ရုတ်တရက် လေမဖြတ်အောင် အစားရှောင်ဖို့ လိုသည် တလောက ဖုန်းဆင်းမ်ကဒ် တန်းစီသူ တစ်ဦး မူးမေ့လဲကျပြီး အသက် ဆုံးရှုံးရသည့် သတင်း ကြားသည်။ နောက်ဆက်တွဲ သတင်းမှာ ထိုသူမှာ အရပ်သား သာမန်လက်လုပ် လက်စားတစ် ဦး။ထိုသူ၏ မိသားစုပြောပြချက် အရ နေ့လယ်ချိန်က ပုရစ်ကြော် နှင့်အရက်သောက်စား ထားသည် ဟုသိရသည်။ ည(၁၀)နာရီခွဲခန့် တွင်မှာ တန်းစီရင်း ရုတ်တရက် မူးကာ လဲကျပြီးနောက်သေဆုံး ခြင်းဖြစ်သည်။
ထိုသူသည် လေဖြတ်ပြီး အသက်ပါသွားနိုင်ခြင်း ဖြစ်နိုင်သည်။ အစား အသောက်နှင့် အနေအထိုင် မသင့်တော်သော အကြောင်းများ ကို ဆက်တိုက် လုပ်ဆောင်မှုကြောင့် အသက်ဆုံးခြင်း ဖြစ်သည်။ ဆင်းရဲခြင်းကြောင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက် သူများတွင် အသိပညာ နည်းခြင်းကြောင့် လည်း အသက် ဆုံးရှုံးခြင်းမဖြစ် သင့်ဘဲ ဖြစ်ရခြင်းများ ရှိပါသည်။ ပုရစ်သည် မန္တလေး သားတို့ အလွန်ကြိုက်သော အစာဖြစ်သည်။ မိုးဦးလေဦး ကျသော ပုရစ်သည် မကောင်း။ သီတင်းကျွတ်၊ တန်ဆောင်မုန်း မိုးလွတ်မှ ပေါ်သော ပုရစ်သည် ကောင်းသည်ဟု လူကြီး များက ပြောကြသည်။ ယခု အချိန်ပေါ်သော ပုရစ်မှာ မုန်တိုင်း တစ်ခုကြောင့် မိုးသက်လေပြင်း ကျပြီးနောက် မိုးသီးများပြါွေက ပြီးသည့်နောက်မှ ထွက်လာသော ပုရစ်များဖြစ်သည်။ အချို့ပုရစ်များ သည်တွင်းထဲ ရေဝင်သဖြင့် အချိန် အခါမကျ ဥမချရသေးဘဲတိုး ထွက်လာသော ပုရစ်အမများပါ ဝင်သည်။ ဥမချရသေးသော ပုရစ် မျိုးကို မစားသင့်ပေ။ ဝမ်းပျက်၊ ဝမ်းလျှော ဝမ်းကိုက်ရောဂါများ ဖြစ်တတ်သည်။
တွင်းအောင်းသော သတ္တဝါ မှန်သမျှသည် သွေးအေးသတ္တဝါ များဖြစ်သည်။ ပုရစ်၊မြွေ၊ ဖား၊ငါး ရှဥ့်၊ငါးမြွေထိုး၊ ဒီပိုး၊မြေအောင်းပိုး နှင့်ဥမှန်သမျှ တို့သည် အအေးစာ များဖြစ်ကြသည်။ အအေးစာမှန် သမျှကြေခဲပြီး အဆီတိုးသွေးတက် စေနိုင်သော သတ္တိရှိသည်။ထို အထဲတွင်မှ ပုရစ်သည် ခုန်ပျံနိုင် သောသတ္တဝါ ဖြစ်သဖြင့် ပိုပြီး သွေးတိုးစေနိုင်သည်။ ပုရစ်စားပြီး အခန့်မသင့်လျှင် ဝမ်းလျှောခြငှ်းနှင့်ဝမ်းပျက်ခြင်းများဖြစ
အနောက်တိုင်း ဆရာဝန်ကြီး များ ဓာတ်ခွဲတွေ့ရှိထားသော ဝမ်းပျက်ဝမ်းလျှောစေသည့်အီက
