CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 7, 2013
လက်ထပ်ပွဲ ကျမ်းသစ္စာ ကျိန်ဆိုစဉ် သတို့သမီးအမည် မှားယွင်း ခေါ်မိသည့် သတို့သား ကွာရှင်းခံရ
ဇူလိုင်လ ၈ ရက် ၂၀၁၃
တရုတ်နိုင်ငံတွင် မင်္ဂလာပွဲ ကျင်းပစဉ် သတို့သား ဖြစ်သူသည် ၎င်း၏အချစ်ဦး အမည်ကို မှားယွင်း ခေါ်ဆိုခဲ့မှုကြောင့် သတို့သမီး ဖြစ်သူက ကွာရှင်းရန် အတွက် ပေကျင်းမြို့ရှိ တရားရုံး တစ်ရုံးသို့သွားရောက် တိုင်တန်း ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် ဇူလိုင် ၆ ရက်က ဖော်ပြထားသည်။
သတို့သားဖြစ်သူ ကျောင်ဟိုသည် မင်္ဂလာပွဲ ကျင်းပစဉ် သတို့သမီးဖြစ်သူ ကျို့အား ၎င်းကို ခင်ပွန်းအဖြစ် ပေါင်းသင်းနိုင်မည်ဟုတ်၊ မဟုတ်မေးမြန်းစဉ် အချစ်ဦး၏ အမည်ကို မှားယွင်း ခေါ်ဆိုခဲ့ မှုကြောင့် သတို့သမီး ဖြစ်သူက လက်ထပ်လက်စွပ်ကို ယူဆောင်၍ တရားရုံးသို့ သွားရောက်ကာ ကွာရှင်းပေးရန် တိုင်တန်းခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး ကွာရှင်းခဲ့သည်ဟု သိရသည်။
စကားဝါ
မြ၀တီ
လက်ထပ်ပွဲ ကျမ်းသစ္စာ ကျိန်ဆိုစဉ် သတို့သမီးအမည် မှားယွင်း ခေါ်မိသည့် သတို့သား ကွာရှင်းခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 07, 2013
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment