Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 21, 2013

ရေအောက်မှ တွေ့ရှိသည့် ၄ ပိဿာကျော် ကြေးဖိနပ်

July 21, 2013

0
ဇူလိုင်လ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “လေးပိဿာ ၂၀ ကျပ်သားရှိ ကြေးဖိနပ်ကြီးရေအောက်မှာတွေ့ ရှိ” ခေါင်းစဉ်ဖြင့် သတင်းတစ်ရပ်  ပါရှိလာသည်။ အဆိုပါသတင်း တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကွမ်း တောင်ကျွန်းအနောက်တောင် ဘက်ပင်လယ်ပြင်ရေအောက်မြေ အနက် ခုနစ်လံ ( ၄၂ ပေခန့်) ရှိသည့် နေရာမှ ရှေးဟောင်းပစ္စည်းဟုယူ ဆရသော ကြေးဖိနပ်ကြီးတစ်ဖက် ကို ရေလုပ်သားတစ်ဦးဖြစ်သူ၊ အလယ်ကျွန်းရပ်ကွက်၊ ပန်းယား ၀ပ်ရှော့လမ်းနေဦးငွေစိုး (၄၈) နှစ် ပါသုံးဦးသည်ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်း ငါးဖမ်းယူနေစဉ်ဖိနပ်  တစ်ဖက်ငါးမျှားချိတ်တွင် ချိတ်ပါ  လာခဲ့ကြောင်း၊ အဆိုပါကြေးဖိနပ်  သည်အလေးချိန်လေးပိဿ ၂၀ ကျပ်သားရှိပြီး အရှည် ၁၃ လက်မ နှင့် အကျယ်ငါးလက်မရှိကာဖိနပ်   ပတ်လည်တွင် ဘဲဥပုံအပေါက် ၁၆ ပေါက်နှင့် ဘေးတစ်ဖက်တစ် ချက်စီတွင် အပေါက်ကြီးနှစ်ပေါက်  ပါရှိသည်။ ဖိနပ်၏ ဘေးတစ်ဖက်  တွင် C, F, HeINKE,S စာတန်း နှင့် အခြားတစ်ဖက်တွင် PATENT ဟူသည့်စာတမ်းပါရှိသည်ဟုပုံနှင့် တကွဖော်ပြထားရှိသည်။
စိတ်ဝင်တစားဖြင့် သတင်းတွင် ဖော်ပြထားသော သတင်းဓာတ်ပုံ  အား မှန်ဘီလူးဖြင့် စေ့ငုကြည့်ရှု သောအခါ သတင်းဓာတ်ပုံပါဖိနပ် နှင့် ရေးတိုးထားသည့်စာတမ်းမှာ C. E, HEINKE,S’  ဟူသော စာတမ်းကို အင်္ဂလိပ်အကရာပုံနှိပ် စာလုံးကြီး (Capital Letter) ဖြင့် အထင်အရှားရေးသားထားသည် ကို တွေ့ရသည်။ (သတင်းစာတွင် ဖော်ပြထားသကဲ့သို့ C, F, HeINKE,S မဟုတ် ဘဲ C. E, HEINKE,S  ဖြစ်ပါသည်)
သို့ဖြစ်၍အဆိုပါကြေးဖိနပ် ၏အကြောင်းအရာကို ထို့ထက် ပြည့်ပြည့်စုံစုံသိရှိနိုင်ရန် အလို့ငှာ  လက်လှမ်းမီသရွေ့လေ့လာရာတွင် C. E, HEINKE, ကုမ္ပဏီကို တည်ထောင်သူမှာ ချားလ်စ်အက်ဒွင် ဟိန်း (Charles Edwin Heinke) ဆိုသူဖြစ်ပြီး ၎င်းကို ၁၈၁၈ ခု နှစ်စက်တင်ဘာ ၄ ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း၊ ဖခင်မှာပရပ်ရှား (ယခုဂျာမန်နွယ်ဖွား) ကြေးသွန်း  လက်မှုပညာရှင် (Copper smith) တစ်ဦးဖြစ်သူ ဂွတ္တလစ်ဖရက်ဒရစ် ဟိန်း (Gottlif Fedlrick Heinke) ဖြစ်ကြောင်း၊ ၁၈၁၉ ခုနှစ်တွင် C.E Heinke  မှာ ဖခင်နှင့် အတူ လန်ဒန်သို့ပြောင်းရွှေ့နေထိုင်ခဲ့ ကြောင်း C.E Heinke  သည်နောင်  တွင် ရေငုပ်ဝတ်စုံ (Diving Equipnent) များထုတ်လုပ်ရာတွင်  အထူးအောင်မြင်ကျော်ကြားခဲ့ပြီး ၎င်း၏ပထမဆုံးရေငုပ်ခေါင်းဆောင်း  ( Helmet) မှာ ၁၈၄၄ ခုနှစ်မှစ၍ ကမ္ဘာတွင် အထူးကျော်ကြားခဲ့ ကြောင်း သိရသည်။
