(ဂီတပညာရှင် စောဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် (၂၄၊ ဇူလိုင်၊ ၂၀၁၃) အမှတ်တရ)
ဓာတ်ပုံ မျှဝေသူ – ဇင်ဝေလတ် (သားငယ်) ကိုငြိမ်းချမ်းအေး…
ကျနော်လည်း ကိုဘွဲ့မှူး အမှတ်တရ အတွက် ရေးပေးမယ် ပြောပြီး ရေးတဲ့ဘက် မလှည့်နိုင် ဖြစ်နေတာ အခုမှပဲ ချရေးဖြစ်တော့တယ်။ ကျနော် ဒေသကောလိပ် တက်တဲ့ အချိန်လောက်မှာ ကိုဘွဲ့မှူး အကြောင်း စ ကြားဖူးခဲ့ပါတယ်။ သူ့ အနုပညာနဲ့ စပြီး ပတ်သက်ခဲ့တာကတော့ ကျနော် ဒုတိယနှစ် ရောက်မှပါ။ အဲဒီတုန်းက ဒေသကောလိပ် (၂) အနုပညာအသင်း ပွဲမှာ ဆိုဖို့ အတွက် သီချင်းတပုဒ် ကို “ဇော်မင်း” က ယူလာပါတယ်။ သီချင်း နာမည်က “လူငယ်ဒီလှိုင်းလုံး” လို့ ထင်ပါတယ်။ ဇော်မင်း က သူ့ အကို “ဇော်ဝင်း” ရေးတာလို့ ပြောပါတယ်။ ဇော်ဝင်း က နောက်ပိုင်း “စောဘွဲ့မှူး” လို့ လူသိများပြီး ဇော်မင်း ကတော့ “ကိုကိုလေး” ဆိုတဲ့ နာမည်နဲ့ အနုပညာနယ်မှာ လူသိများခဲ့ပါတယ်။ (တင်ဆက်သူ မှတ်ချက် – “ကိုကိုလေး” ရေး “တသက်လုံးချစ်နေမယ် (ညီမလေး)” သီချင်း မှာ နာမည်ကြီးခဲ့သည်။ မူရင်း မျိုးညွှန့် (၁၉၈၇) အပြင် ဘရိတ်ကီ၊ ရာစု အစရှိသည်ဖြင့် ခေတ်အဆက်ဆက် ပြန်လည် သီဆိုခဲ့ကြသည်။ ကျနော်တို့ ကိုင်ဇာရဲ့ “သီချင်းရှင်ကို ကြင်နာပါ” အသံသွင်းတော့ ကိုဘွဲ့မှူး ရေးတဲ့ သီချင်းတွေ စ အသံသွင်းဖြစ်တယ်။ အတီး သွင်းတုန်းက ကိုဘွဲ့မှူး မလာခဲ့ပေမယ့် အဆိုသွင်းတဲ့ နေ့တွေမှာတော့ လာခဲ့တယ် ပြောပါတယ်။ ၁၉၈၂ ကိုင်ဇာရဲ့ “ကစ္ဆပနဒီ” သွင်းတော့ ကိုဘွဲ့မှူး အတီးသွင်းတုန်း ရောက်လာပါတယ်။ “ငယ်ငယ်တုန်းကသူငယ်ချင်း (အိမ်အပြန်)” သီချင်းကို စတူဒီယိုထဲမှာပဲ ကိုဘွဲ့မှူး “Musical Arrangement” လုပ်ပေးခဲ့တဲ့ အပြင် သီချင်း တပုဒ်၊ နှစ်ပုဒ်လည်း ၀င်တီးခဲ့ပါတယ်။ အဲဒါက စပြီးတော့ ကိုဘွဲ့မှူး နဲ့ တွဲတီး ဖြစ်ခဲ့ပါတယ်။ ကိုင်ဇာ ရဲ့ “တူနှစ်ကိုယ်တိုင်းပြည်” အသံ သွင်းတဲ့ အချိန်မှာ ကိုဘွဲ့မှူး က “Success” တေးဂီတ အဖွဲ့ရဲ့ “Member” တဦး ဖြစ်နေပါပြီ။ “Success” အပြင် တခြား တီးဝိုင်းတွေမှာလည်း ကိုဘွဲ့မှူး လာခေါ်ရင် “Section Player” အနေနဲ့ အသံသွင်းတွေ၊ စင်တင်ပွဲတွေ တီးပေးခဲ့ပါတယ်။ “Success” အဖွဲ့ ပြီးသွားတော့ ၁၉၈၈ မှာ ကိုဘွဲ့မှူး နဲ့ “Symphony” မှာ တွဲတီး ဖြစ်ခဲ့ပါတယ်။ “Symphony” ကနေ “Iron Cross” ဖြစ်သွားသည် အထိပေါ့။ ၁၉၈၉ မှာ ကျနော် “Iron Cross” က ထွက်ခဲ့တယ်။ ကိုဘွဲ့မှူး နဲ့ တွဲတီးခဲ့တာ စုစုပေါင်း (၇) နှစ်လောက် ရှိမယ် ထင်ပါတယ်။ ကိုဘွဲ့မှူး ဟာ ယေဘုယျ အားဖြင့် ပြောရမယ် ဆိုရင် ပျော်တတ်၊ ရွှင်တတ်သူလို့ ပြောနိုင်ပါတယ်။ သူ့ကို စိတ်ညစ်၊ စိတ်ရှုပ်တဲ့ အမူအရာနဲ့ တွေ့ရ ခဲ ပါတယ်။ စတွေ့ စ က ရှိန်တာနဲ့ စကားတောင် သိပ် မပြောရဲခဲ့ဘူး။ သူ နောက်ရင်တောင် မရီ (ရယ်) ရဲ ခဲ့ဘူး။ မှတ်မိတာ တခု ပြောရရင် “ကစ္ဆပနဒီ” သွင်းတုန်းက သီချင်းတပုဒ်မှာ ကျနော် က ဒီ နေရာ ဘယ်လို တီးရမလဲလို့ မေးမိတယ်။ ကိုဘွဲ့မှူး က ပြုံးပြီး “မိမိ ကြိုက်နှစ်သက်သလို တီးနိုင်သည်” လို့ ပြန်ပြောတယ်။ ရီ (ရယ်) စရာ ပြောမှန်းသိပေမယ့် မရီ (ရယ်) ရဲခဲ့ဘူး။ ရင်းနှီး လာပြီးတဲ့ နောက်တော့ အပြန်အလှန် စကြ၊ နောက်ကြ တာတွေက အမြဲတမ်း လိုလို ဖြစ်လာတယ်။ ဘယ်လောက် ရင်းနှီးနှီး ကျနော် ကတော့ ကိုဘွဲ့မှူးကို အမြဲတမ်း လေးလေးစားစား ဆက်ဆံခဲ့တယ်။ တခါဆို ကိုဘွဲ့မှူး က “ခင်ဗျား ကျနော့် ကို သိပ် မလေးစားပြနဲ့” လို့ ပြောတယ်။ ကျနော်က “ဘာလို့လဲ” မေးတော့ ကိုဘွဲ့မှူးက “ခင်ဗျား သိပ် လေးစား ပြနေရင် ကျနော် ခင်ဗျားဆီက ငွေ ချေးမိလိမ့်မယ်”လို့ ရီ (ရယ်) ပြီး ပြန်ပြောခဲ့တယ်။ ကိုဘွဲ့မှူး ဟာ သဘော အလွန်ကောင်းသူ ဖြစ်ပါတယ်။ ဘယ်လောက် စ စ စိတ်ဆိုး ခဲ ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ သူ့ကို စိတ် မဆိုး ဆိုး အောင် စတဲ့ အကျင့်ဆိုး တခု ၀င် လာခဲ့တာ များလား မသိပါ။ မှတ်မိတာ တခု ပြောရရင် တရက် “မေ” စတူဒီယို မှာ နေ့လည်ပိုင်း ထမင်း စားနေတဲ့ အချိန်ပါ။ ကျနော်တို့ တင်သာမက တခြား မရင်းနှီး သူများလည်း ရှိနေပါတယ်။ သူစိမ်းတွေ ရှေ့ မဆဲလောက်ဘူးထင်ပြီး တယောက်က ကိုဘွဲ့မှူးကို ‘စ’ ပါတယ်။ ကိုဘွဲ့မှူး က “တော်ပြီ” လို့ ပြန် ဟန့် ပေမယ့် မလျှော့်ဘဲ ဆက် ‘စ’ နေပါတယ်။ နောက်ဆုံး ကိုဘွဲ့မှူး က စကားလုံး ကြွယ်ကြွယ်နဲ့ ပြန် ‘နှက်’ လိုက်ပါတယ်။ ကြားရတဲ့ စကားက အရမ်း ရီ (ရယ်) စရာ ကောင်းပါတယ်။ ဘာပြောခဲ့တယ်ဆိုတာ အတိအကျ မမှတ်မိတော့ပေမယ့် စကားလုံး တလုံး ကိုတော့ မမေ့နိုင်ခဲ့ပါ။ အဲဒီ စကားလုံး ကတော့ “မင်းကို မီးရှူးသန့်စင်ခဲ့တဲ့ မင်း အမေ ရဲ့ အိမ်” ဆိုတဲ့ စကားပါ။ ကိုဘွဲ့မှူးက အဲဒီလို စကားလုံး ကြွယ်ဝတဲ့သူပါ။ ကိုဘွဲ့မှူး ဟာ နာမည်ပြောင် အလွန် အပေးတော်သူ လို့ လည်း ပြောရပါမယ်။ တရက် သူ့ အမျိုးသမီး “မဖေါဝါး” အသံသွင်းကို လာတော့ ကျနော့် ကို လက်တို့ ပြီး သူ့ အမျိုးသမီး ကို ညွှန်ကာ “ရှင်မွေးလွန်း” လို့ ပြောပါတယ်။ အဲဒီ နာမည် မဖေါဝါး ကို သူ ခေါ်ရဲ၊ မခေါ်ရဲ တော့ ကျနော် မသိပါ။ ကျနော့် ကို သူပေးခဲ့တဲ့ နာမည်ပြောင် အတော်များများ ထဲမှာ စွဲကျန် ခဲ့တဲ့ အမည်ကတော့ “ကျောင်းဆရာ” ဆိုတဲ့ အမည်ပြောင်ပါ။ ကျနော် တက္ကသိုလ်မှာ ဆရာစလုပ်တော့ သူက “ကျောင်းဆရာ” လို့ ကျနော့် ကို ခေါ်ပါတယ်။ ကျနော် ကလည်း မကြိုက်တော့ “ကျောင်းဆရာ” မဟုတ်ကြောင်း “တက္ကသိုလ်က ဆရာ” ဖြစ်ကြောင်း “သရုပ်ပြဆရာ” လို့ခေါ်ကြောင်း ပြန် ရှင်းပါတယ်။ ကိုဘွဲ့မှူး က “မင်းကို ‘သရုပ်ပြဆရာ’ လို့ ခေါ်ရင် သွားဖြဲလေးနဲ့ ကျေနပ်နေမှာပေါ့။ ဒါကြောင့် ‘ကျောင်းဆရာ’ ပဲခေါ်မယ်” လို့ ပြန်ပြောပါတယ်။ ကျနော့် အနေနဲ့ အခြေခံပညာသင် ကျောင်းဆရာ လို့ အခေါ်ခံရတာ ပြဿနာ မရှိပါ။ ကျနော် မကြိုက်တာက အနုပညာလောကမှာ “ကျောင်းဆရာ” ဆိုတာ အဓိပ္ပာယ် တမျိုးထွက်လို့ပါ။ ညနေစောင်းရင် လွယ်အိတ်ထဲ ပုလင်းလွတ်ထည့်ကာ အရက်ဆိုင်သွားတာကို “ညကျောင်းသွားတယ်”၊ နေ့တိုင်းသောက်တဲ့ အရက်သမားကို “ကျောင်းဆရာ” စသည်ဖြင့် ခေါ်ကြ၊ ပြောကြပါတယ်။ “အနက်ရင်း” ကြောင့် မကြိုက်ရတာမဟုတ်ပါ။ “အနက်ပွား” ကြောင့်ပါ။ ဒီလိုနဲ့ “ကျောင်းဆရာ” နာမည်တွင်ခဲ့ပါတယ်။ တရက် ကျနော့်ကို “Section” ငှားတဲ့ “Show” တခု မတီးခင်မှာ “အကို သုံးဆောင်ပါ” ဆိုပြီး အရက်နဲ့ အမြီး တည်ခင်းပါတယ်။ ကျနော့် ပေါ်လစီ က “မူးရင်မတီးနဲ့ တီးရင်မမူးနဲ့” ဆိုတော့ ကျနော်က “မသောက်ပါရစေနဲ့” လို့ ငြင်းလိုက်ပါတယ်။ ဒါနဲ့ အဲဒီထဲက တယောက်က “အကို့ ကို ‘ကျောင်းဆရာ’ လို့ ခေါ်ကြလို့ အကိုများ မတီးခင် သောက်မလားလို့ပါ” လို့ ပြောတယ်။ သြော်.. ကိုဘွဲ့မှူး.. ကိုဘွဲ့ မှူး..။ အနုပညာနဲ့ ပတ်သက်ရင် ကိုဘွဲ့မှူး က အတော်ကို ဗဟုသုတ ကြွယ်ဝသူ တဦးလို့ ပြောရပါမယ်။ နိုင်ငံခြားက လာတဲ့ “Guitar Lesson” စတိုင်မျိုးစုံ စာအုပ် အတော်များများကို အလွတ်ရအောင် ဖတ်လေ့၊ မှတ်လေ့ ရှိသူပါ။ ကျနော် ကတော့ ဖတ်မိရင် “Notes” မှတ်ထားတဲ့ အလေ့ ရှိပါတယ်။ ဒါကို ကိုဘွဲ့မှူး မကြိုက်ပါ။ တီးတဲ့ Technique နဲ့ ပတ်သက်ပြီး သိချင်တာ ရှိလို့ မေးရင် စိတ်ရှည်၊ လက်ရှည် ရှင်းပြ၊ တီးပြ တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ရက်ရောမှု က အကန့်အသတ် တော့ ရှိပါတယ်။ မှတ်မိတာ တခု ပြောရရင် တခါ သူ ကျနော့် ကို “Blues Guitar” ဆိုတဲ့ စာအုပ် တအုပ် စ ပေးပါတယ်။ အလွတ် ကျက်ဖို့ လည်း တခါတည်း မှာပါတယ်။ အထူးသဖြင့် စကေး (Scale ) တွေကို သီချင်းတွေနဲ့ ဥပမာ ပေးထားတဲ့ အပိုင်းပါ။ ကျနော်ကလည်း စကား နားထောင် ပါတယ်။ အလွတ်မကျက်ဘဲ စာအုပ်တအုပ် ထဲမှာ မှတ်ထားပါတယ်။ စာအုပ် နှစ်အုပ်၊ သုံးအုပ် ထပ် ပေးပါတယ်။ ကျနော်လည်း စာအုပ်ထဲမှာ မှတ်ပါတယ်။ နောက်တော့ ကိုဘွဲ့မှူးက “ငါ နောက် Notes ရေးရင် အလုံး (Melody) အကုန်လုံး မရေးတော့ဘူး။ အဲဒီ စာအုပ်တွေထဲ ဥပမာ သီချင်း နာမည်တွေကိုပဲ ညွှန်းရေးတော့မယ်” လို့ ပြောပါတယ်။ ကျနော်က “ဘာလို့ ဒီလို လုပ်ရတာလဲ” မေးတော့ “မင်း ဘာသိလို့လဲ၊ အသံသွင်းရင် လာနားထောင်တဲ့ ပုံဖမ်းပြီး ရူးသလို၊ ပေါသလိုနဲ့ Notes စာရွက် ခိုး ပြေးတဲ့သူတွေ ရှိတယ်” လို့ ပြောပါတယ်။ ကျနော်လည်း ကိုဘွဲ့မှူး အစိုးရိမ်လွန်တယ်ပဲ ထင်မိတယ်။ ဒီလိုနဲ့ ကိုဘွဲ့မှူး တီးဖို့ ပေးရင် စာရွက်ပေါ်က “Code” သီချင်းနာမည် အညွှန်းကြည့်၊ စာအုပ်ထဲက သက်ဆိုင်ရာ စကေး ကြည့် တီး နဲ့ လုပ်နေခဲ့တယ်။ အဲဒီလို လုပ်နေတာ သတိထားမိသူ ရှိပါလိမ့်မယ်။ တနေ့တော့ အဲဒီ စာအုပ် အခိုးခံ ရပါတယ်။ ကိုဘွဲ့မှူး ကျနော့် ကို ‘ဆူ’ ပါတယ်။ စာအုပ်တွေ ထပ်ပေးပြီး ဒီတခါ အခိုးခံရရင် ထပ် မငှားတော့ဘူး ပြောတယ်။ ကျနော်လည်း ‘လည်’ သွားပါပြီ။ စာအုပ်ထဲ မမှတ်တော့ပါ။ မှတ်သင့်တာတွေကို လှည်းတန်း မှာ “Photostat” ဆွဲလိုက်ပါတယ်။ စတူဒီယိုထဲတော့ အဲဒီ စာရွက်တွေ ယူမလာတော့ပါ။ အိမ်မှာပဲ ထားပါတော့တယ်။ ကိုဘွဲ့မှူး ကို “ဆရာ” တယောက်၊ “တီးဖေါ်တီးဖက်” တယောက်၊ “သူငယ်ချင်း” တယောက်လို ခင်မင် သိကျွမ်း ခဲ့ရပါတယ်။ (၇) နှစ်ကျော် တွဲခဲ့တဲ့ အချိန်မှာ ကျနော့် အတွက် ပြောစရာ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီ အထဲက ကျနော် တသက်လုံး မေ့မရတဲ့ အဖြစ်အပျက် တခုကိုပဲ ဒီနေရာက ပြောပါရစေ။ ၁၉၈၅ မှာ ကျနော်တို့ ကျိုက္ခမီ ဘုရားပွဲ သွားတီးခဲ့ပါတယ်။ ပွဲစဉ်က ကျိုက္ခမီ အပြီး အပြန်မှာ မော်လမြိုင် မှာ တီးဖို့ ရှိပါတယ်။ ကျိုက္ခမီ ပွဲ အပြီး စက်စဲ ကမ်းခြေမှာ တည အိပ်ဖို့ အစီအစဉ် လုပ်ခဲ့ပါတယ်။ ကျိုက္ခမီ မှာ နေ့လည်စာ စားပြီး ကားနဲ့ ထွက်လာတာ စက်စဲ ကို မွန်းလွဲ (၃) နာရီလောက် ရောက်ပါတယ်။ ရောက်တာ နဲ့ ပစ္စည်းချပြီး ရေဆင်း ကူးကြပါတယ်။ ညနေစောင်း ရောက် ပိုက်ဆံခွဲ တော့မယ် ပြောမှ ရေထဲက ပြန်တက်လာပါတယ်။ (၆) နာရီ ထိုးခါနီး လောက် ဖြစ်မယ်ထင်တယ် ပိုက်ဆံခွဲကြပါတယ်။ ကျိုက္ခမီပွဲ က (၃) ည၊ နောက် မော်လမြိုင် ပွဲ ကလည်း (၃) ည ဆိုတော့ ကျနော် တို့ အားလုံး က ရာတန်၊ အစိတ်တန် နဲ့ပဲ ပေးဖို့ ပြောကြပါတယ်။ တချို့ အဆိုတော်တွေ ကတော့ ရာတန်နဲ့ အကြွေ (တဆယ်တန်/နှစ်ဆယ်တန်) ရော ယူပါတယ်။ အောင့်သက်သက်နဲ့ အကြွေတွေ ချည်းပဲ လက်ခံ ခဲ့တာ “Front of House Engineer” ကိုဂျင်မီ (ကြည်မင်းသိန်း) ပါ။ ငွေခွဲ ပြီးတော့ စက်စဲ ရွာလေးမှာ ရှိတဲ့ ဈေးဆိုင်တန်းလေးဘက် ထမင်း သွားစားကြပါတယ်။ ထမင်းစားပြီး အားလုံးက ရာတန်၊ အစိတ်တန် နဲ့ ရှင်းတော့ ဆိုင်ရှင်က “ရာတန်တွေ၊ အစိတ်တန်တွေ တရားမ၀င် ကြေညာထားတယ်” လို့ ကြား ကြောင်း ပြောပါတယ်။ ကျနော်တို့လည်း “ကောလာဟလ ပါ၊ မဟုတ်ပါဘူး” လို့ ပြန်ပြောရင်း ရာတန်၊ အစိတ်တန် နဲ့ ပဲ ပေးခဲ့ကြပါတယ်။ နောက်နေ့ မနက် အိပ်ယာထတော့ တခါ ရေကူး ကြပြန်တယ်။ ရေကူး နေကြတုန်း “အမေလေး.. ကိုယ်ကျိုး တော့နည်းပါပြီ” လို့ အန်တီဖြူ (မေခလာ့ အမေ) ရဲ့ အော်သံကို ကြားတာနဲ့ ရေထဲက တက်ပြီး အကျိုး၊ အကြောင်း မေးတော့မှ ရာတန်တွေ၊ အစိတ်တန်တွေကို ဖျက်သိမ်းကြောင်း မနေ့ နေ့လည် (၂) နာရီလောက် ကြေညာသွားတယ်လို့ သိလိုက်ရတယ်။ ရာတန်တွေ၊ အစိတ်တန်တွေပဲ ကိုင်ထားတဲ့ ကျနော်တို့ တတွေ ရုတ်ချင်းဆို “မွဲ” သွားခဲ့ရတယ်ပေါ့။ အဲဒီ အချိန်က မေဆွိ ရဲ့ “ပန်းကန်ပြားပျံများ” ကိုယ်ပိုင်သံစဉ် အခွေက ထွက်တော့မှာလား၊ စထွက်ပြီလား ဖြစ်နေပါတယ်။ “ပန်းကန်ပြားပျံများ” ကို စီစဉ်တဲ့ ကျနော့် သူငယ်ချင်း တေးရေး “မောင်မောင်ဈာန်” က သူ ရန်ကုန်ကို ပြန်ရမှာ ဖြစ်ကြောင်း၊ တရားဝင်တဲ့ ပိုက်ဆံ မရှိတော့ ကြောင်း ပြောရင်း အကူအညီ တောင်းပါတယ်။ ကျနော့် မှာလည်း ငွေက ကျပ် (၁၃၀) လောက်ပဲရှိတော့ သူ့ ကို ကားခ၊ ရထားခ နဲ့ လမ်းမှာ စားဖို့ အတွက် ငွေ (၁၂၀) ပေးလိုက်ပါတယ်။ မောင်မောင်ဈာန် ကလည်း သူ့ ဆီမှာ ရှိတဲ့ ငွေတောင် ဆေးပေါ့လိပ် တစည်း ကျနော့် ကို ပေးခဲ့ပါတယ်။ ကျနော့် အတွေး ကတော့ ကျနော့် ကို အကြွေး ပေးစရာ ရှိတဲ့ လူတွေ ဆီမှာ တယောက်ကို (၂၀) စီပဲ အကြွေး ပြန်တောင်း ရင် ဒီ ငွေ (၁၂၀) ပြန်ရနိုင်တယ်ပေါ့။ တကယ်တမ်း တောင်းတော့ “မင်းက hotshot လုပ်ပြီး (၁၂၀) ပေးလိုက်တာကိုး။ ကိုယ့် အပြစ်နဲ့ ကိုယ်ခံ” ဆို ပြောပြီး ရာတန်၊ အစိတ်တန်တွေပဲ ပြန်ပေး ကြတာနဲ့ မယူ ဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ မော်လမြိုင် ကို အိပ်ထဲ ရှိတဲ့ တဆယ်တန်လေး တချပ် နဲ့ပဲ ရောက်ခဲ့တယ်။ မော်လမြိုင် ကန်ထရိုက်ကလည်း ပွဲ အားလုံးပြီးမှ ငွေရှင်း နိုင်မယ် ပြောတယ်။ သူများတွေ အပြင်ထွက် လဖက်ရည်သောက်၊ ထမင်းစားတဲ့ အချိန်မှာ ဒူးယားတောင် ၀ယ် မသောက်နိုင်ဘဲ ငွေတောင်ဖွာ၊ ကန်ထရိုက်ကြွေးတဲ့ ထမင်းစားရင်း အခန်းအောင်းနေခဲ့ရတယ်။ ကျနော့် ဘ၀ မှာ အဆင်းရဲဆုံး ဖြစ်ခဲ့ရတဲ့ အချိန်ပေါ့။ မော်လမြိုင်ပွဲ ပထမနေ့ တီး အပြီး နောက်နေ့  မနက် (၁၀) နာရီ လောက် ကိုဘွဲ့မှူး ကျနော့် အခန်းထဲ ၀င်လာတယ်။ ကိုဘွဲ့မှူး က သူ မော်လမြိုင် ဈေးထဲသွား မှာ ဖြစ်လို့ လိုက်ခဲ့ ပါလို့ ခေါ်တယ်။ ကျနော်က မလိုက်တော့ဘူး ပြောတော့ ကိုဘွဲ့မှူးက မဖေါဝါး သူ့ ကို ရေဒီယို ၀ယ်ခိုင်းလိုက်ကြောင်း၊ ကျနော်နဲ့ တိုင်ပင်ပြီး တကမ္ဘာလုံးက အသံလွှင့်ဌာန တွေကို နားထောင်နိုင်တဲ့  အမျိုးအစား ၀ယ်ခိုင်းလိုက်ကြောင်း၊ ကျနော် လိုက်ဝယ်ပေး ရင် ကြာဇံကျော် ၀ယ်ကြွေးမယ် ဖြစ်ကြောင်း ပြောပါတယ်။ ကြာဇံကျော် အသံကြားတာ နဲ့ ကျနော်လည်း ထလိုက် သွားခဲ့တယ်။ မော်လမြိုင် ဈေးထဲရောက်တော့ တရုတ် ဆိုင်တဆိုင် ၀င်ထိုင်လိုက် ပြီး ကိုဘွဲ့ မှူး က ဘဲကင်၊ ကန်စွန်းရွက်ကြော် အစရှိတဲ့  မင်ညူး ထဲမှာ ရှိတဲ့ အစာ အကုန် နီးပါးလောက်မှာ၊ ရမ် တလုံး၊ ဒူးယား တဘူး၊ ဘိလပ်ရည် စတာတွေ မှာ ပါတော့တယ်။ ကျနော်က “မလုပ်ပါနဲ့” ပြောတော့ ကိုဘွဲ့မှူး က “စကားမများနဲ့၊ စားစရာ ရှိတာစား၊ သောက်စရာရှိတာသောက်” လို့ ပြန်ပြောတယ်။ တဆက်တည်း ကိုဘွဲ့မှူး က “မင်းက ဆရာဝန်ကြီး သား၊ တက္ကသိုလ်က ဆရာ၊ ငါ့ ထက် အမြဲတမ်း ချမ်းသာနေတဲ့ လူ။ ငါ ငွေပြတ်တိုင်း မင်း ငါ့ကို အမြဲ ကူညီခဲ့တယ်။ အခု မင်း အိတ်ထဲမှာ ငွေ တဆယ်ပဲ ရှိပြီး ငါ့ အိတ်ထဲမှာ ငွေ နှစ်ရာကျော် ရှိတယ်။ ငါ မင်းထက် ချမ်းသာ သွားပြီ။ မင်း ပိုက်ဆံ မလောက်လို့ စားချင်တာ ၀ယ် မစားနိုင်၊ စီးကရက်တောင် ၀ယ်မသောက်နိုင် ဖြစ်ပြီး စိတ်ညစ်နေတာ ငါသိတယ်။ မင်း အခုလို ဖြစ်ရတာကလည်း မင်း မဟုတ်တာ လုပ်လို့ မဟုတ်ဘဲ၊ သူငယ်ချင်း ကို ကူညီ ခဲ့လို့ ဖြစ်ရတာ။ ဒီလို လူမျိုးကို ကျွေး ရတာ ငါ့ အတွက်လည်း ကုသိုလ် ရတယ်။ မင်း အခု စိတ်မညစ်တော့ဘူး မဟုတ်လား။ ရန်ကုန်မှာသာ မင်းကို ဒီလို ကျွေးခဲ့ရင် မင်း အခုလောက် စိတ်ချမ်းသာ မှာ မဟုတ်ဘူး” လို့ ရှင်းပြပါတယ်။ ကျနော်က မဖေါဝါး ၀ယ်ခိုင်းတဲ့ ရေဒီယို အတွက် ကော လို့ မေးတော့ ကိုဘွဲ့မှူးက “မင်း ငတ်နေလို့ ငါ ၀ယ်ကျွေးလိုက်ရတယ် ပြောရင် သူ နားလည်မှာပါ” လို့ ပြန်ဖြေတယ်။ ရမ် တလုံး ကုန်တော့ နောက် တပိုင်း ထပ်မှာတယ်။ ကျနော်တို့ မနက် (၁၁) နာရီလောက်က စသောက်တာ ညနေ (၃) နာရီလောက်ကျမှ ပြီးတယ်။ အရက်ကုန်မှ သူ ကတိပေးထားတဲ့ ကြာဇံကျော် မှာတယ်။ စားသောက်ပြီးတော့ တယောက်ကို တယောက် မှီပြီး ဆိုင်ထဲကထွက် ဆိုက်ကားငှား တည်းခိုခန်း ကို ပြန်လာခဲ့ကြတယ်။ ကိုဘွဲ့မှူး နဲ့ ပတ်သက်ပြီး ပြောစရာ အဖြစ်အပျက်အများကြီး ရှိပေမယ့် အခု ရေးခဲ့တဲ့ အဖြစ်အပျက် ကတော့ ကျနော် တသက်လုံး မေ့လို့ မရတဲ့ အဖြစ်လေးပါပဲ။ အခု ကိုဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရ အစီအစဉ်လေးမှာ မိုးမခ ပရိသတ် အတွက် ကိုဘွဲ့မှူးရေး သီချင်းတပုဒ် ရွေးပေးဖို့ပါ ပြောတော့ ကိုဘွဲ့မှူးရဲ့ မြောက်များလှတဲ့ သီချင်းတွေ အကြောင်း ပြန်စဉ်းစားမိတယ်။ ကိုဘွဲ့မှူး ရေးခဲ့တဲ့ သီချင်း အတော်များများ ကြိုက်ပါတယ်။ အဲဒီထဲမှာ အကြိုက်ဆုံး တပုဒ်ကတော့ “မချစ်ရင်မနေနိုင်တာကလွဲလို့” ဆိုတဲ့ သီချင်းပါ။ ကြိုက်ရတဲ့ အကြောင်း တခုက အဲဒီ သီချင်း က ကျနော့် မျက်စိ ရှေ့မှာ စပြီး အကောင်အထည် ပေါ်လာတာကို မြင်လိုက် ရလို့ပါ။ အဲဒီသီချင်းက စရေး ကတည်းက အမျိုးသား ဆိုဖို့ ရေးခဲ့တာပါ။ ပထမဆုံး စရေးချခဲ့တဲ့ အပိုဒ် က “သောက ဧည့်ခန်းထဲက အချစ်ဓာတ်ပုံ” ဆိုတဲ့ အပိုဒ်ပါ။ ငြိမ်းငြိမ်း (ငြိမ်းငြိမ်းအိ/အင်္ဂလန်စိန်) သီချင်း ထဲမှာတော့ “ဒုက္ခဧည့်ခန်း” လို့ ဆိုထားတယ်။ ကျနော် မှတ်မိတာ “သောကဧည့်ခန်း”။ စ ရေးခဲ့တဲ့ နေရာ ကတော့ “မေ စတူဒီယို” မှာပါ။ ကျနော်တို့ သီချင်း သွင်းပြီး ထွက်လာတော့ ကိုဘွဲ့မှူး က “ဟေ့.. ငါ သီချင်း အသစ် တပုဒ် ရေး နေတယ်၊ လာ နားထောင်” လို့ ခေါ်ပါတယ်။ “လမ်းခွဲ ပြီးနောက် အတူ ပိုင်ဆိုင်သမျှ ထဲက ကြိုက်ရာယူသွားပါ၊ မင်း ရဲ့ ဓာတ်ပုံလေးကလွဲလို့” ဆိုတဲ့ အကြောင်းပါ။ “Verse” ၂ ပိုဒ်ပဲ ရေး ရသေးတယ်။ အဲဒီတုန်းက သီချင်း နာမည်က “ကြိုက်ရာယူသာသွားပါ” လို့ ပေးထားခဲ့တယ်။ တလ၊ နှစ်လ လောက်နေတော့ “လင်း စတူဒီယို” မှာ “မျက်မမြင်ကျောင်းရံပုံငွေ” အတွက် သီချင်းသွင်းတော့ “မချစ်ရင်မနေနိုင်တာကလွဲလို့” နာမည် နဲ့ ဒီ သီချင်းပါလာတယ်။ သီချင်းမှာလည်း “Bridge” ထည့် ထားတယ်။ ပထမဆုံး အသံသွင်း ဖြစ်တာလို့ ပြောနိုင်မယ် ထင်တယ်။ ဆိုတာက မိန်းကလေး။ အဲဒီတုန်းက တီးသူ၊ ဆိုသူ အားလုံးက မျက်မမြင်တွေပါ။ မျက်စိမြင်တာဆိုလို့ ကျနော် နဲ့ ကိုဘွဲ့မှူး (၂) ယောက်ပဲရှိတယ်။ ကျနော် က “အချစ်ရေမနေနိုင်တာကလွဲလို့” ဆိုပြီး သီချင်းခေါင်းစဉ်ကို ‘နောက်’ ခေါ်ခဲ့တာ မှတ်မိပါသေးတယ်။ နောက် ၁၉၈၆ ဖေဖေါ်ဝါရီ မှာ ထားဝယ်နယ်ပွဲ ကို သွားတော့ အန်တီချို (ချိုပြုံး) ဒီသီချင်းကို ဆိုတာ မှတ်မိတယ်။ အန်တီချို အသံသွင်းဖြစ်၊ မဖြစ် မသိပါ။ စရေးတုန်းက အမျိုးသားအတွက် ဖြစ်ပေမယ့် တကယ် အသံသွင်းတော့ အမျိုးသမီးသီချင်း ဖြစ်သွားတယ်။ မခိုင် (ထွန်းအိန္ဒြာဗိုလ်) “Orlando” ကို ၂၀၀၈ လောက်က လာတုန်း ဒီသီချင်း ဆိုဖို့ ဖြစ်လာခဲ့တယ်။ နားထောင် ကြည့်တော့ မူရင်း “Verse” တခု နဲ့ “Bridge” ဖြုတ်ထားပြီး “Verse” အသစ် နဲ့ “Bridge” အသစ် ဖြစ်နေတယ်။ ဒါနဲ့ သူ့ ကို မူရင်း စာသား ရေးပေးခဲ့တယ်။ ပွဲက ကပ်နေလို့ သီချင်းကျက်ဖို့ အချိန် မရှိတာကြောင့် နောက်များမှပဲ ဆို ပါရစေလို့ သူ ပြောတယ်။ “Blues, Country Rock” ရော ထားတဲ့ ပုံမျိုး နောက် နေ့ ပွဲမှာ တီးလိုက်တယ်။ “Beat” ပြောင်းထားလို့ သူ လည်း အ၀င်အထွက်တွေ တော်တော် ဂရုစိုက်ရတယ်။ ကျနော် YouTube မှာ တင်ထားပါတယ်။ မိုးမခ ပရိသတ် အတွက် အဲဒီ သီချင်းလေးပဲ ကိုဘွဲ့မှူး အမှတ်တရ ရွေးပေးချင်ပါတယ်။ မချစ်ရင်မနေနိုင်တာကလွဲလို့ (Live) ၊ သံစဉ်/စာသား – စောဘွဲ့မှူး ၊ တေးဆို – ထွန်းအိန္ဒြာဗိုလ် (၂၀၀၈) Music Video URL: http://youtu.be/67F8ddoBhlE -
ကျနော် သိခဲ့တဲ့ ကိုဘွဲ့မှူး – Andrew Sway
ကျနော် သိခဲ့တဲ့ ကိုဘွဲ့မှူး
Andrew Sway
(ဂီတပညာရှင် စောဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် (၂၄၊ ဇူလိုင်၊ ၂၀၁၃) အမှတ်တရ)
ဓာတ်ပုံ မျှဝေသူ – ဇင်ဝေလတ် (သားငယ်)
ကိုငြိမ်းချမ်းအေး…
ကျနော်လည်း ကိုဘွဲ့မှူး အမှတ်တရ အတွက် ရေးပေးမယ် ပြောပြီး ရေးတဲ့ဘက် မလှည့်နိုင် ဖြစ်နေတာ အခုမှပဲ ချရေးဖြစ်တော့တယ်။
ကျနော်
ဒေသကောလိပ် တက်တဲ့ အချိန်လောက်မှာ ကိုဘွဲ့မှူး အကြောင်း စ
ကြားဖူးခဲ့ပါတယ်။ သူ့ အနုပညာနဲ့ စပြီး ပတ်သက်ခဲ့တာကတော့ ကျနော် ဒုတိယနှစ်
ရောက်မှပါ။ အဲဒီတုန်းက ဒေသကောလိပ် (၂) အနုပညာအသင်း ပွဲမှာ ဆိုဖို့ အတွက်
သီချင်းတပုဒ် ကို “ဇော်မင်း” က ယူလာပါတယ်။ သီချင်း နာမည်က
“လူငယ်ဒီလှိုင်းလုံး” လို့ ထင်ပါတယ်။ ဇော်မင်း က သူ့ အကို “ဇော်ဝင်း”
ရေးတာလို့ ပြောပါတယ်။ ဇော်ဝင်း က နောက်ပိုင်း “စောဘွဲ့မှူး” လို
