိခိုက်နာကျင်စေလိုခြင်း စတဲ့ပုံမှန်မဟုတ်တဲ့အပြုအမူတွေ ပြုမူပြောဆိုတတ်ကြတယ်။

Co-dependence
အများနဲ့နေကြရတဲ့လူဆိုတာ ကိုယ့်ကိုယ်ကိုသိပ်ဗဟိုပြုတွေးလွန်းတာ မကောင်းပေမယ့်၊ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေဟာ အခြားတစ်ပါးသူတွေနဲ့ ဆက်ဆံရေးအပေါ်မှာမှီခိုနေလွန်းတာကို Co-dependence လို့ခေါ်တယ်။

Co-indenpendence ဖြစ်တဲ့သူတွေဟာ ကိုယ့်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေ ဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ ၀မ်းသာခြင်း၊ စိတ်အားတက်ကြွခြင်း၊ စိတ်အေးချမ်းသာယာခြင်း စတာတွေကို အခြားသူနဲ့ဆက်ဆံရေးရလာဒ်တွေအပေါ်မှာ တည်ဆောက်တတ်ကြသလို၊ အပျက်သဘောဆောင်တဲ့စိတ်ခံစားချက်တွေဖြစ်တဲ့ ၀မ်းနည်းခြင်း၊ မပျော်မရွှင်ညိုးငယ်ခြင်း၊ အထီးကျန်အားငယ်ခြင်း၊ စိတ်ပျက်အားလျော့ခြင်း စတဲ့ခံစားချက်တွေကို အခြားသူတွေနဲ့ ဆက်ဆံရေးအခြေအနေအလိုက် စိတ်ထိခိုက်ခံစားတတ်ကြတယ်။

Suppression
လူဆိုတာပျော်တာကိုလုပ်နေရဖို့၊ လုပ်နေရတာကိုပျော်ရွှင်နေဖို့လိုအပ်တယ်။ ကိုယ်မပျော်ရွှင်နိုင်တဲ့အရာ၊ လုပ်ကိုင်လိုက်ရလို့ ကိုယ့်စိတ်ထဲမှာအဓိပ္ဗါယ်တစ်ခုခုမရှိနေတဲ့အရာကို လုပ်နေရရင်လူဆိုတာ မပျော်မရွှင်ဖြစ်လာတတ်တာ သဘာဝပဲ။ ကိုယ်မလုပ်ချင်တဲ့အလုပ်၊ ကိုယ်ဝါသနာမပါတဲ့အလုပ်၊ ကိုယ့်ရဲ့ သဘာဝအရည်အချင်းတွေ ပြသခွင့်မရှိတဲ့အလုပ်ကို ခဏတာလုပ်ရတာ သည်းခံလို့ရနိုင်တယ်၊ ပြဿနာမရှိနိုင်ဘူး။ သို့ပေမယ့် အဲ့လိုအလုပ်မျိုးကို ကိုယ်ဘ၀မှာလွမ်းမိုးသူတစ်ယောက်ယောက်ရဲ့ အလိုဆန္ဒကိုငှဲ့ပြီး တစ်ဘ၀လုံးစာလုပ်ကိုင်ဖို့ ရွှေးချယ်လိုက်တာမျိုးကို Suppression လို့ခေါ်တယ်။

Suppression ရနေတဲ့သူတွေဟာ သူတို့ဘ၀မှာလုပ်နေကိုင်နေသမျှတွေဟာ သူတို့တစ်ကယ်လုပ်လိုကိုင်လိုတာတွေရဲ့ ဆန်ကျင်ဖက်တွေဖြစ်နေတတ်ပြီး၊ အဲ့လိုဖြစ်နေရတဲ့အဓိကအခြေခံအကြောင်းအရင်းဟာလည်း သူတို့ကိုအကြောင်းတစ်မျိုးမျိုးကြောင့်လွမ်းမိုးထားတဲ့ သူတွေကြောင့်ဖြစ်တယ်။

သူတို့ကိုလွမ်းမိုးထားသူတွေအလိုကျ သူတို့စိတ်ထဲကမပါတဲ့အလုပ်တွေကိုရွှေးချယ်လိုက်ပေမယ့်၊ သူတို့စိတ်မပါတာလုပ်နေရတာကတစ်ကြောင်း၊ သူတို့စိတ်ပါတာကိုမလုပ်ကိုင်နေရတာကတစ်ကြောင်းကြောင့် အောင်မြင်အောင်လုပ်နိုင်စွမ်းမရှိကြပဲ၊ လမ်းတစ်ဝက်တစ်ပျက်မှာတင် အရူံးသမားဘ၀နဲ့ သူတို့စိတ်မပါတဲ့အလုပ်ကိုစွန့်ပြစ်လိုက်ကြတာများတယ်။

Invalidation, Co-dependence & Suppression တွေနဲ့ရှင်သန်နေရတဲ့သူတွေဟာ သူတို့ရဲ့ ဘ၀အစစ်အမှန်လေးတွေ ပျောက်ဆုံးပြီး၊ အများကြိုက်တယ်ထင်တဲ့ဘ၀အတုမှာကြိုးစားရှင်သန်နေကြတယ်။

Kurt Cobain ပြောဖူးတာလေးရှိတယ်၊ ကိုယ့်ဟာကိုယ်အဖြစ်မဟုတ်တဲ့ အတုအယောင်အဖြစ်နဲ့ အချစ်ခံနေရတာထက်၊ ကိုယ်ဟာကိုယ်အစစ်အမှန်အဖြစ်နဲ့ အမုန်းခံလိုက်ရတာပိုကောင်းတယ်တဲ့။

နေ့စဉ်နဲ့အမျှ Invalidation, Co-dependence & Suppression နဲ့ပါတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူလေးတွေရှိလာရင်

- လူဆိုတာ အနာဂါတ်ကိုကြိုသိနိုင်စွမ်းမရှိတာလေး လက်ခံပါ၊
- အားလုံးကိုပျော်ရွှင်စေဖို့မဖြစ်နိုင်တာ သိပါ၊
- တစ်နေ့တာတွေ့ကြုံသမျှလူတိုင်း ကိုယ့်ကိုယ်သဘောကျလက်ခံမှာမဟုတ်တာ သိပါ၊
- ကိုယ့်ဘ၀ကံကြမ္မာကို ကိုယ်သာလျှင်ထိမ်းချုပ်ထားတယ်ဆိုတာ သိပါ၊
- စိတ်မွန်းကျပ်လာတိုင်း အသက်ရူဖို့မမေ့ပါနဲ့
- စကားနိုင်လုပြောနိုင်တာ ဘာကြိုးအမြတ်မှမရဘူးဆိုတာ သတိရပါ၊
- မပြောခင်နားထောင်ပါ
- အပြုသဘောဆောင်တဲ့ အခြေအနေ၊ လူတွေနဲ့ပါတ်သက်ပြီး အချိန်မပေးပါနဲ့၊
- ကူညီမူကိုလက်ခံလိုသူတွေကိုသာ ကူညီလို့ရတယ်ဆိုတာ သိပါ၊
- မတူကွဲပြားတာကို လေးစားလက်ခံနိုင်မူရှိပါစေ …….

ညီတွေ၊ ညီမငယ်တွေ အောင်မြင်ပျော်ရွှင်တဲ့ဘ၀တစ်ခု တည်ဆောက်ရာမှာ တွေးဆဆင်ခြင်နိုင်စေဖို့ ……….

~AMM~
GREENHILL

No comments:

Post a Comment