ကိုကိုးဆိုတာဘာလဲ
ကိုကိုး (cocoa)ဟာ သီးနှံထွက် အစေ့ကရပြီး ချောကလက်မှာ အဓိက ပါဝင်သလို ကိုကိုးဖျော်ရည်အဖြစ် လည်း ရနိုင်ပါတယ်။ ကိုကိုးမှုန့် တစ်ဇွန်းမှာ ငါးကယ်လိုရီနှင့်ညီမျှတဲ့ စွမ်းအင်ပါဝင်ပြီး အမျှင်ဓါတ် (fibre)၊ ဓါတ်တိုးဆန့်ကျင် (antioxidant) အာနိသင်ရှိတဲ့ polyphenol ၊ ပရို တင်း၊ oleic acid ၊ ဗိုက်တာမင်ဘီနှင့် သံဓါတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ဖော့စ်ဖရပ်နှင့် ဇင့် စတဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။
ဘာကောင်းကျိုးတွေရနိုင်လဲ
- ဓါတ်တိုးဆန့်ကျင်အာနိသင်ကြေ
- အမျှင်ဓါတ်ကြောင့် အစာချေအင်ဇိုင်း တွေ အထွက်များပြီး အစာကျေ ညက်စေဖို့ လွယ်ကူစေသလို ဝမ်းအကျင့် လည်းမှန်စေပါတယ်။
- ကိုကိုးစားသုံးတဲ့အခါ အင်ဒိုဖင် (endorphin) ဟော်မုန်းနှင့် ဆီရို တိုနင် (serotonin) ဟော်မုန်းတို့ ထွက်ရှိစေပါတယ်။ အင်ဒိုဖင်က နာကျင်မှုနှင့် စိတ်ဖိစီးမှုသက်သာ စေသလို ဆီရိုတိုနင်က စိတ်ပျော်ရွှင် စေပါတယ်။
ဇော်ကို
Source:hivehealthmedia
Health Updates Journal
Vol.2, No.27
Health Updates Journal
No comments:
Post a Comment