Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 1, 2013

City : မုံရွာမြို့  အကြောင်း

မုံရွာမြို့ တောရအုတ်ကျောင်းကြီး

By Shwe Arlu in ၄။အညာဒေသချစ်မြတ်နိုးသူများ (Files)

မုံရွာမြို့  အကြောင်း .....
မုံရွာဟာ ချင်းတွင်းမြစ် အရှေ့ ဘက်ကမ်း မှာ တည်ရှိ တဲ့  မြို့  တစ်မြို့  နေချင့် စဖွယ် အညာမိုး အညာလေ အညာရေ အညာစရိုက် တို့  နဲ့  ပြည့် စုံတဲ့  အညာဒေသက မြို့  တစ်မြီု့  ပါ
မုံရွာ ရဲ့  ရာဇ၀င်က ဒီလို ဆိုပါတယ်

ဂေါတမ မြတ်စွာ ဘုရား ပွင့်တော် မမူခင် ဘီစီ ၃၅၀၀-၄၀၀၀ ခန့် က မုံပင်ကြီး အရိပ်မှာ ရသေ့ တစ်ပါး သတင်းသုံးနေစဉ် သာသနာ ထွန်းကား မည့် အရပ်တည်း လို့  ဗျာဒိတ်ထားတော် မူခဲ့  တဲ့  မုံပင် ရှိရာ အရပ်မှ မုံရွာ ဖြစ်လာတယ်လို့  ဆိုပါတယ် ( မိဂဒါဝုန်ဆရာတော် .. မုံရွာ ရာပြည့် မဂ္ဂဇင်း )

ရှေးအခါက မုန့် သည်မ တစ်ဦးကို ပဠိစက္ကဘုရင်က မိဘုရား မြှောက်တင်ခဲ့ ပါတယ် .. ဒါကို အစွဲ ပြုလို့ လဲ မုန့် သည်မရွာ ၊ မုန့် ရွာ ၊ မုံ့ ရွာ ၊ မုံရွာ ရယ်လို့  အဆင့်ဆင့် ရွေ့ လျော ခဲ တယ်လို့  လဲ ဆိုပါတယ် ၊ ( မြန်မာ့  စွယ်စုံကျမ်း ၊ အတွဲ ၉၊ စာ ၃၃၉ )

ပုဂံခေတ် ကျောက်စာမှာ မုန်ရွာ လို့  တွေ့ ရှိရပါတယ် .. သာလွန်မင်း စစ်တမ်းမှာ မုန်ရွာ လို့  ဖော်ပြပြီး ကုန်းဘောင်ခေတ်မှာ အလုံမြို့  စီရင်စု အတွင်းရှိတဲ့  ရွာ တစ်ရွာလို့  ဖော်ပြခဲ့  တာကြောင့်  အဲသည်ခေတ်က မုံရွာဟာ ရွာကြီး တစ်ရွာ အဆင့် မျှသာ ဖြစ်ခဲ့  ပြီး ယခု မုံရွာမြောက်ဘက် ၆ မိုင် အကွာမှာ ရှိတဲ့  အလုံ ဟာ မြို့  အဆင့် ဖြစ်ခဲ့  ပါတယ် ..

၁၈၈၈ ခုနှစ်မှာ ရုံးစိုက်ရာကို မုံရွာကို ပြောင်းရွှေ့ လာပြီး မြို့  အဆင့်အဖြစ် တိုးချဲ့  ဖွဲ့ စည်းခဲ့ ပါတယ် .. ဒါကြောင့် မုံရွာရဲ့  မြို့ တည် ခုနှစ်ဟာ (၁၈၈၈) ခုနှစ် ဖြစ်ပါတယ် ..

ခုဆိုရင် မုံရွာဟာ မြို့ တည် နှစ်ပေါင်း (၁၁၈) နှစ် ရှိပြီ ဖြစ်ပါတယ်..
https://www.facebook.com/groups/shweaeimsiface/doc/392394070850134/

မုံရွာမြို့ နဲ့ ပတ်သက်ပြီးစုထားတဲ့ပုံလေးတွေ့ ကြည့်မယ်ဆိုရင်တော့အောက် ကပုံလေးတွေကလစ်ပြီးကြည့်လို့ ရပါတယ်။

No comments:

Post a Comment