ပုရစ်စားခြင်းကြောင့် လေ ဖြတ်နိုင်သည်ဟု မဆိုနိုင်သော် လည်း ပုရစ်ကြော်စားပြီးသွေး တက်သူ၊မျက်စိများ ရဲလာပြီး မျက်ခွံနှင့်မျက်လုံး အိမ်များရောင် လာသူ၊မျက်နှာအမ်းလာသူများစွ
ဝါယောခေါ်လေဓာတ်ကို ထြွကစေသော အစာမှန်သမျှ သွေးတိုး စေနိုင်သည်။ ဂွေး တောက်ရွက်၊တမာရွက်၊ကြောင် လျှာ၊ကြက်ဟင်းခါး၊ကြောင်လျှ
ပထဝီနှင့် ဝါယောဓာတ် တွေ့လျှင် အိပ်ချင်ငိုက်မြည်းနေ သော်လည်းအိပ်မရဘဲတလူးလူး တလိမ့်လိမ့် ဖြစ်နေတတ်သည်။ လူကသာခေါင်းမထောင်နိုင် သော်လည်း စိတ်ကအိပ်မပျော် ဘဲဖြစ်နေတတ်သည်။ဓာတ်စာ ဆရာကြီးများက ပထဝီလွန်ကဲ သောတက်စာများကိုကြေကျက် စေရန် အပူအစပ်ဖြစ်သောချင်း တက်နှင့်ငြုတ်သီးတို့ကို ထည့် ချက်လေ့ရှိသည်။ အပူအစပ် ထ်ည့်သဖြင့် အစာကြေစေနိုင် သည်။
အရက်သည် လေပူထစေ သောအစာမျိုးဖြစ်သည်။ထို့ ကြောင့်အစာမရှိဘဲမသောက်သင ပေ။လေပူထပြီး သွေးတိုးလျှင် အစာမရှိသောကြောင့် ပိုမူးစေ သည်။သတိလက်လွတ်ဖြစ်စေ နိုင်သည်။အစာအိမ်မှ အူသိမ်မှ စုပ်ယူသောအရက်သည်ဦးနှောက် သွေးကြောပေါက်သည်အထိဖြစ် နိုင်သည်။
အရက်သောက်သူများတွင် လိမ္မာသောအရက်သမားသည် အသက်ရှည်ပြီး မလိမ္မာသော အရက်သမားသည် အသက်တို သည်ဟုဆိုသည်။လိမ္မာသော အရက်သမားဆိုသည်မှာ အစား အသောက်ကောင်းကောင်းစားရင်း သင့်တင့်သောအတိုင်းအတာဖြင့်
၁။ လူဝပြီး ဗိုက်ရွှဲလာခြင်း။
၂။ မျက်စိအားနည်းလာပြီး ဇက်ကြောထိုးလာခြင်း။
၃။ခေါင်းအုံပြီး မျက်စိသွေး ကြောများနီခြင်း။
၎။အစာမကြေ ရင်တောင့် မကြာခဏဖြစ်ခြင်း။
၅။ဝမ်းဗိုက်လေပွပြီးဝမ်းချု
၆။အစားမှားတိုင်း သွေးတိုး လာခြင်း။
၇။ဆီးချို၊သွေးတိုးမျိုးရို
၈။ညအိပ်လျှင်ဟောက်ခြင်း ဆက်ကနဲအကြောများလှုပ်ခြင်း၊ လန့်နိုးခြင်း။
အသက်၅၀အောက်လေ ဖြတ်သူများရှိသော်လည်းလေ့လာ
အရက်နှင့် အစားအသောက် အတွဲ မှားပြီး တစ်ကြိမ်တည်းနှင့်လေ ဖြတ်သူများလည်း ရှိသည်။ ပုရစ်ကြော်နှင့် အရက်သောက် ပြီးလေဖြတ်သူ၊ ကြက်ဟင်းခါးသီးချက်နှင့် ဝက်သားဟင်းစားအရက်သောက် ပြီးလေဖြတ်သူ၊ မျှစ်ချဉ်နှင့် ကြက်ဟင်း ခါးစား အရက်သောက်ပြီးလေဖြတ်သူ ဂွေးတောက်ရွက်နှင့်ကြက် ရိုးဟင်းစား အရက်သောက်ပြီး လေဖြတ်သူ၊ ကင်းပုံသီးချက်နှင့်ငုံးကြေ
ကြည်လွင်မြင့် (မုဒြာ)
SHADE JOURNAL
No comments:
Post a Comment