- By Good Health
ထိုအကြောင်းနှင့် ပတ်သက်၍ တွဲဖက် ဖက်ပါမောက္ခ ဒေါက်တာ ဦးကိုကိုက "ကျန်းမာရေး စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဆရာ တို့တွေ့နေရတာက အစွန်းနှစ်ဖက်ပါ။ တချို့ လူတွေက စစ်ကို မစစ်ချင် တာပါ။ တချို့ကလည်း အစစ်လွန် နေတာပါ။ စစ် လို့ ရသမျှ အကုန်စစ်မယ်။ တစ်ကိုယ် လုံးကို CT Scan ရိုက်မယ် ဆိုတာ ချည်းပဲ ဖြစ်နေကြပါတယ်။ ခေါင်းလည်း CT Scan ရိုက်မယ်၊ ဗိုက်လည်း ရိုက် မယ်.. စသဖြင့် ပြောနေကြပါတယ်။
ဆရာတို့က အရင်ဆုံး ဗိုက်ကို အာထ ရာဆောင်း ရိုက်ကြည့်ပါ၊ လိုအပ်မှ CT Scan ရိုက်တာပေါ့လို့ ပြောရင်တောင် 'မဟုတ်ဘူး၊ CT Scan ပဲ ရိုက်ချင်တယ်' ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ တကယ် တော့ CT Scan တစ်ချပ် ရိုက်လိုက် တာက ဓာတ်မှန်အချပ် ၃၀လောက် ရိုက် လိုက်တာနဲ့ ညီမျှ နေပါတယ်။ လူတွေကို ဓာတ်မှန် ၁၀ခါလောက် ရိုက်လိုက်ပါလို့ သွားပြော လိုက်တာနဲ့တင် 'မရိုက်တော့ ပါဘူး၊ ဓာတ်ရောင်ခြည် အဆိပ် သင့်မှာ စိုးပါတယ်'လို့ ပြန်ဖြေ ကြမှာပဲ။
ဒါပေမဲ့ CT Scan တစ်ချပ်ရိုက် လိုက်တာက ဓာတ်မှန် ၃၀ လောက်ရိုက် လိုက်တာနဲ့ ညီမျှတာကို မသိကြပါ ဘူး။ CT Scan ကို ဆရာဝန် မညွှန်ဘဲ ကိုယ့်ဘာသာ မကြာခဏ ရိုက်တာမျိုးလည်း တွေ့နေ ရပါတယ်"ဟု ရှင်းပြခဲ့သည်။ CT Scan ၏ ကောင်းကျိုးမှာ ပုံ ရိပ်များကို ပြတ်သား ထင်ရှားစွာ မြင်ရ သည့်အတွက် ရိုက် ရန် မဖြစ်မနေ လိုအပ် သည့် အခြေအနေ မျိုးတွင် ဆရာဝန် ညွှန် ကြားသည့်အခါ အသုံးပြုသင့်ကြောင်း သိ ရသည်။
No comments:
Post a Comment