Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 7, 2013

ဘီလီယံနာ ကားလို့ဆလင်က Developer ရှဇန်ရဲ့ Appမှာ သန်း၄၀ရင်းနှီး



ယခင် Developerရှဇန် လုပ်ကိုင် ဆောင်ရွက်နေသော Appအသစ် တစ်မျိုးရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် စတင်လုပ်ဆောင်နိုင်ဖို့ အတွက် ရင်းနှီးငွေ အမေရိကန် ဒေါ်လာသန်း ၄၀ကို ထည့်ဝင်လိုက်ကြောင်း သိရပါတယ်။ အဆိုပါ Appနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ငွေကြေး အခက်အခဲကြောင့် ရပ်နားနေခဲ့ရရာမှ ယခုကဲ့သို့ ရင်းနှီးမြှပ်နှံ ခံရခြင်း ဖြစ်တယ်လို့ သိရပြီး အဆိုပါ Appအသစ်ဟာ ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Musicနဲ့ဆိုင်တဲ့ Appတစ်မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

Slimဟာ အသက် ၇၃နှစ်ရှိပြီ ဖြစ်တဲ့ ဘီလီယံနာ တစ်ယောက်ဖြစ်ပြီးတော့ America Movilကဲ့သို့သော် ကုမ္ပဏီကို ထူထောင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ယခုလို ရင်းနှီးလုပ်ဆောင်မှုမျိုး မလုပ်ကိုင် ခင်ကလည်း Slimဟာ ပေါ်တူဂီနိုင်ငံ အော်ပရေတာ အဖြစ် ရွေး ချယ်ခံ ထားရသော KPNနဲ့ သြစတီးယား အခြေစိုက် Telekomတို့တွင် ဒေါ်လာ ၆.၁ ဘီလီယံဖိုးခန့် ရင်းနှီးမြှပ်နှံထားကြောင်းလည်း သိရပါတယ်။ အင်္ဂလန် လူမျိုး ရှဇန်ဟာ တယ်လီဗေးရှင်း လုပ်ငန်းများတွင် လုပ်ငန်းများ ချဲ့ထွင် လုပ်ဆောင်ရန် Softwareများကို အဓိကထား ရေး ဆွဲနေ သူတစ်ယောက် ဖြစ်ပြီး လက်ရှိ သူရေးဆွဲနေသည့် Appမှာ ကြော်ငြာများ
အား Brand Websiteသို့ တိုက်ရိုက်ဝင်ရောက် လေ့လာနိုင်အောင် ရေးဆွဲ အကောင်အထည်ဖော်နေတဲ့ Appအသစ် ဖြစ်ကြောင်း သိရပါတယ်။
  Myanmar ITC

No comments:

Post a Comment