့လူသိများပြီး ဇော်မင်း ကတော့ “ကိုကိုလေး” ဆိုတဲ့ နာမည်နဲ့ အနုပညာနယ်မှာ
လူသိများခဲ့ပါတယ်။
(တင်ဆက်သူ
မှတ်ချက် – “ကိုကိုလေး” ရေး “တသက်လုံးချစ်နေမယ် (ညီမလေး)” သီချင်း မှာ
နာမည်ကြီးခဲ့သည်။ မူရင်း မျိုးညွှန့် (၁၉၈၇) အပြင် ဘရိတ်ကီ၊ ရာစု
အစရှိသည်ဖြင့် ခေတ်အဆက်ဆက် ပြန်လည် သီဆိုခဲ့ကြသည်။
ကျနော်တို
့ကိုင်ဇာရဲ့ “သီချင်းရှင်ကို ကြင်နာပါ” အသံသွင်းတော့ ကိုဘွဲ့မှူး ရေးတဲ့
သီချင်းတွေ စ အသံသွင်းဖြစ်တယ်။ အတီး သွင်းတုန်းက ကိုဘွဲ့မှူး မလာခဲ့ပေမယ့်
အဆိုသွင်းတဲ့ နေ့တွေမှာတော့ လာခဲ့တယ် ပြောပါတယ်။ ၁၉၈၂ ကိုင်ဇာရဲ့
“ကစ္ဆပနဒီ” သွင်းတော့ ကိုဘွဲ့မှူး အတီးသွင်းတုန်း ရောက်လာပါတယ်။
“ငယ်ငယ်တုန်းကသူငယ်ချင်း (အိမ်အပြန်)” သီချင်းကို စတူဒီယိုထဲမှာပဲ
ကိုဘွဲ့မှူး “Musical Arrangement” လုပ်ပေးခဲ့တဲ့ အပြင် သီချင်း တပုဒ်၊
နှစ်ပုဒ်လည်း ၀င်တီးခဲ့ပါတယ်။ အဲဒါက စပြီးတော့ ကိုဘွဲ့မှူး နဲ့ တွဲတီး
ဖြစ်ခဲ့ပါတယ်။ ကိုင်ဇာ ရဲ့ “တူနှစ်ကိုယ်တိုင်းပြည်” အသံ သွင်းတဲ့
အချိန်မှာ ကိုဘွဲ့မှူး က “Success” တေးဂီတ အဖွဲ့ရဲ့ “Member” တဦး
ဖြစ်နေပါပြီ။ “Success” အပြင် တခြား တီးဝိုင်းတွေမှာလည်း ကိုဘွဲ့မှူး
လာခေါ်ရင် “Section Player” အနေနဲ့ အသံသွင်းတွေ၊ စင်တင်ပွဲတွေ
တီးပေးခဲ့ပါတယ်။ “Success” အဖွဲ့ ပြီးသွားတော့ ၁၉၈၈ မှာ ကိုဘွဲ့မှူး နဲ့
“Symphony” မှာ တွဲတီး ဖြစ်ခဲ့ပါတယ်။ “Symphony” ကနေ “Iron Cross”
ဖြစ်သွားသည် အထိပေါ့။ ၁၉၈၉ မှာ ကျနော် “Iron Cross” က ထွက်ခဲ့တယ်။
ကိုဘွဲ့မှူး နဲ့ တွဲတီးခဲ့တာ စုစုပေါင်း (၇) နှစ်လောက် ရှိမယ် ထင်ပါတယ်။
ကိုဘွဲ့မှူး
ဟာ ယေဘုယျ အားဖြင့် ပြောရမယ် ဆိုရင် ပျော်တတ်၊ ရွှင်တတ်သူလို့
ပြောနိုင်ပါတယ်။ သူ့ကို စိတ်ညစ်၊ စိတ်ရှုပ်တဲ့ အမူအရာနဲ့ တွေ့ရ ခဲ ပါတယ်။
စတွေ့ စ က ရှိန်တာနဲ့ စကားတောင် သိပ် မပြောရဲခဲ့ဘူး။ သူ နောက်ရင်တောင်
မရီ (ရယ်) ရဲ ခဲ့ဘူး။
မှတ်မိတာ
တခု ပြောရရင် “ကစ္ဆပနဒီ” သွင်းတုန်းက သီချင်းတပုဒ်မှာ ကျနော် က ဒီ နေရာ
ဘယ်လို တီးရမလဲလို့ မေးမိတယ်။ ကိုဘွဲ့မှူး က ပြုံးပြီး “မိမိ
ကြိုက်နှစ်သက်သလို တီးနိုင်သည်” လို့ ပြန်ပြောတယ်။ ရီ (ရယ်) စရာ
ပြောမှန်းသိပေမယ့် မရီ (ရယ်) ရဲခဲ့ဘူး။
ရင်းနှီး
လာပြီးတဲ့ နောက်တော့ အပြန်အလှန် စကြ၊ နောက်ကြ တာတွေက အမြဲတမ်း လိုလို
ဖြစ်လာတယ်။ ဘယ်လောက် ရင်းနှီးနှီး ကျနော် ကတော့ ကိုဘွဲ့မှူးကို အမြဲတမ်း
လေးလေးစားစား ဆက်ဆံခဲ့တယ်။ တခါဆို ကိုဘွဲ့မှူး က “ခင်ဗျား ကျနော့် ကို
သိပ် မလေးစားပြနဲ့” လို့ ပြောတယ်။ ကျနော်က “ဘာလို့လဲ” မေးတော့
ကိုဘွဲ့မှူးက “ခင်ဗျား သိပ် လေးစား ပြနေရင် ကျနော် ခင်ဗျားဆီက ငွေ
ချေးမိလိမ့်မယ်”လို့ ရီ (ရယ်) ပြီး ပြန်ပြောခဲ့တယ်။
ကိုဘွဲ့မှူး
ဟာ သဘော အလွန်ကောင်းသူ ဖြစ်ပါတယ်။ ဘယ်လောက် စ စ စိတ်ဆိုး ခဲ ပါတယ်။
ဒါကြောင့်လည်း ကျနော်တို့ သူ့ကို စိတ် မဆိုး ဆိုး အောင် စတဲ့ အကျင့်ဆိုး
တခု ၀င် လာခဲ့တာ များလား မသိပါ။
မှတ်မိတာ
တခု ပြောရရင် တရက် “မေ” စတူဒီယို မှာ နေ့လည်ပိုင်း ထမင်း စားနေတဲ့
အချိန်ပါ။ ကျနော်တို့ တင်သာမက တခြား မရင်းနှီး သူများလည်း ရှိနေပါတယ်။
သူစိမ်းတွေ ရှေ့ မဆဲလောက်ဘူးထင်ပြီး တယောက်က ကိုဘွဲ့မှူးကို ‘စ’ ပါတယ်။
ကိုဘွဲ့မှူး က “တော်ပြီ” လို့ ပြန် ဟန့် ပေမယ့် မလျှော့်ဘဲ ဆက် ‘စ’
နေပါတယ်။ နောက်ဆုံး ကိုဘွဲ့မှူး က စကားလုံး ကြွယ်ကြွယ်နဲ့ ပြန် ‘နှက်’
လိုက်ပါတယ်။ ကြားရတဲ့ စကားက အရမ်း ရီ (ရယ်) စရာ ကောင်းပါတယ်။
ဘာပြောခဲ့တယ်ဆိုတာ အတိအကျ မမှတ်မိတော့ပေမယ့် စကားလုံး တလုံး ကိုတော့
မမေ့နိုင်ခဲ့ပါ။ အဲဒီ စကားလုံး ကတော့ “မင်းကို မီးရှူးသန့်စင်ခဲ့တဲ့ မင်း
အမေ ရဲ့ အိမ်” ဆိုတဲ့ စကားပါ။ ကိုဘွဲ့မှူးက အဲဒီလို စကားလုံး
ကြွယ်ဝတဲ့သူပါ။
ကိုဘွဲ့မှူး
ဟာ နာမည်ပြောင် အလွန် အပေးတော်သူ လို့ လည်း ပြောရပါမယ်။ တရက် သူ့
အမျိုးသမီး “မဖေါဝါး” အသံသွင်းကို လာတော့ ကျနော့် ကို လက်တို့ ပြီး သူ့
အမျိုးသမီး ကို ညွှန်ကာ “ရှင်မွေးလွန်း” လို့ ပြောပါတယ်။ အဲဒီ နာမည်
မဖေါဝါး ကို သူ ခေါ်ရဲ၊ မခေါ်ရဲ တော့ ကျနော် မသိပါ။
ကျနော့်
ကို သူပေးခဲ့တဲ့ နာမည်ပြောင် အတော်များများ ထဲမှာ စွဲကျန် ခဲ့တဲ့
အမည်ကတော့ “ကျောင်းဆရာ” ဆိုတဲ့ အမည်ပြောင်ပါ။ ကျနော် တက္ကသိုလ်မှာ
ဆရာစလုပ်တော့ သူက “ကျောင်းဆရာ” လို့ ကျနော့် ကို ခေါ်ပါတယ်။ ကျနော် ကလည်း
မကြိုက်တော့ “ကျောင်းဆရာ” မဟုတ်ကြောင်း “တက္ကသိုလ်က ဆရာ” ဖြစ်ကြောင်း
“သရုပ်ပြဆရာ” လို့ခေါ်ကြောင်း ပြန် ရှင်းပါတယ်။ ကိုဘွဲ့မှူး က “မင်းကို
‘သရုပ်ပြဆရာ’ လို့ ခေါ်ရင် သွားဖြဲလေးနဲ့ ကျေနပ်နေမှာပေါ့။ ဒါကြောင့်
‘ကျောင်းဆရာ’ ပဲခေါ်မယ်” လို့ ပြန်ပြောပါတယ်။
ကျနော့်
အနေနဲ့ အခြေခံပညာသင် ကျောင်းဆရာ လို့ အခေါ်ခံရတာ ပြဿနာ မရှိပါ။ ကျနော်
မကြိုက်တာက အနုပညာလောကမှာ “ကျောင်းဆရာ” ဆိုတာ အဓိပ္ပာယ် တမျိုးထွက်လို့ပါ။