C.E Heinke သည် ၁၈၄၄ ခုနှစ်တွင် C.E Heinke Submarine Engineer ကုမ္မဏီကို ထူထောင်ပြီး ရေငုပ်သမားများ အသုံးပြုဝတ်စုံများ၊ သင်္ဘောသား အသုံးအဆောင်ပစ်္စည်းများ၊ (သံလိုက်အိမ်မြှောင်၊ ကွန်ပါစ်များ အပါအ၀င်)တို့ကို ကြေးထည်ပစ္စည်း များ အသုံးပြုထုတ်လုပ်ခဲ့ကြောင်း၊   ၁၈၇၁ ခုနှစ်တွင် အဆိုပါကုမ္ပဏီကို C.E Heinke & Co Submarine Engineers  ဟု အမည်ပြင်ဆင် ပြောင်းလဲခဲ့ကြောင်း၊ ၁၉၂၂ မှ ၁၉၆၁ ခုနှစ်ထိ C.E Heinke & Co.Ltd. Submarine Engineers  ဟု အမည်ပြောင်းကာ ရေငုပ် သမားသုံးဝတ်စုံ၊ မီးသင်္ဘော၊ ရေငုတ်သင်္ဘောသုံးကြေးထည်ပစ္စည်း များကို တစ်ဆင့်ထက်တဆင့် တိုးတက် ထုတ်လုပ်ခဲ့ပြီး၊ ၎င်းကုမ္ပဏီထုတ်  ပစ္စည်းအချို့မှာ ယနေ့တိုင်သက် ၀င်လှုပ်ရှားနေသေးကြောင်း သိရ သည်။  C. E, HEINKE မှာ လူကြီး ရောဂါဖြင့် ၁၈၆၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်  ချိန်တွင် အသက် ၅၁ နှစ်သာရှိ သေးသည်။
၁၈၄၅ ခုနှစ်တွင် C. E, HEINKE သည်ပင်လယ်သမုဒ္ဒရာ ရေအောက်ကြမ်းပြင်တွင် ရေသယံ  ဇာတရှာဖွေသူများ၊ ပုလဲငုပ်သူ များအသုံးပြုနိုင်သည့်ကြေးသတ္တု    ဖြင့် ပြုလုပ်သော ရေငုပ်သမား  ၀တ်စုံများကို ထုတ်လုပ်ခဲ့ရာလွန်စွာ  နာမည်ကြီးခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ယခုမြိတ်ကျွန်းစုမှ တွေ့ရှိသော ၄ ပိဿာကျော်ရှိ ကြေးဖိနပ်မှာ ၁၈၅၀ နှင့် ၁၉၀၀ ပြည့်နှစ်များအတွင်း C. E, HEINKE ကုမ္ပဏီ၏ မူပိုင်ပစ္စည်းတစ်ခုဖြစ်ဖွယ်ရှိကြောင်းယူဆရသည်။ အကြောင်းမူ ‘PATENT” ဟူသော  ဝေါဟာရ၏ အဓိပ္ပာယ်မှာ “မူပိုင်” “မူပိုင်ခွင့်” ဟူ၍ဖြစ်သဖြင့် အဆိုပါ  ဖိနပ်တွင် ဖော်ပြပါရှိသော C. E, HEINKE,PATENT  ဆိုသည်မှာ  လွန်ခဲ့သော နှစ် ၁၀၀ ခန့်က မြိတ်ကျွန်းစုအတွင်း ရေသယံဇာ တရှာဖွေသူသို့တည်းမဟုတ်ပုလဲ ငုတ်သူ (ပြည်ပနိုင်ငံသားလည်း ဖြစ်နိုင်) တစ်ဦးဦးအသုံးပြုခဲ့သည့် ရေငုပ်သမားသုံးဖိနပ်ဖြစ်ဖွယ်ရှိ ကြောင်း လေ့လာတင်ပြအပ်ပါသည်။


ကျော်စိန်၊ ၁၉၊ ရ၊ ၂၀၁၃
Ref; wiki/ C.E Heinke.com

No comments:

Post a Comment