Presented by RHC Technologies
Network အင်ဂျင်နီယာကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွန်ပြူတာ ရှိရင် Network အင်ဂျင်နီယာဆိုတာ ရှိလာရပါတယ်။ ဒီတော့ နိုင်ငံတကာမှာ Network အင်ဂျင်နီယာလို့ Roll ဘယ်လိုရှိတယ်ဆိုတာက အကျဉ်းချုပ် မျှဝေ ပါ့မယ်။
End User တွေမှာ
End User ဆိုတာ Network ပစ္စည်းများကို မဖြစ်မနေ ကိုင်တွယ် လုပ်နေရတဲ့၊ သို့မဟုတ် ဝယ်သုံးနေတဲ့ ကုမ္ပဏီများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဆိပ်ကမ်း၊ ဆေးရုံ၊ စီးပွားရေးရုံး၊ ဘဏ်တို့မှာဆိုရင် Network ပစ္စည်းများကို တပ်ဆင်ပါတယ်။ ယင်း ပစ္စည်းများကို လည်ပတ်ရန်၊ ထိန်းချုပ်ရန်အတွက် နိုင်ငံတကာမှာ Network အင်ဂျင်နီယာများကို တစ်သီးတစ်သန့် ထားပါတယ်။
Service Provider တွေမှာ
ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများ အနေနဲ့ပေါ့။ ဥပမာ - နိုင်ငံတကာမှ Telecommunication ကုမ္ပဏီများ၊ Networking Service ကုမ္ပဏီများ၊ အင်တာနက် ကွန်ရက်ချိတ်ဆက်ဖန်တီးပေးသေ
Product Supplier တွေမှာ
Cisco, Juniper, Huawei, HP အစရှိတဲ့ ကမ္ဘာကျော် Network ပစ္စည်း ထုတ်တဲ့ ကုမ္ပဏီများမှာ ဖြစ်ပါတယ်။ Service Provider များက ဝယ်မယ်၊ သို့မဟုတ် End User များက တိုက်ရိုက်ဝယ်မယ်ဆိုရင် ပစ္စည်းတွေ ရောင်း ချ ပေးရတာပါ။ ဒီအတွက် ထုတ်ကုန်တွေ ဖန်တီးမှုအတွက် Network အင်ဂျင်နီယာများ လိုအပ်ပါတယ်။
အနာဂတ် နဲ့ Network Engineer
ကွန်ပြူတာနဲ့ နည်းပညာပစ္စည်းများ ရှိနေသေးသရွေ့  Network Engineer များက လိုအပ်စမြဲပါ။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ လိုအပ်လာရာကနေ ကမ္ဘာအရှေ့ ခြမ်းနဲ့ အနောက်ခြမ်း ဆက်သွယ်လို့ရအောင် Network Engineer များက ကြိုးစားဖန်တီးပေးနေ ရတဲ့ အတွက် အနာဂတ်မှာ လိုမြဲတိုင်း လိုအပ်နေမယ့် အိုင်တီပညာရှင်နဲ့ ပညာအမျိုးအစားပဲ ဖြစ်ပါတယ်။
.
Aung Kham (TSJ team)
http://
TechSpace Journal
No comments:
Post a Comment