Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 4, 2013

ပျူခေတ်ဦး လူမျိုးစုဓလေ့စရိုက်နောက်ခံ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး

The Voice Weekly

မင်းဘူး ၊ ဇူလိုင် ၃

ပျူခေတ်ဦး လူမျိုးစု ဓလေ့စရိုက်နောက်ခံ လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကားကို ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီက ရိုက်ကူးလျက် ရှိကြောင်း အဆိုပါ ဇာတ်ကား၏ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ပြောကြားသည်။

လူးရတနာသိုက် ရုပ်ရှင်ဇာတ်ကားတွင် မကွေးတိုင်းဒေ သကြီး မင်းဘူးမြို့နယ်တွင် နေထိုင်သော ပျူခေတ်ဦး လူမျိုးစု တစ်စု၏ ဓလေ့စရိုက်များနှင့် ပျူခေတ်ဦး၏ ပန်းပဲ၊ ပန်းထိမ်၊ ရွှေကျင်၊ ရက်ကန်း၊ အိုးလုပ်ငန်းများနှင့် လူနေမှု ဓလေ့များကို ဖော်ကျူးထားကြောင်း လူးရတနာသိုက် ရုပ်ရှင် ဇာတ်ကား သမိုင်းနှင့် အကြံပေး ပျူယဉ်ကျေး မှုသမိုင်း ဖော်ထုတ်လျက်ရှိသော စာရေးဆရာ ဦးကျော်စိန် ဝင်းက ပြောကြားသည်။

ကျေးရွာ ပျက်စီးသွား၍ အခြားဒေသများသို့ ရွှေ့ပြောင်း ရာတွင် ခေါင်းဆောင်တစ်ယောက်၏ လုပ်ရည်ကိုင်ရည်နှင့် ကျေးရွာ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး စနစ်တို့ကို ပီပြင်စွာ ရိုက်ကူး ထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
ဒေါ်ရီရီဌေး ရေးသားသည့် ဝတ္ထုကို နေစိုးသော်က ဇာတ်ညွှန်းဖွဲ့၍ ဒါရိုက်တာကိုဇော် ( အရုဏ်ဦး) က ရိုက်ကူးထားပြီး ယင်းရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီကျော်ရဲအောင်၊ နေမင်း၊ ကောင်းပြည့်၊ သားညီ ၊ အကယ်ဒမီအောင်ခိုင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီသက်မွန်မြင့်၊ ဖူးဖူး၊ ဆောင်းအိနြေ္ဒထွန်း၊ ဖူးပွင့်သခင်နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဇာတ်ကားကို မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် ဘုရားဝန်းကျင်၊ ရန်ကုန်၊ ပြင်ဦးလွင်နှင့် တောင်ငူဆင်စခန်း၊ ကွမ်းလုံတံတားများသို့ သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး ယင်း ဇာတ်ကား ဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၅၀၀ ခန့် အကုန်အကျခံ ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်ဇာတ်ကား၏ ရှုတင်မန်နေဂျာ ဦးဇော်မိုးထွေးက ဆိုသည်။

No comments:

Post a Comment