နေပြည်တော် ဇွန် ၁၁
ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း
မြို့နယ်ခွဲ၊ အမှတ်(၂) ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ရွှေနှုံးတိုး ပင်မ စေတီတော်
မြတ်ကြီးအား ပြန်လည် ပြုပြင်ရန် ရွှေနှုံးတိုး ကျောင်း တိုက် ဆရာတော်
ဘဒ္ဒန္တ စန်္ဒိမာ ဦးဆောင် ၍ ဂေါပက
အဖွဲ့ဝင်များ၊ အလုပ်သမား များဖြင့် ဇွန် ၈ ရက် နံနက် ပိုင်းတွင် စေတီတော်
ကြီး၏ မြောက်ဘက်မှ စ၍ မြေအောက်လိုဏ်ကျင်း တူးဖော်စဉ် အလျား ၃ ပေ၊ အနံ ၃ ပေ၊
အမြင့် ၂ ပေရှိ အရန် ဌာပနာတိုက် အတွင်း မှ သံဖြင့် သွန်းလောင်းကာ
ကြေးရည် လောင်းထားသည့် ဉာဏ်တော် ၃ လက်မခန့်ရှိ ဆင်း တုတော် ၆၅ ဆူအား တူးဖော်
တွေ့ရှိ ရသဖြင့် မူလအတိုင်း ဌာပနာသွင်း ပိတ်သိမ်းခဲ့ရာ ညနေ ၆ နာရီတွင်
ပြီး စီးခဲ့ကြောင်း သတင်း ရရှိသည်။
Myawaddy
Myawaddy
No comments:
Post a Comment