ညနေစောင်းရင် လွယ်အိတ်ထဲ ပုလင်းလွတ်ထည့်ကာ အရက်ဆိုင်သွားတာကို
“ညကျောင်းသွားတယ်”၊ နေ့တိုင်းသောက်တဲ့ အရက်သမားကို “ကျောင်းဆရာ” စသည်ဖြင့်
ခေါ်ကြ၊ ပြောကြပါတယ်။ “အနက်ရင်း” ကြောင့် မကြိုက်ရတာမဟုတ်ပါ။ “အနက်ပွား”
ကြောင့်ပါ။ ဒီလိုနဲ့ “ကျောင်းဆရာ” နာမည်တွင်ခဲ့ပါတယ်။
တရက်
ကျနော့်ကို “Section” ငှားတဲ့ “Show” တခု မတီးခင်မှာ “အကို သုံးဆောင်ပါ”
ဆိုပြီး အရက်နဲ့ အမြီး တည်ခင်းပါတယ်။ ကျနော့် ပေါ်လစီ က “မူးရင်မတီးနဲ့
တီးရင်မမူးနဲ့” ဆိုတော့ ကျနော်က “မသောက်ပါရစေနဲ့” လို့ ငြင်းလိုက်ပါတယ်။
ဒါနဲ့ အဲဒီထဲက တယောက်က “အကို့ ကို ‘ကျောင်းဆရာ’ လို့ ခေါ်ကြလို့ အကိုများ
မတီးခင် သောက်မလားလို့ပါ” လို့ ပြောတယ်။ သြော်.. ကိုဘွဲ့မှူး.. ကိုဘွဲ
့မှူး..။
အနုပညာနဲ့
ပတ်သက်ရင် ကိုဘွဲ့မှူး က အတော်ကို ဗဟုသုတ ကြွယ်ဝသူ တဦးလို့ ပြောရပါမယ်။
နိုင်ငံခြားက လာတဲ့ “Guitar Lesson” စတိုင်မျိုးစုံ စာအုပ်
အတော်များများကို အလွတ်ရအောင် ဖတ်လေ့၊ မှတ်လေ့ ရှိသူပါ။ ကျနော် ကတော့
ဖတ်မိရင် “Notes” မှတ်ထားတဲ့ အလေ့ ရှိပါတယ်။ ဒါကို ကိုဘွဲ့မှူး
မကြိုက်ပါ။ တီးတဲ့ Technique နဲ့ ပတ်သက်ပြီး သိချင်တာ ရှိလို့ မေးရင်
စိတ်ရှည်၊ လက်ရှည် ရှင်းပြ၊ တီးပြ တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ရက်ရောမှု က
အကန့်အသတ် တော့ ရှိပါတယ်။
မှတ်မိတာ
တခု ပြောရရင် တခါ သူ ကျနော့် ကို “Blues Guitar” ဆိုတဲ့ စာအုပ် တအုပ် စ
ပေးပါတယ်။ အလွတ် ကျက်ဖို့ လည်း တခါတည်း မှာပါတယ်။ အထူးသဖြင့် စကေး (Scale
) တွေကို သီချင်းတွေနဲ့ ဥပမာ ပေးထားတဲ့ အပိုင်းပါ။ ကျနော်ကလည်း စကား
နားထောင် ပါတယ်။ အလွတ်မကျက်ဘဲ စာအုပ်တအုပ် ထဲမှာ မှတ်ထားပါတယ်။ စာအုပ်
နှစ်အုပ်၊ သုံးအုပ် ထပ် ပေးပါတယ်။ ကျနော်လည်း စာအုပ်ထဲမှာ မှတ်ပါတယ်။
နောက်တော့ ကိုဘွဲ့မှူးက “ငါ နောက် Notes ရေးရင် အလုံး (Melody) အကုန်လုံး
မရေးတော့ဘူး။ အဲဒီ စာအုပ်တွေထဲ ဥပမာ သီချင်း နာမည်တွေကိုပဲ
ညွှန်းရေးတော့မယ်” လို့ ပြောပါတယ်။ ကျနော်က “ဘာလို့ ဒီလို လုပ်ရတာလဲ”
မေးတော့ “မင်း ဘာသိလို့လဲ၊ အသံသွင်းရင် လာနားထောင်တဲ့ ပုံဖမ်းပြီး ရူးသလို၊
ပေါသလိုနဲ့ Notes စာရွက် ခိုး ပြေးတဲ့သူတွေ ရှိတယ်” လို့ ပြောပါတယ်။
ကျနော်လည်း
ကိုဘွဲ့မှူး အစိုးရိမ်လွန်တယ်ပဲ ထင်မိတယ်။ ဒီလိုနဲ့ ကိုဘွဲ့မှူး တီးဖို့
ပေးရင် စာရွက်ပေါ်က “Code” သီချင်းနာမည် အညွှန်းကြည့်၊ စာအုပ်ထဲက သက်ဆိုင်ရာ
စကေး ကြည့် တီး နဲ့ လုပ်နေခဲ့တယ်။ အဲဒီလို လုပ်နေတာ သတိထားမိသူ
ရှိပါလိမ့်မယ်။ တနေ့တော့ အဲဒီ စာအုပ် အခိုးခံ ရပါတယ်။ ကိုဘွဲ့မှူး
ကျနော့် ကို ‘ဆူ’ ပါတယ်။ စာအုပ်တွေ ထပ်ပေးပြီး ဒီတခါ အခိုးခံရရင် ထပ်
မငှားတော့ဘူး ပြောတယ်။ ကျနော်လည်း ‘လည်’ သွားပါပြီ။ စာအုပ်ထဲ
မမှတ်တော့ပါ။ မှတ်သင့်တာတွေကို လှည်းတန်း မှာ “Photostat” ဆွဲလိုက်ပါတယ်။
စတူဒီယိုထဲတော့ အဲဒီ စာရွက်တွေ ယူမလာတော့ပါ။ အိမ်မှာပဲ ထားပါတော့တယ်။
ကိုဘွဲ့မှူး
ကို “ဆရာ” တယောက်၊ “တီးဖေါ်တီးဖက်” တယောက်၊ “သူငယ်ချင်း” တယောက်လို ခင်မင်
သိကျွမ်း ခဲ့ရပါတယ်။ (၇) နှစ်ကျော် တွဲခဲ့တဲ့ အချိန်မှာ ကျနော့် အတွက်
ပြောစရာ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီ အထဲက ကျနော် တသက်လုံး မေ့မရတဲ့
အဖြစ်အပျက် တခုကိုပဲ ဒီနေရာက ပြောပါရစေ။
၁၉၈၅
မှာ ကျနော်တို့ ကျိုက္ခမီ ဘုရားပွဲ သွားတီးခဲ့ပါတယ်။ ပွဲစဉ်က ကျိုက္ခမီ
အပြီး အပြန်မှာ မော်လမြိုင် မှာ တီးဖို့ ရှိပါတယ်။ ကျိုက္ခမီ ပွဲ အပြီး
စက်စဲ ကမ်းခြေမှာ တည အိပ်ဖို့ အစီအစဉ် လုပ်ခဲ့ပါတယ်။ ကျိုက္ခမီ မှာ
နေ့လည်စာ စားပြီး ကားနဲ့ ထွက်လာတာ စက်စဲ ကို မွန်းလွဲ (၃) နာရီလောက်
ရောက်ပါတယ်။ ရောက်တာ နဲ့ ပစ္စည်းချပြီး ရေဆင်း ကူးကြပါတယ်။ ညနေစောင်း
ရောက် ပိုက်ဆံခွဲ တော့မယ် ပြောမှ ရေထဲက ပြန်တက်လာပါတယ်။ (၆) နာရီ
ထိုးခါနီး လောက် ဖြစ်မယ်ထင်တယ် ပိုက်ဆံခွဲကြပါတယ်။ ကျိုက္ခမီပွဲ က (၃) ည၊
နောက် မော်လမြိုင် ပွဲ ကလည်း (၃) ည ဆိုတော့ ကျနော် တို့ အားလုံး က ရာတန်၊
အစိတ်တန် နဲ့ပဲ ပေးဖို့ ပြောကြပါတယ်။ တချို့ အဆိုတော်တွေ ကတော့ ရာတန်နဲ့
အကြွေ (တဆယ်တန်/နှစ်ဆယ်တန်) ရော ယူပါတယ်။ အောင့်သက်သက်နဲ့ အကြွေတွေ
ချည်းပဲ လက်ခံ ခဲ့တာ “Front of House Engineer” ကိုဂျင်မီ (ကြည်မင်းသိန်း)
ပါ။
ငွေခွဲ
ပြီးတော့ စက်စဲ ရွာလေးမှာ ရှိတဲ့ ဈေးဆိုင်တန်းလေးဘက် ထမင်း
သွားစားကြပါတယ်။ ထမင်းစားပြီး အားလုံးက ရာတန်၊ အစိတ်တန် နဲ့ ရှင်းတော့
ဆိုင်ရှင်က “ရာတန်တွေ၊ အစိတ်တန်တွေ တရားမ၀င် ကြေညာထားတယ်” လို့ ကြား
ကြောင်း ပြောပါတယ်။ ကျနော်တို့လည်း “ကောလာဟလ ပါ၊ မဟုတ်ပါဘူး” လို့
ပြန်ပြောရင်း ရာတန်၊ အစိတ်တန် နဲ့ ပဲ ပေးခဲ့ကြပါတယ်။
နောက်နေ့
မနက် အိပ်ယာထတော့ တခါ ရေကူး ကြပြန်တယ်။ ရေကူး နေကြတုန်း “အမေလေး..
