Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 16, 2013

ဘောင်းဘီအိပ်ကပ်ကို ဘက်ထရီအဖြစ်ပြောင်းလဲမည့် Vodafone



 Monday, June 17, 2013

ဗြိတိန် Vodafone မှ ဖန်တီးတဲ့ နည်းပညာလို့ဆိုသတဲ့။ ဂျင်းဘောင်း ဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်း မယ်လို့ ဆိုပါ တယ်။

... ဒီအတွက် ဘက်ထရီအတုံးကြီး ထည့်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အပူကို ယင်းအိပ်ကပ်မှာ စုစေပြီး Thermo Electric အနေနဲ့ အပူကို လျှပ်စစ်အဖြစ် ပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီအတွက်
ပျော့ပြောင်းတဲ့ သတ္တုကို အသုံးပြုမှာပါ။ Android User များအတွက်ပါ။ အခြား မိုဘိုင်း OS များအတွက် မရနိုင် သေးပါဘူး။

သို့ပေမယ့် ပေါက်ပေါက်ရှာရှာ အိပ်ကပ်ကိုဘာလို့တင်ပါးမှာ လုပ်ရသလဲလို့
မေးခွန်းထုတ်ကြပါတယ်။ တင်ပါးပူအောင် ထိုင်ရသူတွေ၊ ပစ်ကနစ်ထွက်
တဲ့သူတွေ၊ နိုက်ကလပ်ကဲတဲ့ သူတွေအတွက် ပိုပြီးအဆင်ပြေစေ မတဲ့လေ။
ယခုနှစ်အတွင်း Vodafone မှ ပြသမယ့် နည်းပညာသစ် ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

No comments:

Post a Comment