CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လူသားများရဲ့ အရိုးပေါင်းတစ်သန်း ဝါရှင်တန်ဒီစီမြို့တော်ကိုရောက်ရှိ
မနေ့ကညနေပိုင်း မိုးတွေအလွန်ရွာနေတဲ့အချိန် လူ့အရိုးသေတ္တာတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်ရှေ့ရှိ ဝါရှင်တန်ပန်းခြံကြီးထဲမှာ သယ်ယူ စုပုံနေတာ သွားရောက်အားပေးခဲ့ပါတယ်။
အမေရိကန်ကျောင်းသူကျောင်းသားတွေ အနုပညာရှင်တွေ လှုပ်ရှားတက်ကြွသူတွေက လုပ်အားဒါန အဖြစ်ကူညီနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှုအရေးတွေမှာ
သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း တစ်သန်း ဝါရှင်တန်ဒီစီ မြို့တော်ကို
ရောက်ရှိလာပါတယ်။ ဒီ လူအရိုး တစ်သန်း ဟာ အစစ်တွေတော့မဟုတ်ဘူး။
အမေရိကန်ကျောင်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အနုပညာရှင်တွေ က အရိုးအတူပုံစံတွေကို စုပေါင်းပြုလုပ်ထားကြတာဖြစ်ပါတယ်။
ဒီအရိုးစုတွေကို ဝါရှင်တန်ဒီစီက အမျိုးသားပန်းခြံမှာ အခုလာမယ့် စနေ နဲ့
တနင်္ဂနွေ ( ဇွန်လ ၈ ရက် စနေနေ့ နဲ့ ဇွန်လ ၉ ရက် တနင်္ဂနွေနေ့) ၂ ရက်ကြာ
ပြသမယ်။ မနက် ၁၀ နာရီက နေ ညနေ ၂ နာရီ အထိပြသထားကြမယ်ဆိုပါတယ်။
လူမျိုးတွေကို မျိုးတုန်းအောင်သတ်ဖြတ်တာတွေကို ကာကွယ်တဲ့ လူသားဝါဒ လှုပ်ရှားမှုကြီးပြုလုပ်ပြီး လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ မြန်မာအစိုးရ အပါအဝင် ဆူဒန် ကွန်ဂို နဲ့ ဆိုမာလီယာ နိုင်ငံတွေကို ဒီလိုပြုလုပ်နေတာတွေကို အထင်အရှားဖော်ပြ ဆန့်ကျင်ကြတော့မယ်။
အရိုးစုတစ်ခုတိုင်းဟာ လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါလိမ့်မယ်။
အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မယ်။
အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သူ အာဏာပိုင်တွေ ရဲ့ ရက်စက်မှုတွေကို
ဖော်ပြတော့မယ်။ အရိုးစုတစ်ခုတိုင်းဟာ တရားမျှတမှုကို တောင်းဆိုတော့မယ်။
(ဇော်ဝင်း)
_________________________________________________________
Ref: https://www.facebook.com/media/set/?set=a.10152898732915788.1073741932.729135787&type=1
လူသားများရဲ့ အရိုးပေါင်းတစ်သန်း ဝါရှင်တန်ဒီစီမြို့တော်ကိုရောက်ရှိ
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
June 08, 2013
Rating:
5
No comments:
Post a Comment