ကိုယ်ကျိုး တော့နည်းပါပြီ” လို့ အန်တီဖြူ (မေခလာ့ အမေ) ရဲ့ အော်သံကို
ကြားတာနဲ့ ရေထဲက တက်ပြီး အကျိုး၊ အကြောင်း မေးတော့မှ ရာတန်တွေ၊
အစိတ်တန်တွေကို ဖျက်သိမ်းကြောင်း မနေ့ နေ့လည် (၂) နာရီလောက်
ကြေညာသွားတယ်လို့ သိလိုက်ရတယ်။ ရာတန်တွေ၊ အစိတ်တန်တွေပဲ ကိုင်ထားတဲ့
ကျနော်တို့ တတွေ ရုတ်ချင်းဆို “မွဲ” သွားခဲ့ရတယ်ပေါ့။
အဲဒီ
အချိန်က မေဆွိ ရဲ့ “ပန်းကန်ပြားပျံများ” ကိုယ်ပိုင်သံစဉ် အခွေက
ထွက်တော့မှာလား၊ စထွက်ပြီလား ဖြစ်နေပါတယ်။ “ပန်းကန်ပြားပျံများ” ကို
စီစဉ်တဲ့ ကျနော့် သူငယ်ချင်း တေးရေး “မောင်မောင်ဈာန်” က သူ ရန်ကုန်ကို
ပြန်ရမှာ ဖြစ်ကြောင်း၊ တရားဝင်တဲ့ ပိုက်ဆံ မရှိတော့ ကြောင်း ပြောရင်း
အကူအညီ တောင်းပါတယ်။ ကျနော့် မှာလည်း ငွေက ကျပ် (၁၃၀) လောက်ပဲရှိတော့ သူ့
ကို ကားခ၊ ရထားခ နဲ့ လမ်းမှာ စားဖို့ အတွက် ငွေ (၁၂၀) ပေးလိုက်ပါတယ်။
မောင်မောင်ဈာန် ကလည်း သူ့ ဆီမှာ ရှိတဲ့ ငွေတောင် ဆေးပေါ့လိပ် တစည်း
ကျနော့် ကို ပေးခဲ့ပါတယ်။ ကျနော့် အတွေး ကတော့ ကျနော့် ကို အကြွေး ပေးစရာ
ရှိတဲ့ လူတွေ ဆီမှာ တယောက်ကို (၂၀) စီပဲ အကြွေး ပြန်တောင်း ရင် ဒီ ငွေ
(၁၂၀) ပြန်ရနိုင်တယ်ပေါ့။ တကယ်တမ်း တောင်းတော့ “မင်းက hotshot လုပ်ပြီး
(၁၂၀) ပေးလိုက်တာကိုး။ ကိုယ့် အပြစ်နဲ့ ကိုယ်ခံ” ဆို ပြောပြီး ရာတန်၊
အစိတ်တန်တွေပဲ ပြန်ပေး ကြတာနဲ့ မယူ ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့
မော်လမြိုင် ကို အိပ်ထဲ ရှိတဲ့ တဆယ်တန်လေး တချပ် နဲ့ပဲ ရောက်ခဲ့တယ်။
မော်လမြိုင် ကန်ထရိုက်ကလည်း ပွဲ အားလုံးပြီးမှ ငွေရှင်း နိုင်မယ် ပြောတယ်။
သူများတွေ အပြင်ထွက် လဖက်ရည်သောက်၊ ထမင်းစားတဲ့ အချိန်မှာ ဒူးယားတောင်
ဝယ် မသောက်နိုင်ဘဲ ငွေတောင်ဖွာ၊ ကန်ထရိုက်ကြွေးတဲ့ ထမင်းစားရင်း
အခန်းအောင်းနေခဲ့ရတယ်။ ကျနော့် ဘ၀ မှာ အဆင်းရဲဆုံး ဖြစ်ခဲ့ရတဲ့
အချိန်ပေါ့။
မော်လမြိုင်ပွဲ
ပထမနေ့ တီး အပြီး နောက်နေ့  မနက် (၁၀) နာရီ လောက် ကိုဘွဲ့မှူး ကျနော့်
အခန်းထဲ ၀င်လာတယ်။ ကိုဘွဲ့မှူး က သူ မော်လမြိုင် ဈေးထဲသွား မှာ ဖြစ်လို
့လိုက်ခဲ့ ပါလို့ ခေါ်တယ်။ ကျနော်က မလိုက်တော့ဘူး ပြောတော့ ကိုဘွဲ့မှူးက
မဖေါဝါး သူ့ ကို ရေဒီယို ၀ယ်ခိုင်းလိုက်ကြောင်း၊ ကျနော်နဲ့ တိုင်ပင်ပြီး
တကမ္ဘာလုံးက အသံလွှင့်ဌာန တွေကို နားထောင်နိုင်တဲ့  အမျိုးအစား
ဝယ်ခိုင်းလိုက်ကြောင်း၊ ကျနော် လိုက်ဝယ်ပေး ရင် ကြာဇံကျော် ၀ယ်ကြွေးမယ်
ဖြစ်ကြောင်း ပြောပါတယ်။ ကြာဇံကျော် အသံကြားတာ နဲ့ ကျနော်လည်း ထလိုက်
သွားခဲ့တယ်။
မော်လမြိုင်
ဈေးထဲရောက်တော့ တရုတ် ဆိုင်တဆိုင် ၀င်ထိုင်လိုက် ပြီး ကိုဘွဲ့ မှူး က
ဘဲကင်၊ ကန်စွန်းရွက်ကြော် အစရှိတဲ့  မင်ညူး ထဲမှာ ရှိတဲ့ အစာ အကုန်
နီးပါးလောက်မှာ၊ ရမ် တလုံး၊ ဒူးယား တဘူး၊ ဘိလပ်ရည် စတာတွေ မှာ ပါတော့တယ်။
ကျနော်က “မလုပ်ပါနဲ့” ပြောတော့ ကိုဘွဲ့မှူး က “စကားမများနဲ့၊ စားစရာ
ရှိတာစား၊ သောက်စရာရှိတာသောက်” လို့ ပြန်ပြောတယ်။
တဆက်တည်း
ကိုဘွဲ့မှူး က “မင်းက ဆရာဝန်ကြီး သား၊ တက္ကသိုလ်က ဆရာ၊ ငါ့ ထက် အမြဲတမ်း
ချမ်းသာနေတဲ့ လူ။ ငါ ငွေပြတ်တိုင်း မင်း ငါ့ကို အမြဲ ကူညီခဲ့တယ်။ အခု မင်း
အိတ်ထဲမှာ ငွေ တဆယ်ပဲ ရှိပြီး ငါ့ အိတ်ထဲမှာ ငွေ နှစ်ရာကျော် ရှိတယ်။ ငါ
မင်းထက် ချမ်းသာ သွားပြီ။ မင်း ပိုက်ဆံ မလောက်လို့ စားချင်တာ ၀ယ်
မစားနိုင်၊ စီးကရက်တောင် ၀ယ်မသောက်နိုင် ဖြစ်ပြီး စိတ်ညစ်နေတာ ငါသိတယ်။
မင်း အခုလို ဖြစ်ရတာကလည်း မင်း မဟုတ်တာ လုပ်လို့ မဟုတ်ဘဲ၊ သူငယ်ချင်း ကို
ကူညီ ခဲ့လို့ ဖြစ်ရတာ။ ဒီလို လူမျိုးကို ကျွေး ရတာ ငါ့ အတွက်လည်း ကုသိုလ်
ရတယ်။ မင်း အခု စိတ်မညစ်တော့ဘူး မဟုတ်လား။ ရန်ကုန်မှာသာ မင်းကို ဒီလို
ကျွေးခဲ့ရင် မင်း အခုလောက် စိတ်ချမ်းသာ မှာ မဟုတ်ဘူး” လို့ ရှင်းပြပါတယ်။
ကျနော်က
မဖေါဝါး ၀ယ်ခိုင်းတဲ့ ရေဒီယို အတွက် ကော လို့ မေးတော့ ကိုဘွဲ့မှူးက “မင်း
ငတ်နေလို့ ငါ ၀ယ်ကျွေးလိုက်ရတယ် ပြောရင် သူ နားလည်မှာပါ” လို့ ပြန်ဖြေတယ်။
ရမ်
တလုံး ကုန်တော့ နောက် တပိုင်း ထပ်မှာတယ်။ ကျနော်တို့ မနက် (၁၁)
နာရီလောက်က စသောက်တာ ညနေ (၃) နာရီလောက်ကျမှ ပြီးတယ်။ အရက်ကုန်မှ သူ
ကတိပေးထားတဲ့ ကြာဇံကျော် မှာတယ်။ စားသောက်ပြီးတော့ တယောက်ကို တယောက်
မှီပြီး ဆိုင်ထဲကထွက် ဆိုက်ကားငှား တည်းခိုခန်း ကို ပြန်လာခဲ့ကြတယ်။
ကိုဘွဲ့မှူး
