နံပါတ် ၁
Cité Soleil
Location: Port-au-Prince, Haiti
ဟေတီနိုင်ငံမှာရှိပါတယ်။မြို့လေးတစ်မြို့ပါ။လူဦးရေကတော့ ၂ သိန်းကနေ ၃ သိန်းကြားတည်ရှိပါတယ်။ဒီမြို့လေးကို အမေရိကန်တွေက "ဂိုသမ်(လင်းနို့လူသားကားထဲက ဒုစရိုက်မြို့တော်)"လို့တောင် ခေါ်ကြပါတယ်။ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာတစ်ခုလဲ ဖြစ်ပါတယ်။အဲဒီနေ၇ာမှာ လျှပ်စစ်မီးလဲမရပါဘူး၊စတိုးဆိုင်တွေ တည်းခိုခန်းတွေ၊စားသောက်ဆိုင်တွေလဲ မ၇ှိပါဘူး။အဆိုးဆုံးကတော့ မြို့နေလူတိုင်း လက်နက်တွေကိုင်ဆောင်သွားနေကြတာပဲ ဖြစ်ပါတယ်။ဒုစရိုက်ဂိုဏ်းပေါင်စုံရှိပြီး အဲဒီမြို့က လမ်းတွေပေါ်မှာ လူသတ်တာတွေ၊ပြန်ပေးဆွဲတာတွေ၊နှိပ်စက်တာတွေနဲ့
မုဒိမ်းမှုတွေဟာ အဲဒီဒေသမှာ ရိုးနေပါပြီ။မိနစ်တိုင်းနီးပါး
ဖြစ်နေကြတာပါ။လမ်းမှာ ဖြတ်သွားနေတဲ့ လူတွေရှိပေမယ့် သင့်ကို ဘယ်သူမှ
အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး။မြို့က အမှိုက်ပုံလို ဖြစ်နေပြီး
မင်းမဲ့တိုင်းပြည်ကို မမြင်ဘူးရင် အဲဒီမြို့ကို
ကြည့်ရမျာဖြစ်ပါတယ်။နေထိုင်သူတွေက အသက် ၅၀ ခန့်သာ အသက်ရှည်နိုင်ပြီး AIDS ရောဂါအဖြစ်ဆုံးဖြစ်ပါတယ်။လူတိုင်းလိုလို ဖြစ်နေကြပါတယ်။မြို့နေမိန်းကလေးတွေဆိုရင်
နေ့တိုင်းလိုလို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုတွေ ခံစားနေရပါတယ်။ဒီမြို့ကို
ကုသသမ္မဂ္ဂက ၂၀၀၄ ခုနှစ်မှာ မြို့မှာဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းချုပ်ဖို့
ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမယ့် ၁၄ ရက်သာမြို့ကို ထိန်းထားနိုင်ပြီး နောက်ပိုင်းမှာ ကုလတပ်တွေ အကျအဆုံးများတဲ့ အတွက်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။အခုထက်ထိမြို့ဟာ အုပ်ချုပ်သူမဲ့နေပြီး နိုင်ငံတကာကလဲ လျစ်လျူရှုထားတဲ့မြို့ပါ။
ဥရောပတိုက်ကစွန့်စားသူတွေဟာ အဲဒီမြို့ကို စွန့်စားသွားရောက်ကြပေမယ့် ပြန်လာတဲ့ သတင်းကို ဘယ်သူမှမကြားရတော့ပါဘူး။စိတ်ဝင်စားတဲ့သူတွေအတွက် စွန့်စားသူတစ်ယောက်ရိုက်ထားဗွီဒီယို ရှိပါတယ်။ကြည့်ကြည့်ကြပါ။
http://www.youtube.com/watch?feature=player_embedded&v=8rHZByag0_0
မောင်စိုင်း
(ကနောင်)
Scientist Myanmar
ဥရောပတိုက်ကစွန့်စားသူတွေဟာ အဲဒီမြို့ကို စွန့်စားသွားရောက်ကြပေမယ့် ပြန်လာတဲ့ သတင်းကို ဘယ်သူမှမကြားရတော့ပါဘူး။စိတ်ဝင်
http://www.youtube.com/
မောင်စိုင်း
(ကနောင်)
Scientist Myanmar
No comments:
Post a Comment