Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 2, 2013

၂၀၁၅ တွင် ထွက်ရှိမည့် Glickenhaus P33 စူပါပြိုင်ကား


01 June 2013  |

James Glickenhaus ဆိုတာ အမေရိကန်က ရုပ်ရှင်ဒါရိုက်တာ တစ်ဦးပါ။ ရင်းနှီးမြှုပ်နှံသူ တစ်ဦး ဖြစ်ပါတယ်။ ယခု ထုတ်တဲ့ကာနဲ့ သူက ဒီလိုဆက်စပ် ပါတယ်။

Glickenhaus က ပြိုင်ကား စုဆောင်းရ ဝါသနာ ပါသူ ဖြစ်ပြီး Ferrari အနှစ် သက်ဆုံးဖြစ်ပါတယ်။ နောက်တော့ ဝယ်စုရတာ အားမရတော့ပဲ ကိုယ်တိုင် ပါထုတ်လာပါတယ်။ အစပိုင်းက ကိုယ်စီးဖို့အတွက် ထုတ်ရင်း အများစီး လို့ရအောင် အစီးရေနည်းနည်းဆီ ထုတ်တဲ့ အဆင့် ထိတောင် ရောက် လာပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ကားကတော့ ၂၀၁၅ ခုနှစ် ဂျနီဗာ မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသမယ့် ကားဖြစ်တယ်လို့ ဆိုပါတယ်။

မြင်းကောင်ရေအား ၅၀၀ အားထုတ်လုပ်နိုင်တဲ့ အင်ဂျင်ကို အသုံးပြုပြီး အရွယ်ကလေး သေးသေးလေးပဲ ဖြစ်ပါတယ်။ Ferrari ကားတွေနဲ့တောင် ဆင်ပါတယ်။ သို့ပေမယ့် မဟုတ်ပါဘူး။ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်လုပ်တဲ့ ကားပဲ ဖြစ်ပါတယ်။ နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး အနီရောင်တောက်တောက်နဲ့ လှပနေတာကို ယခုလိုမြင်တွေ့ ရပါတယ်။
--
autoblog
ရိုးရာလေး Automobile

No comments:

Post a Comment