Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 11, 2013

Girls' Generation အဖွဲ့ ၏ ပထမဆုံးကမ္ဘာလှည့်ဖျော်ဖြေပွဲ စတင်


နာမည်ကျော် ကိုရီးယား အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Girls' Generation အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မှာ ဖျော်ဖြေပြီးတော့ စတင်ခဲ့တယ်လို့ Channel News သတင်း ဌာနမှာ ဖော်ပြထားပါတယ်။ Girls' Generation အဖွဲ့ဟွာGirls & Peace လို့ အမည်ပေးထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အတွင်းမှာ အမေရိကန်၊ ထိုင်ဝမ်နဲ့တောင်အမေရိကတိုက်ရှိ နိုင်ငံများကို သွားရောက်ဖျော်ဖြေမှာဖြစ်ပါ တယ်။ "ကမ္ဘာတစ်ဝန်းက ပရိသတ်တွေနဲ့ တွေ့ရမှာဖြစ်လို့ ကျွန်မတို့အားလုံး အရမ်း စိတ်လှုပ်ရှားနေပါတယ်" လို့ Girls' Generation အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Kim Taeyeon က တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု မှာ ပြောပါတယ်။ အဖွဲ့ဝင် ကိုးဦး ပါဝင်တဲ့ Girls' Generation အဖွဲ့ဟာ ဇွန်လ ၂၂ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် ဖက်ရှင်နဲ့ ဂီတပွဲတစ်ပွဲဖြစ်တဲ့ Asia Style Collection ၂၀၁၃ ပွဲမှာလည်း ဖျော်ဖြေဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ယနေ့ခေတ် အအောင်မြင်ဆုံး ကိုရီးယား တေးဂီတအဖွဲ့တွေထဲမှာ တစ်ဖွဲ့ အပါအဝင်ဖြစ်တဲ့ Girls' Generation အဖွဲ့ဟာ ၂၀၀၇ ခုနှစ်မှာ ဂီတလောက ထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သူတို့အဖွဲ့ရဲ့ Nobody၊ Gee နဲ့ Genie သီချင်းတွေဟာ အထူးပဲ လူကြိုက်များခဲ့ပါတယ်။

No comments:

Post a Comment