Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 12, 2013

"In Healthy Life Style ချမ်းချမ်း"

Slim and Slender is smart လို့ ပြောလာ ကြတဲ့ ခေတ် အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် စမတ် ကျလှပနေအောင် ကိုယ်အလေးချိန် ထိန်းသိမ်း ထားနိုင်မှုက လွယ်ကူလှ တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ Life Style တွေပြောင်းလဲလာလို့ အဝလွန်မှုတွေ၊ သွေးတွင်း အဆီများမှုပြဿ နာ တွေဟာ လူထုကြားထဲမှာ တစ်နေ့တခြား မြင့် တက်လာနေပါတယ်။ ဒါကြောင့် နိစ္စဓူဝလှုပ်ရှား နေကြရတဲ့ကြားထဲက သေးသွယ် အချိုးကျပြီး ကျန်းမာ လှ...ပနေစေမယ့် နည်းစနစ်တွေကို အလွယ်တကူ လိုက်နာနေ ထိုင်နိုင်ဖို့ကလည်းအရေးကြီး ပါတယ်။ ဒီလအတွက် ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို ဂရုစိုက်လေ့ရှိတဲ့ အဆိုတော် ချမ်းချမ်းရဲ့ နေထိုင်မှုပုံစံကို ရတီ ပရိသတ်များ အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ချမ်းချမ်းက ယောဂကျင့်တယ်။ ဒီလေ့ကျင့်ခန်းက နောက်ကျောက ခါးဆီကို မတက်စေဘူး။ ခါးကိုင်းတာကိုလည်း ကာကွယ် တယ်။ အရင်ကတော့ Fitness Centre တွေမှာ သွားကစားတယ်။ နောက်ပိုင်း အလုပ်များတဲ့အခါ ကျတော့ အိမ်မှာပဲ အလေးနဲ့ဘာနဲ့ကစားဖြစ် တယ်။

၂။ ချမ်းချမ်းက အဆီအဆိမ့် သိပ်မစားဘူး။ အဆီအဆိမ့်တွေကို သိပ် မကြိုက်ဘူး။ ဟင်းချက် ရင်လည်း ဆီတွေ သိပ်မသုံးဘူး။ နောက် အသီး အရွက်တွေကို ပိုစားဖြစ် တယ်။
၂။ ချမ်းချမ်းက အဆီအဆိမ့် သိပ်မစားဘူး။ အဆီအဆိမ့်တွေကို သိပ် မကြိုက်ဘူး။ ဟင်းချက် ရင်လည်း ဆီတွေ သိပ်မသုံးဘူး။ နောက် အသီး အရွက်တွေကို ပိုစားဖြစ် တယ်။

၃။ လေ့ကျင့်ခန်းလုပ်ရင်တော့ ရေပဲသောက် တယ်။ အချိုရည် မသောက်ဖြစ် ဘူး။

No comments:

Post a Comment