နဲ့ ပတ်သက်ပြီး ပြောစရာ အဖြစ်အပျက်အများကြီး ရှိပေမယ့် အခု ရေးခဲ့တဲ့
အဖြစ်အပျက် ကတော့ ကျနော် တသက်လုံး မေ့လို့ မရတဲ့ အဖြစ်လေးပါပဲ။
အခု
ကိုဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရ
အစီအစဉ်လေးမှာ မိုးမခ ပရိသတ် အတွက် ကိုဘွဲ့မှူးရေး သီချင်းတပုဒ်
ရွေးပေးဖို့ပါ ပြောတော့ ကိုဘွဲ့မှူးရဲ့ မြောက်များလှတဲ့ သီချင်းတွေ
အကြောင်း ပြန်စဉ်းစားမိတယ်။
ကိုဘွဲ့မှူး
ရေးခဲ့တဲ့ သီချင်း အတော်များများ ကြိုက်ပါတယ်။ အဲဒီထဲမှာ အကြိုက်ဆုံး
တပုဒ်ကတော့ “မချစ်ရင်မနေနိုင်တာကလွဲလို့” ဆိုတဲ့ သီချင်းပါ။ ကြိုက်ရတဲ့
အကြောင်း တခုက အဲဒီ သီချင်း က ကျနော့် မျက်စိ ရှေ့မှာ စပြီး အကောင်အထည်
ပေါ်လာတာကို မြင်လိုက် ရလို့ပါ။
အဲဒီသီချင်းက
စရေး ကတည်းက အမျိုးသား ဆိုဖို့ ရေးခဲ့တာပါ။ ပထမဆုံး စရေးချခဲ့တဲ့ အပိုဒ် က
“သောက ဧည့်ခန်းထဲက အချစ်ဓာတ်ပုံ” ဆိုတဲ့ အပိုဒ်ပါ။ ငြိမ်းငြိမ်း
(ငြိမ်းငြိမ်းအိ/အင်္ဂလန်စိန်) သီချင်း ထဲမှာတော့ “ဒုက္ခဧည့်ခန်း” လို့
ဆိုထားတယ်။ ကျနော် မှတ်မိတာ “သောကဧည့်ခန်း”။
စ
ရေးခဲ့တဲ့ နေရာ ကတော့ “မေ စတူဒီယို” မှာပါ။ ကျနော်တို့ သီချင်း သွင်းပြီး
ထွက်လာတော့ ကိုဘွဲ့မှူး က “ဟေ့.. ငါ သီချင်း အသစ် တပုဒ် ရေး နေတယ်၊ လာ
နားထောင်” လို့ ခေါ်ပါတယ်။ “လမ်းခွဲ ပြီးနောက် အတူ ပိုင်ဆိုင်သမျှ ထဲက
ကြိုက်ရာယူသွားပါ၊ မင်း ရဲ့ ဓာတ်ပုံလေးကလွဲလို့” ဆိုတဲ့ အကြောင်းပါ။
“Verse” ၂ ပိုဒ်ပဲ ရေး ရသေးတယ်။ အဲဒီတုန်းက သီချင်း နာမည်က
“ကြိုက်ရာယူသာသွားပါ” လို့ ပေးထားခဲ့တယ်။
တလ၊
နှစ်လ လောက်နေတော့ “လင်း စတူဒီယို” မှာ “မျက်မမြင်ကျောင်းရံပုံငွေ” အတွက်
သီချင်းသွင်းတော့ “မချစ်ရင်မနေနိုင်တာကလွဲလို့” နာမည် နဲ့ ဒီ
သီချင်းပါလာတယ်။ သီချင်းမှာလည်း “Bridge” ထည့် ထားတယ်။ ပထမဆုံး အသံသွင်း
ဖြစ်တာလို့ ပြောနိုင်မယ် ထင်တယ်။ ဆိုတာက မိန်းကလေး။ အဲဒီတုန်းက တီးသူ၊
ဆိုသူ အားလုံးက မျက်မမြင်တွေပါ။ မျက်စိမြင်တာဆိုလို့ ကျနော် နဲ့
ကိုဘွဲ့မှူး (၂) ယောက်ပဲရှိတယ်။ ကျနော် က “အချစ်ရေမနေနိုင်တာကလွဲလို့”
ဆိုပြီး သီချင်းခေါင်းစဉ်ကို ‘နောက်’ ခေါ်ခဲ့တာ မှတ်မိပါသေးတယ်။
နောက်
၁၉၈၆ ဖေဖေါ်ဝါရီ မှာ ထားဝယ်နယ်ပွဲ ကို သွားတော့ အန်တီချို (ချိုပြုံး)
ဒီသီချင်းကို ဆိုတာ မှတ်မိတယ်။ အန်တီချို အသံသွင်းဖြစ်၊ မဖြစ် မသိပါ။
စရေးတုန်းက အမျိုးသားအတွက် ဖြစ်ပေမယ့် တကယ် အသံသွင်းတော
့အမျိုးသမီးသီချင်း ဖြစ်သွားတယ်။
မခိုင်
(ထွန်းအိန္ဒြာဗိုလ်) “Orlando” ကို ၂၀၀၈ လောက်က လာတုန်း ဒီသီချင်း ဆိုဖို့
ဖြစ်လာခဲ့တယ်။ နားထောင် ကြည့်တော့ မူရင်း “Verse” တခု နဲ့ “Bridge”
ဖြုတ်ထားပြီး “Verse” အသစ် နဲ့ “Bridge” အသစ် ဖြစ်နေတယ်။ ဒါနဲ့ သူ့ ကို
မူရင်း စာသား ရေးပေးခဲ့တယ်။ ပွဲက ကပ်နေလို့ သီချင်းကျက်ဖို့ အချိန်
မရှိတာကြောင့် နောက်များမှပဲ ဆို ပါရစေလို့ သူ ပြောတယ်။ “Blues, Country
Rock” ရော ထားတဲ့ ပုံမျိုး နောက် နေ့ ပွဲမှာ တီးလိုက်တယ်။ “Beat”
ပြောင်းထားလို့ သူ လည်း အ၀င်အထွက်တွေ တော်တော် ဂရုစိုက်ရတယ်။ ကျနော်
YouTube မှာ တင်ထားပါတယ်။ မိုးမခ ပရိသတ် အတွက် အဲဒီ သီချင်းလေးပဲ
ကိုဘွဲ့မှူး အမှတ်တရ ရွေးပေးချင်ပါတယ်။
မချစ်ရင်မနေနိုင်တာကလွဲလို့ (Live) ၊ သံစဉ်/စာသား – စောဘွဲ့မှူး ၊ တေးဆို – ထွန်းအိန္ဒြာဗိုလ် (၂၀၀၈)
Music Video URL: http://youtu.be/67F8ddoBhlE
Andrew Sway
၂၂ ၊ ဇူလိုင် ၊ ၂၀၁၃
တင်ဆက်သူ
မှတ်ချက်။ ။ ဆောင်းပါးရှင် “Andrew Sway” သည် ၁၉၇၀/၁၉၈၀ ခုနှစ်များ၏
ဗမာ့ခေတ်ပေါ် တေးဂီတလောကတွင် ပါဝင်လှုပ်ရှားခဲ့သည့် အော်ဂင်၊ ကီးဘုတ် အတီး
ပညာရှင် “သိန်းဆွေ” ဖြစ်သည်။ “Success (ဇိန)” တေးဂီတ အဖွဲ့၏ ဝိုင်းတော်သား
တဦးလည်း ဖြစ်ခဲ့သည်။ မအားလပ်သည့်ကြားမှ “စောဘွဲ့မှူး နှကို ဂီတ ဝါသနာရှင် မိုးမခ စာဖတ်ပရိသတ် ကိုယ်စား အထူး
ကျေးဇူးတင်ပါသည်။
မိုးမခ
ပရိသတ် အတွက်လည်း ဆောင်းပါးရှင် ကိုအင်ဒရူး ရွေးပေးခဲ့တဲ့
“မချစ်ရင်မနေနိုင်တာကလွဲလို့” သီချင်း ၏ အမျိုးသား အဆို ဗားရှင်း တခုပါ
ဖြည့်စွက် တင်ဆက်ပေးလိုက်ပါသည်။
မချစ်ရင်မနေနိုင်တာကလွဲလို့ ၊ သံစဉ်/စာသား – စောဘွဲ့မှူး ၊ တေးဆို – သက်ဦးလွင် (၁၉၉၁)
Music Video URL: http://youtu.be/yq2DC9fZKGQ
See more at: http://moemaka.com/archives/36722#sthash.Jj1Rg5Uz.dpuf
No comments:
Post a Comment