CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပြင်ဦးလွင်မှာ သမီးပြေသုဒြာနဲ့အတူ မိသားစုအတွက် အချိန်ပေး အနားယူဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်
Monday, June 10, 2013
အနုပညာအလုပ်တွေကို ခေတ္တရပ်နားလိုက်ပြီဖြစ်တဲ့ အိန္ဒြာ ကျော်ဇင်
ကခင်ပွန်းဖြစ်သူ ပြေတီဦး ဇာတ်ကားသွားရိုက်တဲ့ ပြင်ဦးလွင် မြို့ကို
ပြေသုဒြာလေးနဲ့အတူ လိုက် သွားခဲ့ပါတယ်။ သမီးလေးအတွက် အချိန်ပေးရင်း
အနားယူဖြစ်ကြောင်း ကို အိန္ဒြာကျော်ဇင်က..
”သမီးလေးနဲ့အတူ အနား လည်း ယူဖြစ်တယ်။ သွားတာလာ တာကအစ သမီးနဲ့အတူတူပဲ။
ကိုပြေတီဦးက ရှုတင်သွားတယ်။ သူပြန်ရောက် လာလို့ ရှိရင် သူတင်း
နစ်ရိုက်တာကိုလိုက်သွားဖြစ်တယ်။တင်းနစ်ရိုက်ပြီးပြန်လာရင်
ညဘက် မုန့်တွေထွက်စားကြတယ်။ ဒါမှ မဟုတ်လည်းအူဝဲတို့တည်း တဲ့ နေရာ
မှာပဲချက်စားကြတယ်။ ရန်ကုန်မှာ ဆိုရင် တခြားအလုပ်တွေ နည်းနည်း ရှုပ်တယ်။
ဒီမှာက ပိုပြီး လွတ်လပ် တယ်။ အူဝဲကလည်း သမီးနား မှာပဲ အချိန်
ပြည့်နေချင်တာဆိုတော့ ကိုယ်နေချင်သလို၊ကိုယ်ဖြစ်ချင်
သလို နေလို့ရတယ်” လို့ ပြောပြီး သမီးလေး က အခုဆိုရင်စကားတွေ လည်း တော်
တော်လေးတတ်နေပြီဖြစ်ပြီး အားလုံး ကို သင်ယူနေတဲ့ အရွယ်ဖြစ်တာ ကြောင့်
အနီးကပ်ပြုစုစောင့်ရှော က် ပေးနေရကြောင်းပြော ပါတယ်။ မိခင် တစ်ယောက်ရဲ့
တာဝန်၊အိမ်ထောင် ရှင်မ တစ်ယောက်ရဲ့ တာဝန်တွေကို ပို
ပြီးဆောင်ရွက်ဖြစ်နေပြီး ခင်ပွန်း ဖြစ်သူပြေတီဦးအ တွက် ဖက်ရှင်ပိုင်း
ကိုလည်း ပံ့ပိုးပေးဖြစ်တယ်လို့ အိန္ဒြာ ကျော်ဇင်က ပြောပါတယ်။
အိန္ဒြာကျော်ဇင်က ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အိန္ဒြာကျော်ဇင် (အူဝဲ)ဆိုတဲ့
နာမည်နဲ့ အကောင့် တစ်ခုကိုကိုယ် တိုင်ပြန်လည်အသုံး ပြုနေ ပါတယ်။
မိသားစုတွေရဲ့လှုပ် ရှားမှုပုံရိပ်တွေကို အဲဒီအကောင့် ကနေတင်ပေးနေခြင်းက
ပရိသတ် တွေရဲ့ ဆန္ဒသဘောကြောင့် ပြန်လည် အသုံြး ပုခြင်းဖြစ်ကြောင်းကို
“ပရိသတ် တွေကလည်း ပထမသုံးတုန်းက အူဝဲ တင်တဲ့ပုံတွေကို ကြည့်ရသေးတယ်
လေ။လုံးဝမသုံးတော့ဘူးဆိုတော့ သူ တို့က ပုံတွေမကြည့်ရဘူးဆိုတော့ အဆက်အသွယ်ပြတ်သွားတယ်။ ပြန်သုံးပါ။ ပုံတွေတင်ပေးပါ။ ကြည့် ချင်လို့ပါဆိုပြီးတောင်းဆိုမှုတွေ
နည်း နည်းများတယ်။ ကိုယ့်ရဲ့လှုပ်ရှားမှု တွေကို ပရိသတ်ကိုလည်းကြည့်စေ
ချင်တဲ့ ဆန္ဒနဲ့ပုံလေးတွေ တင်ပေး တာပါပဲ။ အခုကတော့ ဖေ့စ်ဘုတ်မှာ အကုန်
လုံးကို လက်ခံပေးနေတယ်။ ကိုယ် တင်တဲ့ပုံလေး တွေ သူတို့ကြည့်လို့
ရအောင်လုပ်တာ ပေါ့။အားတဲ့အခါကျ ရင်လည်းဖေ့စ်ဘုတ် မှာပရိ သတ်နဲ့ စကား
အပြန်အလှန်ပြောဖြစ် ပါတယ်”လို့ပြောပါတယ်။ ပရိသတ် တွေနဲ့တွေ့တဲ့ အခါ
ပရိသတ်တွေက အနုပညာအလုပ်တွေကို မိမိနဲ့ တွေ့တဲ့ အခါတိုင်း မှာ ပြန်
လုပ်စေချင်ကြောင်း ကို “အခုတွေ့လို့ရှိရင် လည်းတွေ့တဲ့လူတိုင်းက ပြောတယ်။
အိမ်ကိုလည်း ဖုန်းတွေ ဆက်တယ်။ လုံးဝမနားပါနဲ့လို့ ပြော ကြတယ်။အူဝဲအနုပညာ
အလုပ် တွေကိုနားတာ ခဏတစ်ဖြုတ်ပါပဲ။ အူဝဲတို့အနုပညာ သမားတွေက အနုပညာနဲ့လုံးဝ
အဆက်အသွယ် ပြတ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အခြေအနေအချိန်
အခါလေးကိုပဲ ကြည့်ပြီးတော့ ခဏ တစ်ဖြုတ်နားတာ ပါပဲ။ ဒါကို ပရိ သတ် တွေနား
လည်ပေးကြ မယ်လို့ ထင်ပါ တယ်” လို့ ပြော ပါ တယ်။
ခိုင်ဝေလွင်
Popular Journal
ပြင်ဦးလွင်မှာ သမီးပြေသုဒြာနဲ့အတူ မိသားစုအတွက် အချိန်ပေး အနားယူဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
June 10, 2013
Rating:
5
No comments:
Post a Comment